PNOက လုံခြုံရေးစရိတ်အတွက် ပအိုဝ်းဒေသ၌ တစ်အိမ်လျှင် ၃၀၀၀၀ကျပ်စတင်ကောက်ခံ၊ လိုင်းပေါ်တင်ပါက အရေးယူမည်ဟု ခြိမ်းခြောက်
မဲခေါင်၊ မေ ၂၅
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ၎င်းတို့၏ လုံခြုံရေးစရိတ်အတွက် ပအိုဝ်းဒေသ၌ တစ်အိမ်လျှင် ၃၀၀၀၀ကျပ်စီ ယနေ့၌စတင်ကောက်ခံနေပြီး လိုင်းပေါ်တင်ပါက အရေးယူမည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ကြီး၊ ဟိုပုံး၊ လွိုင်လင်မြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ရေးစရိတ်အတွက်ဟုဆိုကာ တစ်အိမ်လျှင် ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် ကျေးရွာတာဝန်ခံများမှတဆင့် စတင်ကောက်ခံနေခြင်းဖြစ်ပြီး ၎င်းတို့အုပ်ချုပ်ခွင့်ရထားသည့် ရွာများတွင်သာ ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“စာအုပ်မှာ နာမည်နဲ့ ထည့်ငွေပဲ ရေးမှတ်သွားတာ၊ ဖြတ်ပိုင်းမပေးဘူး။ တတ်နိုင်တဲ့လူက စေတနာရှိရင် ပိုထည့်ပေးကြဖို့ ပြောသွားတယ်။
တချို့မတတ်နိုင်တဲ့ အိမ်တွေကတော့ ခွဲထည့်ရတာပေါ့။ ဒီကာလမှာ ၃သောင်းချက်ချင်းထည့်ပေးနိုင်ဖို့ပေါ့ ဘယ်လွယ်မလဲ၊ သူတို့ကိုကြောက်တော့ ခွဲထည့်နေရတာပေါ့။ ငွေကောက်တာကို လိုင်းပေါ်တင်ရင် အရေးယူမယ်လို့လည်း ခြိမ်းခြောက်သွားတယ်”ဟု ၎င်းကပြောသည်။
အဆိုပါဒေသများ၌ PNOမှ တစ်အိမ်လျှင် ငွေကြေး၃သောင်းကောက်ခံရန် ပြီးခဲ့သည့် မေလ ၁၉ရက်၊ တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာ၌ ပြုလုပ်သည့် နယ်မြေလုံခြုံရေးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးကို PNOပြည်သူ့စစ်ခေါင်းဆောင် ဦးခွန်မြင့်အောင်၊ ဦးခွန်သိန်းဖေ၊ ဦးနေဝင်းထွန်း ၊ ဦးပီတာထွန်းနိုင်တို့နှင့် ပြည်သူ့စစ်ခေါင်းဆောင်ပိုင်းများ အစုံအညီတက်ရောက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၁၂ရက်ကညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာ၌ စစ်တပ်နှင့် PNO အဖွဲ့ကို PDFပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စကစ ၁၅ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား တပ်သား ၂ ဦးနှင့် PNO တပ်သား၃ ဦး လက်နက်ချဖမ်းခံရပြီးနောက် PNOက ၎င်းတို့နယ်မြေလုံခြုံရေးအစည်းအဝေးကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ယင်းအစည်းအဝေး၌ ပအိုဝ်းကျေးရွာအတွင်းရှိ အသက် ၁၈နှစ်မှ အသက် ၃၅နှစ်အထိ လူများ၏ စာရင်းအားလည်းကောင်း၊ အသက် ၃၅နှစ်မှ အသက် ၅၀ နှစ်အထိလူများ၏ စာရင်းအားလည်းကောင်းဇွန်လ ၃ ရက်နေ့ နောက်ဆုံးထားပြီး မြို့နယ်၊ တိုင်း လုံခြုံရေးအဖွဲ့ဆီအား စာရင်းပေးပို့ရန်နှင့် တိုင်းအဆင့် လုံခြုံရေးအဖွဲ့မှ တာဝန်ယူပြီး ဇွန်လအတွင်း အပြီးအစီး လုံခြုံရေးသင်တန်းအား သင်တန်းပေးရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကရင်နီစစ်ဘေးရှောင်များကို လက်မခံရန် PNOနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားထားကြောင်းကိုလည်း သိရသည်။
photo- (ပုံဟောင်း)
PNOက လုံခြုံရေးစရိတ်အတွက် ပအိုဝ်းဒေသ၌ တစ်အိမ်လျှင် ၃၀၀၀၀ကျပ်စတင်ကောက်ခံ၊ လိုင်းပေါ်တင်ပါက အရေးယူမည်ဟု ခြိမ်းခြောက်
မဲခေါင်၊ မေ ၂၅
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ၎င်းတို့၏ လုံခြုံရေးစရိတ်အတွက် ပအိုဝ်းဒေသ၌ တစ်အိမ်လျှင် ၃၀၀၀၀ကျပ်စီ ယနေ့၌စတင်ကောက်ခံနေပြီး လိုင်းပေါ်တင်ပါက အရေးယူမည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ကြီး၊ ဟိုပုံး၊ လွိုင်လင်မြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ရေးစရိတ်အတွက်ဟုဆိုကာ တစ်အိမ်လျှင် ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် ကျေးရွာတာဝန်ခံများမှတဆင့် စတင်ကောက်ခံနေခြင်းဖြစ်ပြီး ၎င်းတို့အုပ်ချုပ်ခွင့်ရထားသည့် ရွာများတွင်သာ ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“စာအုပ်မှာ နာမည်နဲ့ ထည့်ငွေပဲ ရေးမှတ်သွားတာ၊ ဖြတ်ပိုင်းမပေးဘူး။ တတ်နိုင်တဲ့လူက စေတနာရှိရင် ပိုထည့်ပေးကြဖို့ ပြောသွားတယ်။ တချို့မတတ်နိုင်တဲ့ အိမ်တွေကတော့ ခွဲထည့်ရတာပေါ့။ ဒီကာလမှာ ၃သောင်းချက်ချင်းထည့်ပေးနိုင်ဖို့ပေါ့ ဘယ်လွယ်မလဲ၊ သူတို့ကိုကြောက်တော့ ခွဲထည့်နေရတာပေါ့။ ငွေကောက်တာကို လိုင်းပေါ်တင်ရင် အရေးယူမယ်လို့လည်း ခြိမ်းခြောက်သွားတယ်”ဟု ၎င်းကပြောသည်။