ပြည်တွင်းရှိ မြေပေါ်မြေအောက် သယံဇာတ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ရသည့်နည်းဖြင့် ထုတ်ယူမည်ဟု စစ်ကောင်စီဝန်ကြီးပြော
ဧရာဝတီတိုင်းမ်
မေလ ၂၅ ရက်
စက်သုံးဆီအပါအဝင် ပြည်တွင်းစွမ်းအင်ကဏ္ဍ၌ နိုင်ငံခြားကို မှီခိုနေမှုပမာဏကို လျောချရန်အတွက် ပြည်တွင်းရှိ မြေပေါ်မြေအောက် သယံဇာတများဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ရသည့် နည်းများဖြင့် ထုတ်ယူသွားမည်ဟု အာဏာသိမ်း စစ်ကောင်စီခန့် စွမ်းအင်ဝန်ကြီးက ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က စစ်ကောင်စီခန့် စွမ်းအင်ဝန်ကြီး ဦးသောင်းဟန်မှာ မန္တလေးတိုင်းရှိ မန်းသံပရာကန် ရေနံချက်စက်ရုံနှင့် သိုလှောင်ရုံတို့ကို သွားရောက်စစ်ဆေးချိန်တွင် အဆိုပါကိစ္စကို ဌာနအတွင်း တရားဝင်အသိပေးခဲ့ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် အခက်တွေ့နေသော စက်သုံးဆီကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့အတွက် ပြည်တွင်းသယံဇာတများကို နည်းလမ်းပေါင်းစုံဖြင့် ထုတ်ယူမည်ဟု သူကပြောဆိုခဲ့ကြောင်း မန်းသံပရာကန်ရှိ ဝန်ထမ်းများထံက သိရသည်။
သူကတော့ ရတဲ့နည်းနဲ့ထုတ်ရမယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြည်တွင်းက သယံဇာတကိုပဲ အဓိက ထုတ်ယူပြီးတော့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းတာက နိုင်ငံခြားအပေါ် မှီခိုနေတဲ့ဟာတွေကို လျော့ချနိုင်မယ်ဆိုတယ်။ နောက် လက်ရှိ ထုတ်ယူနေတဲ့ နေရာတွေကလည်း ပိုထုတ်ယူနိုင်ဖို့ လုပ်ရမယ်လို့ ပြောတယ်ဟု မန်းသံပရာကန်စက်ရုံမှ ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ မန်းသံပရာကန် ရေနံချက်စက်ရုံအတွက် အဓိက ရေနံစိမ်း တူးဖော်နေသော ထောက်ရှာပင် ရေနံမြေစီမံကိန်းမှ ရေနံစိမ်းများ တိုးမြှင့်ထုတ်ရန်အတွက် စစ်ကောင်စီ ညွှန်ကြားချက်အရ စွမ်းအင်ဝန်ကြီးဌာနက တင်ဒါခေါ်ယူထားကြောင်း သိရသည်။
“ကျနော်တို့ ဘူဗိဗေဒ သဘောအရတော့ မြေအောက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို ထုတ်ယူတယ်ဆိုတာ အတိုင်းအတာရှိတယ်။ ကိုယ်က ထုတ်ချင်သလို ထုတ်လို့ရတာမဟုတ်ဘူး။ သူထွက်နိုင်တဲ့ ပမာဏ၊ ကိုယ်က ထုတ်ပြီးသားကို အသုံးပြုနိုင်မယ့် ပမာဏ၊ စတာတွေကို စတင်တူးဖော်ထဲက တွက်ချက်လုပ်ရတာ။ အခု အာဏာသိမ်းစစ်တပ်က ထင်ရာလုပ်နေတာဆိုတော့ တိုင်းပြည်ရဲ့ သယံဇာတတွေ ထပ်ကုန်ဦးမှာပေါ့”ဟု စွမ်းအင်ဝန်ကြီးဌာနမှ လုပ်သက်ရင့်ဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် လက်ရှိအချိန်တွင် ရပ်နားထားသော ရန်ကုန်၊ သန်လျင်ရှိ ရေနံချက်စက်ရုံကို ပြန်လည်ရန်အတွက် တရုတ်ကုမ္ပဏီ ၃ ခု နှင့် ဆွေးနွေးနေကြောင်း၊ သန်လျင်ရေနံချက်စက်ရုံရှိ စက်ပစ္စည်းများကို ခေတ်မီစက်များဖြင့် အစားထိုးရေးအတွက် အဓိကလိုအပ်နေသည့် ရင်းနှီးမြုပ်နှံရမည့် ငွေကြေးများ ရရှိရေးကို ကြိုးစားနေကြောင်း သိရသည်။
ဓာတ်ပုံ – BETV