စစ်ကောင်စီလက်အောက်တပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် CDM တပ်သားတစ်ဦး တိုက်တွန်း
ကြည်သာ/People’s Spring
ပြည်သူ့နှင့်အတူ ပူးပေါင်းလာပြီး KNDFနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်တိုက်ခိုက်နေသည့် ပုသိမ်လေတပ်စခန်းဌာနချုပ်မှ သူနာပြုတပ်သားက စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေဆဲ တပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် တိုက်တွန်းပြောကြားလိုက်သည်။
ပုသိမ်လေတပ်စခန်းဌာနချုပ်၊ လေကြောင်းဆေးပညာဌာနမှ သူနာပြုတပ်သား မြင့်မြတ်သူရအောင်က ကရင်နီပြည်သူ့ရင်ခွင် ဖေ့စ်ဘွတ်စာမျက်နှာမှတစ်ဆင့် မေလ ၂၅ရက်တွင် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
“ကျန်နေသေးတဲ့စစ်ကောင်စီလက်အောက်မှာ ရှိနေတဲ့ ညီအစ်ကိုများ ရုန်းထွက်ရန် အခက်အခဲရှ်ိနေတာကို နားလည်ပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံးရုန်းထွက်ကြဖို့ ကျွန်တော် ပြောချင်ပါတယ်။ တော်လှန်ရေးကြီးပြီးသွားတဲ့အချိန် လိပ်ပြာသန့်သန့်နဲ့ ပြည်သူတွေဘက်ကနေ ဆက်ပြီး တာဝန်ထမ်းဆောင်ဖို့ ညီအစ်ကိုအားလုံးကို ဖိတ်ခေါ်ချင်ပါတယ်”ဟု တပ်သား မြင့်မြတ်သူရအောင်က တိုက်တွန်းထားသည်။
တပ်သား မြင့်မြတ်သူရအောင်သည် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် CDM ပြုလုပ်ခဲ့သည်။ စစ်ကောင်စီက နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားခံပြေးကြေငြာခဲ့သောကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရင်း CDM ပြုလုပ်လိုသူများအား လက်ခံစောင့်ရှောက်ပေးနေသည့် ကရင်နီပြည်သူ့ရင်ခွင်ထံသို့ ချိတ်ဆက်ကာ ကရင်နီဒေသ တော်လှန်ရေးတွင် ပါဝင်နေသည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေဆဲ တပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် တိုက်တွန်းသည့် ရုပ်သံဖိုင်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ယူနီဖောင်းဝတ်ဆုံကို တပ်သား မြင့်မြတ်သူရအောင်က ဝတ်ဆင်ထားသည်။
ပြီးခဲ့သည့် မေလ ၂၁ရက်ကလည်း စစ်ကောင်စီတပ်၏ တပ်မ(၆၆)လက်အောင်ခံ တပ်ရင်းတစ်ခုမှ တပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလာပြီး ကရင်နီပြည်သူ့ရင်ခွင်ထံ ဆက်သွယ်ကာ CDMပြုလုပ်ခဲ့သည်။
CDM ပြုလုပ်လိုသူများအနေဖြင့် ကရင်နီပြည်သူ့ရင်ခွင် ဖုန်းနံပတ် ၀၉-၇၇၇၂၄၆၇၉၀သို့ ဆက်သွယ်နိိုင်ပါသည်။ ပြည်သူနှင့် ပူးပေါင်းမည့် ပြည်သူ့သူရဲကောင်းများကို အစဥ်အမြဲ နွေးထွေးစွာ ကြိုဆိုနေမည်ဟု ကရင်နီပြည်သူ့ရင်ခွင်က ထုတ်ပြန်ထားသည်။
