ၾကားသိသမွ်

အားလုံးအတွက်အရေးကြီးသည့် မိုးရာသီ “မိုးရာသီရဲ့ တော်လှန်ရေးအပေါ်အကျိုးသက်ရောက်မှု”

အားလုံးအတွက်အရေးကြီးသည့် မိုးရာသီ

မိုးရာသီဟာ ဒီမေလကုန် ဇွန်လဆန်း ရှေ့အပတ်ဆို တစ်နိုင်ငံလုံးမှာ စမှာပါ။ မိုးရာသီကနေ ကောင်းတာရော မကောင်းတာပါ သယ်ဆောင်လာနိုင်ပါတယ်။ ယခင်ထဲက မိုးရာသီရဲ့ တော်လှန်ရေးအပေါ်အကျိုးသက်ရောက်မှုကို ရေးခဲ့ပေမယ့် ယခုအသေးစိတ်ထပ်ရေးပါ့မယ်။

စစ်ရေး
မိုးရာသီမှာ တော်လှန်ရေးအဖွဲ့တွေအတွက် စိန်ခေါ်မှုက မိုးရွာလို့ နားခိုစရာနေရာနဲ့ ရိက္ခာပါ။ ဒီစိန်ခေါ်ချက်က ရွာအချို့မီးရှို့ခံထားရလို့ ပိုဆိုးနိုင်လာပါတယ်။

အားသာချက်ကတော့ မအလတပ်က လေတပ်ကိုအားကိုးလို့ ယခင်ကလို အလွယ်တကူမရနိုင်တာပါ။ ဥပမာ မိုးကြီးတဲ့နေ့မှာ စစ်စခန်းကို ဗျူဟာကျကျ အလုံးအရင်းနဲ့ ဝင်တိုက်ခဲ့ရင် သူ့အနေနဲ့ လက်နက်ကြီးပစ်ကူသာ အများဆုံးပေးနိုင်မှာပါ။ သူကလဲ ပြင်ဆင်ထားပါတယ်။ ဒါကြောင့်တိုက်ရာမှာ တစ်ဖွဲ့ကောင်းလုပ်တာမဟုတ်ဘဲ ပုလဲကတိုက်ရင် ယင်းမာပင်ကလဲ တစ်ချိန်ထဲ တစ်ပြိုက်နက်ထဲတိုက်မှသာ ရမှာပါ။

စစ်တပ်ထောက်ပို့လမ်းကြောင်းက ယခုထက်မိုးရာသီမှာ ပိုခက်မှာဖြစ်သလို PDF တွေလဲ ခက်မှာပါ။ ဒါပေမယ့် ဒီပေးထားချက်ကို မိမိအားသာချက်ဖြစ်အောင် ပြောင်းထားရပါမယ်။ NUG အနေနဲ့ လက်နက်တောင်းတဲ့အဖွဲ့တိုင်းကို လိုင်းပေါ်မှာ ပေါ်ပြူလာဖြစ်တိုင်းပေးနိုင်မှာ မဟုတ်ပါ။ ဒါပေမယ့် တပ်တွေအားလုံး မိမိအမိန့်နာခံတဲ့ မိမိရဲ့ ပအဖအဖွဲ့အောက်မှာ အမိန့်နာခံတဲ့ အဖွဲ့တွေကိုတော့ လက်နက်ထောက်ပံ့ထားရမှာပါ။ ဒီအကြောင်းနောက်မှရေးပါ့မယ်။ ယမ်းတွေစုထားရပါမယ်။ ယမ်းအားကောင်းမှသာ နိုင်မှာပါ။

မိုးရာသီမှာ ထောက်ပို့က ဧရာဝတီနဲ့ ချင်းတွင်းကို မအလတပ်က အဓိကထားပြီးသုံးဖို့ ပြင်ဆင်ထားပါတယ်။ တော်လှန်ရေးသမားတွေကလဲ မြစ်ထဲမှာ မုန့်ဟင်းခါးကျွေးလို့ရတဲ့နည်းကို ရှာထားရပါမယ်။ KIA အနေနဲ့ RPG လောက် PDF ကို ထောက်ပံ့ထားရင်တောင် မိမိတို့အတွက် အကျိုးများလာနိုင်ပါတယ်။

