အကျဥ်းသား ၂၄ ဦးအား ခံဝန်ဖြင့် KSCC လွတ်ငြိမ်းခွင့်ပေး၊ စစ်ကောင်စီအဖွဲ့များ မပါ
မဲခေါင်၊ မေ ၂၆
ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ဖမ်းဆီးထားသည့် အကျဥ်းသား ၂၄ ဦးအား နိုင်ငံတကာအဖွဲ့များ၏ တောင်းဆိုမှု၊ လူသားချင်းစာနာနားလည်မှုနှင့် အကျဥ်းသားများ၏ ခံဝန်ကတိများကြောင့် လွတ်ငြိမ်းခွင့်ပြုခဲ့သည်ဟု ကြေညာသည်။
လွတ်ငြိမ်းခွင့်ပြုခဲ့သည့် ၂၄ ဦးတွင် တရုတ်နိုင်ငံသား ၄ ဦးပါဝင်ပြီး စစ်ကောင်စီ၏ ဒလန်၊ ရဲ၊ ထောက်လှမ်းရေးတပ်များမှ ဖမ်းခံထားရသူများအား ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားမည်ဟု ထုတ်ပြန်သည်။
ကရင်နီပြည်နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် အကျဥ်းသား ၁၂၆ ဦးထိရှိပြီး ၂၄ ဦးအား ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
KSCC အား ကရင်နီပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့များ၊ တတ်သိပညာရှင်များဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီတွင် ဖွဲ့စည်းခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးမှ ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) သည် KSCC ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် ရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။