စစ္ေကာင္စီလက္ေအာက္တပ္ဖြဲ႕ဝင္မ်ား ျပည္သူ႔ရင္ခြင္ခိုလႈံၾကရန္ CDM တပ္သားတစ္ဦး တိုက္တြန္း
ၾကည္သာ/People’s Spring
ျပည္သူ႔ႏွင့္အတူ ပူးေပါင္းလာၿပီး KNDFႏွင့္အတူ စစ္အာဏာရွင္ဆန္႔က်င္တိုက္ခိုက္ေနသည့္ ပုသိမ္ေလတပ္စခန္းဌာနခ်ဳပ္မွ သူနာျပဳတပ္သားက စစ္ေကာင္စီလက္ေအာက္တြင္ တာဝန္ထမ္းေဆာင္ေနဆဲ တပ္ဖြဲ႕ဝင္မ်ား ျပည္သူ႔ရင္ခြင္ခိုလႈံၾကရန္ တိုက္တြန္းေျပာၾကားလိုက္သည္။
ပုသိမ္ေလတပ္စခန္းဌာနခ်ဳပ္၊ ေလေၾကာင္းေဆးပညာဌာနမွ သူနာျပဳတပ္သား ျမင့္ျမတ္သူရေအာင္က ကရင္နီျပည္သူ႔ရင္ခြင္ ေဖ့စ္ဘြတ္စာမ်က္ႏွာမွတစ္ဆင့္ ေမလ ၂၅ရက္တြင္ တိုက္တြန္းလိုက္ျခင္းျဖစ္သည္။
“က်န္ေနေသးတဲ့စစ္ေကာင္စီလက္ေအာက္မွာ ရွိေနတဲ့ ညီအစ္ကိုမ်ား ႐ုန္းထြက္ရန္ အခက္အခဲရွ္ိေနတာကို နားလည္ပါတယ္။ ဒါေပမယ့္ အတတ္နိုင္ဆုံး႐ုန္းထြက္ၾကဖို႔ ကၽြန္ေတာ္ ေျပာခ်င္ပါတယ္။ ေတာ္လွန္ေရးႀကီးၿပီးသြားတဲ့အခ်ိန္ လိပ္ျပာသန္႔သန္႔နဲ႔ ျပည္သူေတြဘက္ကေန ဆက္ၿပီး တာဝန္ထမ္းေဆာင္ဖို႔ ညီအစ္ကိုအားလုံးကို ဖိတ္ေခၚခ်င္ပါတယ္”ဟု တပ္သား ျမင့္ျမတ္သူရေအာင္က တိုက္တြန္းထားသည္။
တပ္သား ျမင့္ျမတ္သူရေအာင္သည္ စစ္တပ္က နိုင္ငံေတာ္အာဏာသိမ္းၿပီးေနာက္ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလတြင္ CDM ျပဳလုပ္ခဲ့သည္။ စစ္ေကာင္စီက နိုင္ငံေတာ္သစၥာေဖာက္မႈျဖင့္ တရားခံေျပးေၾကျငာခဲ့ေသာေၾကာင့္ ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ရင္း CDM ျပဳလုပ္လိုသူမ်ားအား လက္ခံေစာင့္ေရွာက္ေပးေနသည့္ ကရင္နီျပည္သူ႔ရင္ခြင္ထံသို႔ ခ်ိတ္ဆက္ကာ ကရင္နီေဒသ ေတာ္လွန္ေရးတြင္ ပါဝင္ေနသည္။
စစ္ေကာင္စီလက္ေအာက္တြင္ တာဝန္ထမ္းေဆာင္ေနဆဲ တပ္ဖြဲ႕ဝင္မ်ား ျပည္သူ႔ရင္ခြင္ခိုလႈံၾကရန္ တိုက္တြန္းသည့္ ႐ုပ္သံဖိုင္တြင္ ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္(KNDF) ယူနီေဖာင္းဝတ္ဆုံကို တပ္သား ျမင့္ျမတ္သူရေအာင္က ဝတ္ဆင္ထားသည္။
ၿပီးခဲ့သည့္ ေမလ ၂၁ရက္ကလည္း စစ္ေကာင္စီတပ္၏ တပ္မ(၆၆)လက္ေအာင္ခံ တပ္ရင္းတစ္ခုမွ တပ္သားတစ္ဦးသည္ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ထြက္ေျပးလာၿပီး ကရင္နီျပည္သူ႔ရင္ခြင္ထံ ဆက္သြယ္ကာ CDMျပဳလုပ္ခဲ့သည္။
CDM ျပဳလုပ္လိုသူမ်ားအေနျဖင့္ ကရင္နီျပည္သူ႔ရင္ခြင္ ဖုန္းနံပတ္ ၀၉-၇၇၇၂၄၆၇၉၀သို႔ ဆက္သြယ္နိိုင္ပါသည္။ ျပည္သူႏွင့္ ပူးေပါင္းမည့္ ျပည္သူ႔သူရဲေကာင္းမ်ားကို အစဥ္အျမဲ ေႏြးေထြးစြာ ႀကိဳဆိုေနမည္ဟု ကရင္နီျပည္သူ႔ရင္ခြင္က ထုတ္ျပန္ထားသည္။