ထို့အတူပါဘဲ မိုးရာသီဟာ စစ်ဘေးရှောင်တွေအတွက် အဓိကပြဿနာပါ။ ဥရောပ၊ အမေရိကန်နဲ့ တရုတ်တို့ဟာ ရိုဟင်ဂျာစခန်းနဲ့ ပြည်ပက ဒုက္ခသည်စခန်းများကို ဒေါ်လာသန်းချီထောက်ပံ့ပေမယ့် ပြည်တွင်းမှာက မအလသဘောမတူတာနဲ့ သူတို့က မအလကိုကျော်ပြီး မထောက်ပံ့လိုတာကြောင့် စစ်ကိုင်းနဲ့ မကွေးမြောက်ဟာ အခြားဒေသတွေထက် ရေတိုမှာ ဒုက္ခပိုများပါမယ်။ ရေရှည်မှာတော့ အဆင်ပြေမှာပါ။ နယ်စပ်ကတော့ အနောက်အုပ်စုက နယ်စပ်ကနေ ထောက်ပံ့လိုရင် အဆင်ပြေနိုင်ပါတယ်။ ပြည်သူများက စစ်ကိုင်း၊ မကွေးကသွေးချင်းတွေကို ဘယ်လိုကူမလဲ စဉ်းစားပေးထားပါ။ အထူးသဖြင့် နိုင်ငံခြားရောက် မြန်မာများပါ။ NUG လူကယ်ပြန်ကနေ ထိုဒေသတွေအတွက် သီးသန့်လှူဖို့ပါ။

ဒါဆိုရင် တိုက်ပွဲအခြေအနေက ဘယ်လိုလဲ။ ယခုဟာက အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေပိတ်ထားလို့ သတင်းက ချက်ချင်း မသိသူများ ရှိနိုင်ပါတယ်။ ယခင်ထဲက ဒါဖြစ်မယ်ဆိုတာကြိုသိလို့ ဂြိုလ်တုဖုန်းကို မိမိတပ်တွေနဲ့ ဆက်သွယ်ဖို့ပြင်ထားဖို့ အကြံပြုထားပြီးသားပါ။ မနေ့ကညအထိ မုံရွာ၊ စစ်ကိုင်းနဲ့ မန္တလေးက စစ်မြေပြင်စစ်ဆေးရုံကို တိုက်ပွဲက ဒဏ်ရာရသူ အယောက် ၉၀ ကျော်ရောက်လာပါတယ်။ ဒါက သေသူမပါပါ။ သေသူက ဆေးရုံကို အလောင်းမယူလာတာများပါတယ်။ ဗိုလ်မှုးတစ်ယောက်အလောင်းသာ ပါလာပါတယ်။ ဒါက တိုက်ပွဲတွေဘယ်လောက်ပြင်းထန်နေလဲဆိုတာကို ပြနေပါတယ်။ ကချင်၊ ချင်းနဲ့ ပခုက္ကူဒေသက ဒဏ်ရာရသူ၊ သေသူ မပါသေးပါ။

အကျဉ်းချုပ်ရရင် တိုက်ပွဲတွေက ရှေ့လျှောက်ပိုပြင်းထန်လာမှာပါ။ မအလက ရွာမီးရှို့တာက မိုးရွာသီအချို့ရက်မှာ ခက်နိုင်ပါတယ်။ ဒါကြောင့်လဲ ကြိုရှို့ထားတာပါ။ မိမိတို့ရဲ့ အားသာချက်၊ အားနည်းချက်များကို လေ့လာပြီး ကြိုတင်ပြင်ဆင်ထားနိုင်ကြပါစေ။ PDF တွေက နိုင်မှဖြစ်မှာပါ။ Myat Tun Oo

