နေပြည်တော်က ကိုယ်ပိုင်အထက်တန်းကျောင်း ၁၆ ကျောင်းကို ယခုနှစ်ပညာသင်နှစ်အတွက် စစ်ကောင်စီက ဖွင့်လှစ်ခွင့်မပြုကြောင်းသိရ
ဧရာဝတီတိုင်းမ်၊ မေလ ၂၄ ရက်
စစ်ကောင်စီ ရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်များမှ ကိုယ်ပိုင်အထက်တန်းကျောင်း ၁၆ ကျောင်းကို ယခုနှစ်ပညာသင်နှစ်အတွက် စစ်ကောင်စီက ဖွင့်လှစ်ခွင့်မပြုကြောင်း ဒေသခံများထံကသိရသည်။
ယခင်နှစ် နိုဝင်ဘာ ၁ ရက်နေ့က စစ်ကောင်စီကတနိုင်ငံလုံးရှိ အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်စဉ်အ ဆိုပါပုဂ္ဂလိကစာသင်ကျောင်းများက ဖွင့်လှစ်ခြင်းမပြုခဲ့ကြောင်း သိရသည်။
ထို့ကြောင့်အဆိုပါစာသင်ကျောင်းများကို ယခုနှစ်တွင် ကျောင်းဖွင့်ခွင့်မပေးဘဲ ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ CDM ပညာရေးအသိုင်းအဝိုင်းထံကဆိုသည်။
နေပြည်တော်ထဲက ကိုယ်ပိုင်ကျောင်း ၁၆ ကျောင်းကို ဖွင့်ခွင့်မပေးတာပေါ့။ ပိတ်သိမ်းတာမျိုးတော့မဟုတ်ဘူး။ ဒီနှစ်ကိုမဖွင့်ခိုင်းတာလို့သိရတယ်
မနှစ်က အဲ့ဒီကျောင်းတွေက မဖွင့်ဘဲနဲ့နေလို့ နိုင်ငံရေးနဲ့ပတ်သက်တယ်ဆိုပြီး မဖွင့်ခိုင်းတာလို့သိရတယ် ဟု နေပြည်တော်ကိုယ်ပိုင် ကျောင်းများနှင့်နီးစပ်သည့် CDM ကျောင်းဆရာတဦးက ပြောသည်
နေပြည်တော်စစ်ကောင်စီပညာရေးအသိုင်းအဝိုင်းနှင့်နီး စပ်သည့်အခြားသတင်းရင်းမြစ်တခုကလည်း ယခင်နှစ်ကဖွင့်လှစ်ခြင်းမရှိသည့် အဆိုပါ ကျောင်းများကို ဖွင့်လှစ်ခွင့်မပေးသည်မှာမှန်ကန်ကြောင်း အတည်ပြု ပြော ဆိုသည်
မနှစ်က မဖွင့်တဲ့ကျောင်းမှန်သမျှ ဖွင့်ခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီ ရဲ့နေပြည်တော်ကောင်စီ ပညာရေးရုံးဘက်ကသိရတယ်။ ကျောင်းအရေအတွက်တော့မသိရဘူး ဟု ၎င်းကဆိုသည်
အဆိုပါဖွင့်ခွင့်မရသည့်ကိုယ်ပိုင်ကျောင်းများတွင် အောင် ချက်မြင့်မားပြီးနာမည်ကြီးကျောင်းများဖြစ်သည့် ဥတ္တရသီရိမြို့နယ်မှ CAE ကိုယ်ပိုင်အထက်တန်းကျောင်း
