ချောင်းဦး-မြင်းမူ ကားလမ်းပိုင်းတွင် စစ်ကောင်စီ၏ သံချပ်ကာယာဉ် ၂စီး မိုင်းခွဲခံရ
စစ်ကိုင်းတိုင်း၊ ချောင်းဦး-မြင်းမူ ကားလမ်းပိုင်း၌ အာဏာသိမ်းစစ်ကောင်စီတပ်သားများ စီးနင်းလာသည့် သံချပ်ကာယာဉ်(၂)စီးပါ
စစ်ကြောင်းကို ယနေ့မေလ(၂၆) ရက်နေ့၊ နံနက်(၈)နာရီဝန်းကျင်က မိုင်းခွဲတိုက်ခိုက်ခဲ့ Black Eagle Defence Force-MMU က သတင်း
ထုတ်ပြန်သည်။
အဆိုပါ ယာဉ်နှစ်စီးပါစစ်ကြောင်းကို Farmers Revolution Force FRF (CHU) တပ်ရင်းမှ ဦးဆောင်၍ Black Eagle Defence Force-
MMU၊ Chaung U Revolution Army (CRA)နှင့် Zarmini MMU တို့က ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ
တပ်သား အများအပြားသေကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၂၉)ဦး သေသည်ဟု သတင်းထုတ်ပြန်ထားသော်လည်း Tachileik News Agency
အနေဖြင့် အတည်မပြုနိုင်သေးပေ။crd-Tachileik News Agency