အားလုံးအတြက္အေရးႀကီးသည့္ မိုးရာသီ

မိုးရာသီဟာ ဒီေမလကုန္ ဇြန္လဆန္း ေရွ႕အပတ္ဆို တစ္နိုင္ငံလုံးမွာ စမွာပါ။ မိုးရာသီကေန ေကာင္းတာေရာ မေကာင္းတာပါ သယ္ေဆာင္လာနိုင္ပါတယ္။ ယခင္ထဲက မိုးရာသီရဲ့ ေတာ္လွန္ေရးအေပၚအက်ိဳးသက္ေရာက္မႈကို ေရးခဲ့ေပမယ့္ ယခုအေသးစိတ္ထပ္ေရးပါ့မယ္။

စစ္ေရး
မိုးရာသီမွာ ေတာ္လွန္ေရးအဖြဲ႕ေတြအတြက္ စိန္ေခၚမႈက မိုးရြာလို႔ နားခိုစရာေနရာနဲ႔ ရိကၡာပါ။ ဒီစိန္ေခၚခ်က္က ရြာအခ်ိဳ႕မီးရွို႔ခံထားရလို႔ ပိုဆိုးနိုင္လာပါတယ္။

အားသာခ်က္ကေတာ့ မအလတပ္က ေလတပ္ကိုအားကိုးလို႔ ယခင္ကလို အလြယ္တကူမရနိုင္တာပါ။ ဥပမာ မိုးႀကီးတဲ့ေန႔မွာ စစ္စခန္းကို ဗ်ဴဟာက်က် အလုံးအရင္းနဲ႔ ဝင္တိုက္ခဲ့ရင္ သူ႔အေနနဲ႔ လက္နက္ႀကီးပစ္ကူသာ အမ်ားဆုံးေပးနိုင္မွာပါ။ သူကလဲ ျပင္ဆင္ထားပါတယ္။ ဒါေၾကာင့္တိုက္ရာမွာ တစ္ဖြဲ႕ေကာင္းလုပ္တာမဟုတ္ဘဲ ပုလဲကတိုက္ရင္ ယင္းမာပင္ကလဲ တစ္ခ်ိန္ထဲ တစ္ၿပိဳက္နက္ထဲတိုက္မွသာ ရမွာပါ။ စစ္တပ္ေထာက္ပို႔လမ္းေၾကာင္းက ယခုထက္မိုးရာသီမွာ ပိုခက္မွာျဖစ္သလို PDF ေတြလဲ ခက္မွာပါ။ ဒါေပမယ့္ ဒီေပးထားခ်က္ကို မိမိအားသာခ်က္ျဖစ္ေအာင္ ေျပာင္းထားရပါမယ္။ NUG အေနနဲ႔ လက္နက္ေတာင္းတဲ့အဖြဲ႕တိုင္းကို လိုင္းေပၚမွာ ေပၚျပဴလာျဖစ္တိုင္းေပးနိုင္မွာ မဟုတ္ပါ။ ဒါေပမယ့္ တပ္ေတြအားလုံး မိမိအမိန္႔နာခံတဲ့ မိမိရဲ့ ပအဖအဖြဲ႕ေအာက္မွာ အမိန္႔နာခံတဲ့ အဖြဲ႕ေတြကိုေတာ့ လက္နက္ေထာက္ပံ့ထားရမွာပါ။ ဒီအေၾကာင္းေနာက္မွေရးပါ့မယ္။ ယမ္းေတြစုထားရပါမယ္။ ယမ္းအားေကာင္းမွသာ နိုင္မွာပါ။

မိုးရာသီမွာ ေထာက္ပို႔က ဧရာဝတီနဲ႔ ခ်င္းတြင္းကို မအလတပ္က အဓိကထားၿပီးသုံးဖို႔ ျပင္ဆင္ထားပါတယ္။ ေတာ္လွန္ေရးသမားေတြကလဲ ျမစ္ထဲမွာ မုန္႔ဟင္းခါးေကၽြးလို႔ရတဲ့နည္းကို ရွာထားရပါမယ္။ KIA အေနနဲ႔ RPG ေလာက္ PDF ကို ေထာက္ပံ့ထားရင္ေတာင္ မိမိတို႔အတြက္ အက်ိဳးမ်ားလာနိုင္ပါတယ္။

