ၾကားသိသမွ်

“စစ်တပ်ဟာ ဖွဲ့စည်းပုံအင်အားရဲ့ တစ်ဝက်ပြည့်မီဖို့တောင် အနိုင်နိုင်ဖြစ်နေပြီလား “

“စစ်တပ်ဟာ ဖွဲ့စည်းပုံအင်အားရဲ့ တစ်ဝက်ပြည့်မီဖို့တောင် အနိုင်နိုင်ဖြစ်နေပြီလား “

မြန်မာပြည်တပ်မတော်အင်အား ခြေလျင်ခြေမြန်တပ်ရင်း (၅၂၀)ကျော်။ တပ်ရင်းတစ်ခုမှာ အင်အားတကယ်တမ်းရှိတာက တစ်ရာ့ငါးဆယ်ခန့်၊ နှစ်ရာမပြည့်ဘူး။

ဒီတော့ကာ ခြေလျင်ခြေမြန်တပ်ရင်းတွေရဲ့ ခန့်မှန်းခြေအင်အားက တစ်သိန်းပတ်ချာလည်ပဲ။ အထက်က တပ်မဌာနချုပ် Staff ဘာညာတွေ ထည့်မတွက်သေးဘူး။

လက်ရုံးဝန်ထမ်းတပ်ဖွဲ့တွေ၊ ရေတပ်, လေတပ်တွေ ထည့်မတွက်ထားသေးဘူး။ ထည့်တွက်လည်း (၂)သိန်းခွဲ ဝန်းကျင်။ လွန်ရောကျွံရောအများဆုံး သုံးသိန်း သို့မဟုတ် သုံးသိန်းခွဲပေါ့။

တတက (တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း) တစ်ခုဖွဲ့စည်းပုံက အင်အားတစ်ထောင်ကျော်ရှိပေမယ့် တကယ်တမ်းကျတော့ ဖွဲ့စည်းပုံအင်အားရဲ့ တစ်ဝက်ပြည့်မီဖို့တောင်အနိုင်နိုင်ပါ။

ဒီတော့ဆိုးကျိုးက ဘာဖြစ်လဲဆိုတော့…??
တပ်ရင်းတစ်ရင်းရဲ့ ရှေ့တန်းထွက်အင်အားက တစ်ရာကျော်ပဲရှိတယ်။ မရှိမဲ့,ရှိမဲ့ အင်အားလေးကို စစ်ကြောင်း (၁) (၂) ပြန်ခွဲတော့… တပ်ရင်းမှူးဦးစီးစစ်ကြောင်း(၁)မှာ အင်အားက ၅၀ သာသာရယ်။

တကယ်တမ်းအရေးအကြောင်းရှိလို့ ပစ်ရ, ခတ်ရ, တိုက်ရပြီဆိုရင် တပ်ရင်းမှူးလည်း လူတစ်ယောက်ပစ်အား တိုးလည်းမနည်းဘူးမို့ ရှေ့တက်ပစ်ရတာမို့၊ မကောင်းသူထိပ် ကောင်းသူထိပ်ကျည်ဆန်နဲ့တွေ့ရင် သေရော။

Facebook မှာ တပ်ရင်းမှူးတစ်ယောက် ကျပြန်ပြီဆိုပြီး လော်ဘီလုပ်ကြ မျက်ရည်ချူကြပြန်ရော။ ဟိုးတုန်းကတော့ တပ်ရင်းမှူးတစ်ယောက်ကျတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဉ်ပါ။

စစ်ကြောင်းတစ်ခုမှာ အင်အား ၂၀၀ ကျော်မို့ ဝိုင်းပတ်ပိတ်ဆို့ခံရရင်တောင် စစ်ကူမလာခင် ရန်သူကိုဟန့်တားနိုင်တဲ့အခြေအနေရှိတယ်။ အခုက လူ ၅၀ မပြည့်တဲ့စစ်ကြောင်းကို ဦးစီးနေရတဲ့တပ်ရင်းမှူးတွေ ခဏခဏသေတာ မဆန်းတော့သလိုတောင် ဖြစ်နေပြီ။

တပ်မှာ ဘာလို့ အင်အားမရှိရတာလဲ၊ ဘာဖြစ်လို့ တပ်ထဲဝင်ချင်သူမရှိရတာလဲ ဆိုတဲ့ တကယ့်အခြေခံအကြောင်းကိစ္စကို မမြင်ချင်ယောင်ဆောင်ပြီး၊ တပ်ရင်းမှူးတွေ တိုက်ပွဲကျတာကိုပဲ တခုတ်တရမျက်ရည်ချူနေတာက အများစုပါ။

တပ်က သူ့နေရာသူ မနေသ၍၊ တပ်က အဆင့်မြင့်အရာရှိကြီးတွေချမ်းသာပြီး သူလက်အောက် ငယ်သားတွေမှာတော့ facility ပြည့်စုံအောင်မဖြည့်ဆည်းပေးနိုင်သ၍ တပ်ထဲဝင်ချင်သူ နည်းနေဦးမှာပဲ။ ”ကျွန်တော် တပ်ထဲဝင်ချင်လို့ပါ” ဆိုတဲ့ဇာတ်လမ်းတွေက အတိတ်မှာကျန်ခဲ့ပြီ။

တပ်သားသစ်တစ်ယောက်ရဲ့ လစာက (၅)သိန်းလား, (၈)သိန်းလား။ ဒီတိုင်း အထက်ကို အပ်ရုံလောက်ဆို (၃)သိန်း။ အပြစ်အနာအဆာကင်းပြီး ဆေးစစ်လည်း အောင်မယ့်သူဆို ဈေးကအစားစားပါ။

တပ်သားသစ်အတွက် လူကုန်ကူးသလို ဝယ်နေရတာတွေမြင်ရတော့ စိတ်ညစ်မိပါ့။
မယုံရင် အပတ်စဉ်အချင်းချင်း၊ ညီလေးနဲ့အစ်ကိုကြီးအချင်းချင်း တပ်သားသစ်အရောင်းအဝယ်လုပ်နေတဲ့ အထောက်အထားတွေ စကရင်ရှော့တွေ ပြလို့ရတယ်နော်။ လာပြီး အာမချောင်နဲ့။

ဒီတော့ကာ…,Facebook မှာ တပ်မတော်ကြီးကိုချစ်ပြနေသူတွေ ငါးသောင်း,တစ်သိန်းလောက်တော့ရှိမယ်။ ဒင်းတို့အနေနဲ့ Facebookပေါ်တင် ချစ်ပြတာမဟုတ်ပဲ… လက်တွေ့ကူညီတဲ့အနေနဲ့ တပ်မတော်ထဲဝင်ပေးလိုက်ကြပါလား ဟင်…??

တပ်မတော်လည်း တပ်သားသစ်တွေကို ပိုက်ဆံနဲ့ဝယ်စရာမလိုတော့ဘူးပေါ့လေ။
တပ်မတော်ကိုချစ်မြတ်နိုးသူ ဘုန်းဘုန်းတွေလည်း သင်္ကန်းချွတ်ပြီး တပ်မတော်ထဲ ဝင်အမှုထမ်းပေးလိုက်ကြစေချင်တယ်။
တစ်ယောက်ဆိုတစ်ယောက် တပ်မတော်လည်း အင်အားတိုးမယ်လေ။ crd-ေမာင္း