ဇမ္ဗူသီရိမြို့နယ်မှ မဟာပညာ၊တပ်ကုန်းမြို့နယ်မှ တော်ဝင်၊ လယ်ဝေးမြို့နယ်မှ ထူးချွန် စသည့် နာမည်ကြီးကိုယ်ပိုင် ကျောင်းများအပါအဝင် ၁၆ ကျောင်း ဟု နေပြည်တော် သတင်းရင်းမြစ်များကပြောဆိုသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ သ တင်းထုတ်ပြန်မှုမရှိသေးသလို ကိုယ်ပိုင်ကျောင်းများဘက်မှလည်း တစုံတရာသတင်းထုတ်ပြန်လာခြင်းမရှိသေးပါ
ဇမ္ဗူသီရိမြို့နယ်၊ မဟာပညာကိုယ်ပိုင်အထက် တန်းကျောင်းမှ ဝန်ထမ်းတဦးကို အဆိုပါကိစ္စနှင့်ပတ်သက်၍ ဧရာဝတီတိုင်းမ်မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့်မသိရှိကြောင်းနှင့် ဖြေဆိုရန်ငြင်းဆန်ခဲ့သည်
ယခင်နှစ်များတွင်အဆိုပါကိုယ်ပိုင်အထက်တန်းကျောင်း များအနေဖြင့်သြင်္ကန်ပြီးဆုံးသည့် ဧပြီလ နောက်ဆုံးအပတ်မှစတင်ဖွင့်လှစ်လေ့ရှိသော်လည်း ယခုနှစ်တွင်ဖွင့်လှစ်ခြင်းမရှိသေးကြောင်း ဒေသခံများထံကသိရသည်
စစ်ကောင်စီက ၎င်းတို့လက်အောက်ရှိစာသင်ကျောင်းများကို ဇွန်လ ၂ ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး မေလ ၂၆ ရက်နေ့တွင် ကျောင်းအပ်စတင်လက်ခံရန်ညွှန်ကြားထားသည်
ေနျပည္ေတာ္က ကိုယ္ပိုင္အထက္တန္းေက်ာင္း ၁၆ ေက်ာင္းကို ယခုႏွစ္ပညာသင္ႏွစ္အတြက္ စစ္ေကာင္စီက ဖြင့္လွစ္ခြင့္မျပဳေၾကာင္းသိရ
ဧရာဝတီတိုင္းမ္၊ ေမလ ၂၄ ရက္
စစ္ေကာင္စီ ႐ုံးစိုက္ရာေနျပည္ေတာ္ေကာင္စီနယ္ေျမရွိ ၿမိဳ႕နယ္မ်ားမွ ကိုယ္ပိုင္အထက္တန္းေက်ာင္း ၁၆ ေက်ာင္းကို ယခုႏွစ္ပညာသင္ႏွစ္အတြက္ စစ္ေကာင္စီက ဖြင့္လွစ္ခြင့္မျပဳေၾကာင္း ေဒသခံမ်ားထံကသိရသည္။
ယခင္ႏွစ္ နိုဝင္ဘာ ၁ ရက္ေန႔က စစ္ေကာင္စီကတနိုင္ငံလုံးရွိ အေျခခံပညာ စာသင္ေက်ာင္းမ်ား ဖြင့္လွစ္စဥ္အ ဆိုပါပုဂၢလိကစာသင္ေက်ာင္းမ်ားက ဖြင့္လွစ္ျခင္းမျပဳခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္အဆိုပါစာသင္ေက်ာင္းမ်ားကို ယခုႏွစ္တြင္ ေက်ာင္းဖြင့္ခြင့္မေပးဘဲ ပိတ္သိမ္းလိုက္ျခင္းျဖစ္သည္ဟု ေနျပည္ေတာ္ရွိ CDM ပညာေရးအသိုင္းအဝိုင္းထံကဆိုသည္။
ေနျပည္ေတာ္ထဲက ကိုယ္ပိုင္ေက်ာင္း ၁၆ ေက်ာင္းကို ဖြင့္ခြင့္မေပးတာေပါ့။ ပိတ္သိမ္းတာမ်ိဳးေတာ့မဟုတ္ဘူး။ ဒီႏွစ္ကိုမဖြင့္ခိုင္းတာလို႔သိရတယ္