ထို႔အတူပါဘဲ မိုးရာသီဟာ စစ္ေဘးေရွာင္ေတြအတြက္ အဓိကျပႆနာပါ။ ဥေရာပ၊ အေမရိကန္နဲ႔ တ႐ုတ္တို႔ဟာ ရိုဟင္ဂ်ာစခန္းနဲ႔ ျပည္ပက ဒုကၡသည္စခန္းမ်ားကို ေဒၚလာသန္းခ်ီေထာက္ပံ့ေပမယ့္ ျပည္တြင္းမွာက မအလသေဘာမတူတာနဲ႔ သူတို႔က မအလကိုေက်ာ္ၿပီး မေထာက္ပံ့လိုတာေၾကာင့္ စစ္ကိုင္းနဲ႔ မေကြးေျမာက္ဟာ အျခားေဒသေတြထက္ ေရတိုမွာ ဒုကၡပိုမ်ားပါမယ္။ ေရရွည္မွာေတာ့ အဆင္ေျပမွာပါ။ နယ္စပ္ကေတာ့ အေနာက္အုပ္စုက နယ္စပ္ကေန ေထာက္ပံ့လိုရင္ အဆင္ေျပနိုင္ပါတယ္။ ျပည္သူမ်ားက စစ္ကိုင္း၊ မေကြးကေသြးခ်င္းေတြကို ဘယ္လိုကူမလဲ စဥ္းစားေပးထားပါ။ အထူးသျဖင့္ နိုင္ငံျခားေရာက္ ျမန္မာမ်ားပါ။ NUG လူကယ္ျပန္ကေန ထိုေဒသေတြအတြက္ သီးသန္႔လႉဖို႔ပါ။

ဒါဆိုရင္ တိုက္ပြဲအေျခအေနက ဘယ္လိုလဲ။ ယခုဟာက အင္တာနက္လိုင္း၊ ဖုန္းလိုင္းေတြပိတ္ထားလို႔ သတင္းက ခ်က္ခ်င္း မသိသူမ်ား ရွိနိုင္ပါတယ္။ ယခင္ထဲက ဒါျဖစ္မယ္ဆိုတာႀကိဳသိလို႔ ၿဂိဳလ္တုဖုန္းကို မိမိတပ္ေတြနဲ႔ ဆက္သြယ္ဖို႔ျပင္ထားဖို႔ အႀကံျပဳထားၿပီးသားပါ။

မေန႔ကညအထိ မုံရြာ၊ စစ္ကိုင္းနဲ႔ မႏၲေလးက စစ္ေျမျပင္စစ္ေဆး႐ုံကို တိုက္ပြဲက ဒဏ္ရာရသူ အေယာက္ ၉၀ ေက်ာ္ေရာက္လာပါတယ္။ ဒါက ေသသူမပါပါ။ ေသသူက ေဆး႐ုံကို အေလာင္းမယူလာတာမ်ားပါတယ္။ ဗိုလ္မႈးတစ္ေယာက္အေလာင္းသာ ပါလာပါတယ္။ ဒါက တိုက္ပြဲေတြဘယ္ေလာက္ျပင္းထန္ေနလဲဆိုတာကို ျပေနပါတယ္။ ကခ်င္၊ ခ်င္းနဲ႔ ပခုကၠဴေဒသက ဒဏ္ရာရသူ၊ ေသသူ မပါေသးပါ။

အက်ဥ္းခ်ဳပ္ရရင္ တိုက္ပြဲေတြက ေရွ႕ေလၽွာက္ပိုျပင္းထန္လာမွာပါ။ မအလက ရြာမီးရွို႔တာက မိုးရြာသီအခ်ိဳ႕ရက္မွာ ခက္နိုင္ပါတယ္။ ဒါေၾကာင့္လဲ ႀကိဳရွို႔ထားတာပါ။ မိမိတို႔ရဲ့ အားသာခ်က္၊ အားနည္းခ်က္မ်ားကို ေလ့လာၿပီး ႀကိဳတင္ျပင္ဆင္ထားနိုင္ၾကပါေစ။ PDF ေတြက နိုင္မွျဖစ္မွာပါ။ Myat Tun Oo