ၾကားသိသမွ်

အမျိုးသားညီညွတ်ရေးအစိုးရက ငွေကြေးဆိုင်ရာဝန်ဆောင်မှုအဖြစ် NUG Pay ကို သုံးစွဲမည်

မေ ၂၅ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရက ငွေကြေးဆိုင်ရာဝန်ဆောင်မှုအဖြစ်နဲ့ NUG Pay ကို လာမယ့် ဇွန်လအတွင်းမှ စတင် သုံးစွဲနိုင်ရေးအတွက် လုပ်ဆောင်နေပြီဖြစ်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ပြောကြားလိုက်ပါတယ်။

ငွေကြေးဆိုင်ရာဝန်ဆောင်မှုအဖြစ်နဲ့ အသုံးပြုမယ့် NUG Pay အပ်ပလီကေးရှင်းကို ပြည်သူတွေသုံးစွဲမှု လွယ်ကူစေရေး အတွက် လုပ်ဆောင်သွားမှာဖြစ်သလို ဒီအပ်ပလီကေးရှင်းကို နိုဝင်ဘာလကတည်းက လူငယ်နည်းပညာရှင်တွေနဲ့ လုပ် ဆောင်ထားတာဖြစ်တယ်လို့လည်း ပြောထားပါတယ်။

အသုံးပြုဖို့အတွက်လည်း Andriod ဖုန်းအမျိုးအစားအပြင် IOS ‌ဗားရှင်းနဲ့ အသုံးပြုနိုင်အောင်စီစဉ်နေတယ်ဆိုပြီးတော့ လည်း ပြောကြားထားတာ တွေ့ရပါတယ်။

NUG Pay အပ်ပလီကေးရှင်းကို အသုံးပြုမယ်ဆိုရင် NUG Pay ဝ န်ဆောင်မှုအေးဂျင့် (ကိုယ်စားလှယ်) တွေကတစ်ဆင့် ကုဒ်နံပါတ်ကို မြန်မာငွေကျပ် ၁ သောင်းနဲ့ စတင်ဝယ်ယူသုံးစွဲရမှာဖြစ်ပြီးတော့ သုံးစွဲခွင့်ရတဲ့အချိန်မှာ နွေဦးထီ၊ ငွေတိုက် စာချုပ် အစရှိတဲ့ ထောက်ပံ့ရေးအစီအစဉ်တွေကို သုံးစွဲနိုင်မှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒါအပြင် NUG Pay သုံးစွဲသူ အချင်းချင်းကြားမှာလည်း ငွေလွှဲတာ၊ ကုန်စည်ဝယ်ယူသုံးစွဲတာတွေကို ပြုလုပ်သွားနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာကျပ်ငွေတစ်မျိုးတည်းသာ သုံးစွဲနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံခြားငွေလွှဲငွေထုတ်တွေ အတွက်ပါ အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီးက ပြောကြားထားပါတယ်။ PVTV