မကွေးတိုင်းအတွင်းက စစ်ဘေးရှောင်များ ဆန်မလောက် ၍ ဖွတ်စာဥများ စားသုံးနေရ
ဧရာဝတီ၊ မေ ၂၅၊ ၂၀၂၂
စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုး၍ နေ့စဉ်ရက် ဆက် မီးရှို့ဖျက်ဆီးခံရသည့် မကွေးတိုင်း၊ ဆိတ်ဖြူ၊ ဆော၊ ပေါက် အစရှိသည့် မြို့နယ်များရှိ ကျေးရွာများမှ စစ်ရှောင်ပြည်သူများမှာ စားနပ်ရိက္ခာ မလုံလောက်တော့ ၍ ဖွတ်စာဥ (ကြွေးဥ- Potato Yam) ဆိုသည့် သစ်ဥ တမျိုးကို စားသုံးနေကြရကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် အဆိုပါ ဒေသများ၌ လွန်ခဲ့သည့် ၃ လ ဝန်းကျင်အချိန်ကစ၍ စစ်ကောင်စီ၏ မီးရှို့မှုများနှင့် ဖမ်းဆီးမှုကြောင့် ဒေသခံများ ထွက်ပြေး တိမ်း ရှောင်နေကြရလျက် ရှိသည်။
အဆိုပါ ဒေသများ၌ စားနပ်ရိက္ခာနှင့် ဆေးဝါး သယ်ယူမှုကိုပါ ကန့်သတ်ခြင်းခံထားရသဖြင့် အညာဒေသ စစ်ရှောင်များသည် ဆန်မလုံလောက်သည့် အခက်အခဲကိုလည်း ရင်ဆိုင်နေကြရပြီး ယခုအခါ အဆိပ်သင့် ကြွေးဥ (Potato Yam) ကို စားနေကြရကြောင်း ဒေသခံများက ဆိုကြသည်။
ကြွေးဥ ကို အညာဒေသတွင် ဖွတ်စာဥ ဟု ခေါ်ကြပြီး တောတောင်တွေမှာ သဘောဝအလျှောက်ပေါက်သည့် အပင် တမျိုး၏ သစ်ဥ ဖြစ်သည်။ အစာအဆိပ်သင့်နိုင်သော သစ်ဥ အမျိုးအစားလည်း ဖြစ်သည်။
ထို ကြွေးဥကို စားသုံးမည်ဆိုပါက ဓားဖြင့် ပါးပါးလှီး၊ ခြေဖြင့်နင်းပြီးနောက် အမြှုပ်များအား ကုန်စင်ရန် ရေ ဆေး/ စိမ်ကာ အခြောက်လှမ်းထားပြီး စားချင်သည့် အချိန်တွင် ပြုတ်စားခြင်းနှင့် ပေါင်းစားခြင်း နည်းဖြင့် ထမင်းအစား စားသုံးကြ ကြောင်း သိရသည်။
ယခုချိန်တွင် စစ်ရှောင်နေရသည့်ကာလမှာ ၃ လ နီးပါးကြာလာပြီဖြစ်သည့်အတွက် စားနပ်ရိက္ခာ လိုအပ်ချက် လည်း ရှိလာပြီဖြစ်ကာ စစ်ရှောင်ဦးရေလည်း ရာနှင့်ချီ ရှိသည့်အတွက် ဆန်ပြတ်လပ်မှုနှင့်လည်း ရင်ဆိုင်နေကြရ သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ၂၀၂၂ ဧပြီလ ၃၀ ရက်အထိ မကွေးတိုင်းအတွင်း စစ်ကောင်စီ မီးရှို့ဖျက် ဆီးခဲ့သည့် အိမ်ခြေပေါင်း ၂ ထောင်ကျော်ရှိပြီ ဖြစ် ကြောင်း Data For Myanmar က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
ပုံစာ- မကွေးတိုင်း ဆိတ်ဖြူနှင့် ပေါက်မြို့နယ်အတွင်းက စစ်ရှောင်များ (ဓာတ်ပုံ – ကိုတေဇ)