ၾကားသိသမွ်

မြင်းခြံအခြေစိုက် နှလုံးလှလူမိုက်အဖွဲ့ဝင် ငါးဦးကို ချောင်းဦး ပကဖက ဖမ်းဆီးထိန်းသိမ်းထား

MFP ၊ မေ – ၂၆

မန္တလေးတိုင်း မြင်းခြံမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ နှလုံးလှလူမိုက်ကြီးများအဖွဲ့က အဖွဲ့ဝင် (၅)ယောက်ကို စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နှလုံးလှလူမိုက်ကြီးများအဖွဲ့က အတည်ပြုပြောဆိုပါတယ်။

နှလုံးလှလူမိုက်ကြီးများအဖွဲ့ဟာ အခုအခါမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြင်းခြံခရိုင် အမှတ်(၅) တပ်ရင်းအဖြစ် ပြောင်းလဲပြီး တော်လှန်ရေးထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

အဖွဲ့ဝင်တွေဟာ ဝယ်ယူထားတဲ့ လက်နက်တွေကို သွားရောက်သယ်ယူရင်း လမ်းမှာ ထမင်းစားနေချိန် ဝိုင်းဖမ်းခံရတယ်လို့ ကြားရကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ သူတို့ပြောတာ သေနတ်ဖောက်လို့ ပြောတယ်၊ အခုထိ ရဲဘော်တွေနဲ့ တွေ့ခွင့်မရသေးဘူးဗျ “ လို့ သူက MFP ကို ပြောပါတယ်။

နှလုံးလှလူမိုက်ကြီးများ အဖွဲ့ဝင် (၅)ဦးကို ဖမ်းဆီးရတဲ့အကြောင်းက သူတို့ဟာ ချောင်းဦးမြို့နယ်ထဲက ရွာတစ်ရွာအတွင်း သက်ဆိုင်ရာ တာဝန်ခံဆီ သတင်းပေးပို့ခြင်းမရှိဘဲ ဝင်ရောက်လာပြီး ဖုန်းနဲ့ငွေတွေ ယူဆောင်သွားတာ၊ နောက်တစ်နေ့မှာ ရွာအတွင်း လက်နက်ကိုင်ပြီး ခြိမ်းခြောက်ပြောဆိုတာမျိုးတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ချောင်းဦး ပြည်သူ့ကာကွယ်ရေး တပ်မတော်သား အဖွဲ့က သူတို့ကို ထိန်းသိမ်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ခရိုင် ပကဖ၊ တိုင်း ပကဖ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့ကို သတင်းပေးပို့ပြီး အချုပ်သားဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားခြင်းသာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ချက်တွေအပေါ်ကိုတော့ နှလုံးလှလူမိုက်ကြီးများအဖွဲ့ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အင်တာနက်အခက်အခဲကြောင့် ထပ်မံ ဆက်သွယ်လို့ မရသေးပါဘူး။

ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာက နေအိမ်တစ်လုံးကို မေလ (၁၆)ရက် ည (၁၀)နာရီခန့်မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ရောက်လာပြီး နေအိမ်ထဲက ငွေကျပ်သိန်း (၇၀၀)ခန့်ကို ယူဆောင်သွားခဲ့တဲ့ဖြစ်စဉ် ရှိတယ်လို့ ချောင်းဦးဒေသထဲက လူမှုကွန်ရက်စာမျက်နှာတစ်ခုမှာ ဖော်ပြထားပါတယ်။