ၾကားသိသမွ်

စစ်တပ်က ပြည်သူလူထုကို သ-တ် ဖြ တ်နေတာကို နှုတ်ဆိတ်မနေပဲ တားမြစ်ပေးဖို့ ဓမ္မဒူတ မောင်မယ်များအရှင်ဆေကိန္ဒကို တောင်းဆို

စစ်တပ်က ပြည်သူလူထုကို သတ်ဖြတ်နေတာကို နှုတ်ဆိတ်မနေပဲ တားမြစ်ပေးဖို့ ဓမ္မဒူတ မောင်မယ်များအရှင်ဆေကိန္ဒကို တောင်းဆို

မန္တလေး – မေ(၂၅)

ဓမ္မဒူတအရှင် ဒေါက်တာ ဆေကိန္ဒအနေနဲ့ စစ်တပ်က ပြည်သူလူထုကို သတ်ဖြတ်နေတာနဲ့ ပတ်သက်ပြီး နှုတ်ဆိပ်မနေတော့ပဲ တားမြစ်ကယ်တင်ပေးဖို့ မြန်မာနိုင်ငံ ဒေသအသီးသီးက ဓမ္မဒူတ မောင်မယ်များအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မင်္ဂလသုတ်ပါအတိုင်းတပည့်တွေကို မကောင်းသူနဲ့ မပေါင်းဖို့ ဆုံးမထားပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သွေးစွန်းနေတဲ့ လက်နဲ့ တင်လှူတဲ့ ထီးတော်တင်ပွဲကို သွားရောက်ထားတာရှိတယ်လို့ ဓမ္မဒူတ မောင်မယ်တွေရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

“လူငယ်တွေက ဘာသာရေးခေါင်းဆောင်တွေအပေါ်ကို မေးခွန်းထုတ်လာကြပြီ အခုမှထုတ်လာ တဲ့သဘောတော့မဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးကာလကလည်း (၁) နှစ်ကျော်ကြာလာခဲ့ တဲ့အတိုင်းအတာရှိလာပြီ နွေဦးတော်လှန်ရေးမှာ သံဃာတွေရဲ့ ပူးပေါင်းပါဝင်တဲ့ အခန်းကဏ္ဍက နည်းခဲ့လို့ လူငယ်တွေက မေးခွန်းထုတ်လာတာဖြစ်တယ်။ အရင်တုန်းက သာဓကတွေရှိခဲ့တယ် တပည့်မိုက်ကိုဆုံးမသော ဆရာတဲ့ အခုတော့ ပြောင်းပြန်တွေဖြစ်ကုန်ပြီ ဆရာကို တပည့်တွေက ပြန်ဆုံးမတဲ့ ပုံစံမျိုးတွေဖြစ်လာတာဟာ သမိုင်းကြောင်းအရမလှဘူး” လို့ မန္တလေးသံဃာသမဂ္ဂ က အရှင်ဦးယောက သံလွင်တိုင်းမ် ကို မိန့်ကြားပါတယ်။

စစ်တပ်က အာဏာသိမ်းချိန်ကစပြီး မြန်မာ့နွေဦးတော်လှန်ရေးကို လူငယ်တွေက ဦးဆောင်ပြု လုပ်နေတာဖြစ်ပြီး လူကြီးတွေနဲ့ ရဟန်းသံဃာတော်တွေရဲ့ ပါဝင်မှုဟာ နည်းပါးလွန်းတယ်လို့ မိန့်ကြားပါသေးတယ်။

“ ဓမ္မဒူတ ဦးဆေကိန္ဒတကယ်တော့ လူလည် အခုမှမဟုတ်ဘူး အရင့်အရင်ကတည်းက စစ်ဗိုလ် ချုပ်တွေနဲ့ ပေါင်းစားနေကြပဲ ဓမ္မဒူတ မောင်မယ်တွေရဲ့ ထုတ်ပြန်တဲ့စာအပေါ်မှာ ဦးဇင်းက ကြိုဆိုပါတယ်။ ဒါပေမယ့် ဓမ္မဒူတ ဦးဆေကိန္ဒအနေနဲ့ ပြောင်းလဲလာမယ်လို့ ဦးဇင်း မမြင်ပါဘူး။ နကိုအတိုင်းပဲ စစ်အာဏာရူးတွေနဲ့ အတူရှိနေမယ့် အတန်းအစားမျိုးပဲဖြစ်နေမှာ” လို့ မစိုးရိမ်တိုက်သစ် ဓမ္မမေတ္တာ ဆရာတော်က သံလွင်တိုင်းမ် ကိုမိန့်ကြားပါတယ်။

ဒါ့အပြင် ဓမ္မဒူတ မောင်မယ်တွေဟာ အရှင်သာရိပုတ္တရာ၊အရှင်မဟာမောဂ္ဂလာန်တို့ နှလုံးမူတဲ့ သဘောဖြစ်ပြီး ဆရာဟောင်း မကောင်းတာ တွန့်ဆုတ်မနေကြပဲ ဆရာသစ် ဘုရားရှင်ဆီ ဘက်ပြောင်းလာတဲ့ ပုံစံမျိုးဖြစ်တယ်လို့ ဓမ္မမေတ္တာ ဆရာတော်က မိန့်ကြားပါသေးတယ်။

အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် မန္တလေး ဆည်ကျိုးချိန်မှာ ပြည်သူတွေကို စိုးရိမ်စိတ်နဲ့ စေတနာ မေတ္တာရှေ့ထားပြီး ညအချိန်ကြီ အကူအညီပေးခဲ့သလို စစ်တပ်က ပြည်သူလူထုကို သတ်ဖြတ်နေတာကိုလည်း တားမြစ်ကယ်တင်ပေးဖို့ ဓမ္မဒူတ မောင်မယ်များအဖွဲ့က တောင်းဆို ထားပါတယ်။ သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Internet