မႏွစ္က အဲ့ဒီေက်ာင္းေတြက မဖြင့္ဘဲနဲ႔ေနလို႔ နိုင္ငံေရးနဲ႔ပတ္သက္တယ္ဆိုၿပီး မဖြင့္ခိုင္းတာလို႔သိရတယ္ ဟု ေနျပည္ေတာ္ကိုယ္ပိုင္ ေက်ာင္းမ်ားႏွင့္နီးစပ္သည့္ CDM ေက်ာင္းဆရာတဦးက ေျပာသည္
ေနျပည္ေတာ္စစ္ေကာင္စီပညာေရးအသိုင္းအဝိုင္းႏွင့္နီး စပ္သည့္အျခားသတင္းရင္းျမစ္တခုကလည္း ယခင္ႏွစ္ကဖြင့္လွစ္ျခင္းမရွိသည့္ အဆိုပါ ေက်ာင္းမ်ားကို ဖြင့္လွစ္ခြင့္မေပးသည္မွာမွန္ကန္ေၾကာင္း အတည္ျပဳ ေျပာ ဆိုသည္
မႏွစ္က မဖြင့္တဲ့ေက်ာင္းမွန္သမၽွ ဖြင့္ခြင့္မျပဳေတာ့ဘူးလို႔ စစ္ေကာင္စီ ရဲ့ေနျပည္ေတာ္ေကာင္စီ ပညာေရး႐ုံးဘက္ကသိရတယ္။ ေက်ာင္းအေရအတြက္ေတာ့မသိရဘူး ဟု ၎ကဆိုသည္
အဆိုပါဖြင့္ခြင့္မရသည့္ကိုယ္ပိုင္ေက်ာင္းမ်ားတြင္ ေအာင္ ခ်က္ျမင့္မားၿပီးနာမည္ႀကီးေက်ာင္းမ်ားျဖစ္သည့္ ဥတၱရသီရိၿမိဳ႕နယ္မွ CAE ကိုယ္ပိုင္အထက္တန္းေက်ာင္း
ဇမၺဴသီရိၿမိဳ႕နယ္မွ မဟာပညာ၊တပ္ကုန္းၿမိဳ႕နယ္မွ ေတာ္ဝင္၊ လယ္ေဝးၿမိဳ႕နယ္မွ ထူးခၽြန္ စသည့္ နာမည္ႀကီးကိုယ္ပိုင္ ေက်ာင္းမ်ားအပါအဝင္ ၁၆ ေက်ာင္း ဟု ေနျပည္ေတာ္ သတင္းရင္းျမစ္မ်ားကေျပာဆိုေသာ္လည္း သီးျခား အတည္ျပဳနိုင္ျခင္းမရွိေသးပါ
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ေကာင္စီဘက္မွ သ တင္းထုတ္ျပန္မႈမရွိေသးသလို ကိုယ္ပိုင္ေက်ာင္းမ်ားဘက္မွလည္း တစုံတရာသတင္းထုတ္ျပန္လာျခင္းမရွိေသးပါ
ဇမၺဴသီရိၿမိဳ႕နယ္၊ မဟာပညာကိုယ္ပိုင္အထက္ တန္းေက်ာင္းမွ ဝန္ထမ္းတဦးကို အဆိုပါကိစၥႏွင့္ပတ္သက္၍ ဧရာဝတီတိုင္းမ္မွ ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းခဲ့ရာ ၎အေနျဖင့္မသိရွိေၾကာင္းႏွင့္ ေျဖဆိုရန္ျငင္းဆန္ခဲ့သည္
ယခင္ႏွစ္မ်ားတြင္အဆိုပါကိုယ္ပိုင္အထက္တန္းေက်ာင္း မ်ားအေနျဖင့္ၾသကၤန္ၿပီးဆုံးသည့္ ဧၿပီလ ေနာက္ဆုံးအပတ္မွစတင္ဖြင့္လွစ္ေလ့ရွိေသာ္လည္း ယခုႏွစ္တြင္ဖြင့္လွစ္ျခင္းမရွိေသးေၾကာင္း ေဒသခံမ်ားထံကသိရသည္
စစ္ေကာင္စီက ၎တို႔လက္ေအာက္ရွိစာသင္ေက်ာင္းမ်ားကို ဇြန္လ ၂ ရက္ေန႔တြင္ျပန္လည္ဖြင့္လွစ္မည္ျဖစ္ၿပီး ေမလ ၂၆ ရက္ေန႔တြင္ ေက်ာင္းအပ္စတင္လက္ခံရန္ညႊန္ၾကားထားသည္