ဆင်ထားသည့်မိုင်းကိုဖြုတ်ကာ ကားပေါ်တင်သွားသည့် စစ်ကောင်စီလက်ပါးစေအုပ်စု မိုင်းကွဲ၍ သေဆုံး
ပခုက္ကူ၊ မေ ၂၄
လူငယ့်ခေတ်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ချေ – ကျွန်းချောင်းလမ်းပိုင်းတစ်နေရာတွင် မေလ ၂၄ ရက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ များ ဆင်ထားသည့်မိုင်းကိုဖြုတ်ကာ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများက ၎င်းတို့ကားပေါ်တင်သွားစဉ် အဆိုပါ ဖုန်းမိုင်းကွဲ၍ ၁၃ ဦးသေဆုံးခဲ့ကြောင်း စစ်ဆင်ရေးအားဖော်ဆောင်ခဲ့သည့် (MC – KC DF)အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဒီကောင်တွေက ကျွန်တော်တို့မိုင်းထောင်ထားရင် ဖြုတ်၊ ဖြုတ်ပြီးယူသွားတာ အရင်ကတည်းက။ အဲဒါကြောင့် မိုင်း တစ်ခုဆင်ပြီး အဲဒီမိုင်းထဲမှာမှ ဖုန်းမိုင်းသပ်သပ် ထပ်ထောင်ထားတာ။ သူတို့အထင်မှားအောင် ကျွန်တော်တို့က ဝါယာ ကြိုးလေး ၂ ချောင်း ထုတ်ပေးထားတယ်။
သူတို့က အဲဒီဝါယာကြိုးလေးကို ဖြတ်ပြီးကားပေါ်တင်ချသွားတဲ့အချိန် ကျွန်တော်တို့ကဖုန်းခေါ်ပြီး ခွဲလိုက်တာ”ဟု ၎င်းကရှင်းပြသည်။
မိုင်းဖြုတ်ယူသွားသည့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများသည် ကံကြီးစုကျေးရွာထိပ်တွင် ပြည်သူပိုင် ပစ္စည်းများ လုယက်နေသည့် စစ်ကောင်စီလက်ပါးစေများဖြစ်ကြောင်း ပြည်သူများ၏သတင်းပေးချက်အရသိရှိထား ကြောင်း ၎င်းကဆိုသည်။
အထက်ပါစစ်ဆင်ရေးကို မြစ်ချေ – ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC – KC DF) ကရဲဘော်ရှောင်လင် ဆိုသူ၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“မနေ့ကပွဲချင်းပြီးသေတာတော့ ၅ ယောက်လောက်ရှိတယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်း အကုန်သေတယ်လို့ ကျွန်တော်တို့သတင်းရတယ်။ ဒီကောင်တွေ ကျွန်တော်တို့ထောင်ထားတဲ့မိုင်းတွေ ဖြုတ်ယူတာ ခဏခဏ ခံရတာ များလာတော့ အခုလိုစီစဉ်လိုက်တာ”ဟု ၎င်းကဆိုသည်။
ထို့ပြင် တန့်ကြည့်တောင် အနောက်လမ်းပိုင်းတစ်နေရာတွင် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများ မောင်းနှင် လာသော ကားနှစ်စီးကို မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( MC – KC DF )၊ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( NSP ) ပူးပေါင်း၍ ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ၂ ဦး သေဆုံးသွားကြောင်း သိရသည်။
ဆင်ထားသည့်မိုင်းကိုဖြုတ်ကာ ကားပေါ်တင်သွားသည့် စစ်ကောင်စီလက်ပါးစေအုပ်စု မိုင်းကွဲ၍ သေဆုံး
ပခုက္ကူ၊ မေ ၂၄
လူငယ့်ခေတ်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ချေ – ကျွန်းချောင်းလမ်းပိုင်းတစ်နေရာတွင် မေလ ၂၄ ရက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ များ ဆင်ထားသည့်မိုင်းကိုဖြုတ်ကာ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများက ၎င်းတို့ကားပေါ်တင်သွားစဉ် အဆိုပါ ဖုန်းမိုင်းကွဲ၍ ၁၃ ဦးသေဆုံးခဲ့ကြောင်း စစ်ဆင်ရေးအားဖော်ဆောင်ခဲ့သည့် (MC – KC DF)အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဒီကောင်တွေက ကျွန်တော်တို့မိုင်းထောင်ထားရင် ဖြုတ်၊ ဖြုတ်ပြီးယူသွားတာ အရင်ကတည်းက။ အဲဒါကြောင့် မိုင်း တစ်ခုဆင်ပြီး အဲဒီမိုင်းထဲမှာမှ ဖုန်းမိုင်းသပ်သပ် ထပ်ထောင်ထားတာ။ သူတို့အထင်မှားအောင် ကျွန်တော်တို့က ဝါယာ ကြိုးလေး ၂ ချောင်း ထုတ်ပေးထားတယ်။ သူတို့က အဲဒီဝါယာကြိုးလေးကို ဖြတ်ပြီးကားပေါ်တင်ချသွားတဲ့အချိန် ကျွန်တော်တို့ကဖုန်းခေါ်ပြီး ခွဲလိုက်တာ”ဟု ၎င်းကရှင်းပြသည်။