မြစ်ကြီးနား ရမ်ပူရပ်ကွက်တွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် လက်ဝယ်တွေ့ရှိသူကို ဒေသခံများက ကြိမ်ဒဏ်ပေး
မြစ်ကြီးနား – မေ ၂၄၊ ၂၀၂၂။
မြစ်ကြီနားမြို့ ရမ်ပူရပ်ကွက်အတွင်း မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူများနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများကို တွေ့ရှိပါက ကြိမ်ဒဏ်ဖြင့် အပြစ်ပေးနေကြောင်း ဒေသခံများထံက သိရသည်။
ရပ်ကွက်အတွင်း ခိုးဆိုးလုနှိုက်သူများ ပိုမိုများပြားလာသဖြင့် တစ်နိုင်တစ်ပိုင်လုပ်ဆောင်ရခြင်းဖြစ်သည်ဟု အပြစ်ပေးရာတွင် ပါဝင်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ပြစ်ဒဏ်ပေးတယ်ဆိုတာက ကျွန်တော်တို့ ရေပိုက်ပြာအသေး ကို တိပ်ပတ်ထားတဲ့ တုတ်နဲ့ ရိုက်တာပေါ့။ ရိုက်ပြီးမှ သူတို့ကို နောက်ဆုံးသတိပေးတာ ဖြစ်ပါစေပေါ့။ နောက်တစ်ခါ မင်းတို့ကို တွေ့ရင် အချုပ်ထဲ ထည့်မယ်လို့ ပြောလိုက်တယ်” ဟုသူကပြောသည်။
သုံးစွဲသူများတွင် အသက် ၁၅ နှစ်နှင့် ၂၈ နှစ်ကြားအရွယ် အမျိုးသားများပိုများပြီး ကြိမ်ဒဏ်ပေးခဲ့သူ ၃၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
ဦးဆောင်နေသူများတွင် ရပ်ကွက်မှ ရပ်မိရပ်ဖများပါဝင်ပြီး သတိပေးလုပ်ဆောင်မှုများကိုလည်း ပိုမိုထိရောက်အောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။
ရမ်ပူရပ်ကွက်တွင် မတ်လ ၂၄ ရက်နေ့က ဓားပြတိုက်ခံရပြီး ဓားထိုးမှုဖြင့် သေဆုံးခဲ့သည့် သံတိုသံစ ဝယ်ရောင်သည့် အမျိုးသမီးကို သတ်ခဲ့သော တရားခံမှာလည်း မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ကြောင်း သိရသည်။