ၾကားသိသမွ်

စစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ပယ်ဖျက်ပေးရန် CDM အခြေခံပညာကျောင်းသားများတောင်းဆို

စစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ပယ်ဖျက်ပေးရန် CDM အခြေခံပညာကျောင်းသားများတောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် စစ်ကောင်စီ၏ ပညာရေးမှ အောင်မြင်ခဲ့သည့် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများအား ပယ်ဖျက်ပေးရန် CDM အခြေခံပညာကျောင်းသားများက အခြေခံပညာရေးညီလာခံတွင် တောင်းဆိုခဲ့ကြောင်း သိရသည်။

အခြေခံပညာရေးညီလာခံကို ပြီးခဲ့သည့်မေလ၁၀ရက်နေ့မှ ၁၃ရက်နေရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ညီလာခံသို့ ကျောင်းသားအဖွဲ့စည်းများ၊ ဆရာများ၊ မိဘများ၊ ပြည်နယ် အလိုက်တာဝန်ရှိသူများနှင့် အမျိုးသားညီညွတ်ရေး အစိုးရပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။


အခြေခံပညာကျောင်းသားအဖွဲ့စည်းများ ၊ မိဘများ၊ ဆရာများ၊ သက်ဆိုင်ရာပြည်နယ်မှ တာဝန်ရှိသူများက စစ်ကောင်စီလက်ထက်တွင် ဖြေဆိုနေသည့် တက္ကသိုလ်ဝင်တန်း (၁၀တန်း) စာမေးပွဲရလဒ်မှန်သမျှကို NUG မှ ပယ်ဖျက်ပေးရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ညီလာခံ တက်ရောက်ခဲ့သည့် အခြေခံပညာ ကျောင်းသား ကိုယ်စားလှယ် ကိုