ၾကားသိသမွ်

ချောင်းဦးမှာ မို -င်းကွင်း (၁၀) ခုကိုဖြတ်လျှောက်လာတဲ့ စစ်တပ်ကို တို က် ခို က်ရာ (၃၆) ဦးအထိ ေ သ

ချောင်းဦးမှာ မိုင်းကွင်း (၁၀) ခုကိုဖြတ်လျှောက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ (၃၆) ဦးအထိသေ

မေ ၂၅၊ The Nation Voice

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော် ပျူစောထီးရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား (၅၀) ဟာ မေ (၂၄) က မဲသယ်ကြိုးကွင်းကိုထွက်ခွာပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ ခိုအောင်းနေကြတယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာ နောက်ထပ်စစ်ကောင်စီလက်နက်ကိုင် အင်အား (၅၀) ကလည်း ချောင်းဦးမြို့တောင်ဘက် အမြင့်လမ်းခွဲက အနောက်ကို ရိက္ခာအပြည့်အစုံနဲ့ထပ်မံ ချီတက်လာခဲ့တယ်လို့ ဆိုရပါတယ်။

အဲဒီစစ်ကြောင်းကို CHUPDF နဲ့ CMWA ရဲဘော်တွေက မိုင်းကွင်း (၄) ခုထဲမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် (၉) ဦးအထိသေဆုံးခဲ့တယ်လို့ ချောင်းဦး PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို ထော်လာဂျီနဲ့ ပြန်လည်သယ်ဆောင်ပြီးတဲ့နောက် အဲဒီစစ်ကြောင်းဟာ မဲသယ်ကြိုးကွင်းမှာ ခိုအောင်းနေတဲ့ တပ်နဲ့ သွားရောက်ပူးပေါင်းပြီး စတင်လှုပ်ရှားလာရာ မိုင်းကွင်း (၆) ကွင်းထဲအရောက်မှာ ထပ်မံတိုက်ခိုက်ခဲ့တဲ့အတွက် (၂၄) ဦးအထိထပ်မံသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအင်အားတွေထဲကနေ (၁၅) ဦးဟာ မဲသယ်ကြိုးကွင်းကနေ ခိုးယူထားတဲ့ ပစ္စည်းတွေသယ်ပြီး ကင်မွန်းတော်ရွာကို ပြန်လည်ဝင်ရောက်သွားပြီး ကျန်အင်အားကတော့ မြို့ထဲကိုပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။

မဲသယ်ကြိုးကွင်းကနေ ကင်မွန်းတော်ကိုပြန်ဆုတ်လာတဲ့ အဖွဲ့ကို ချောင်းဦး PDF ကထပ်ပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ (၃) ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေရဲ့ မိုင်းကွင်း (၁၃) ခုမှာ (၃) ခုရဲ့တိုက်ခိုက်မှုက ထိခိုက်မှုမရှိပဲ ကျန် (၁၀) ခုကြောင့် စစ်တပ်ဘက်က (၃၆) ဦးအထိ သေဆုံးအောင်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။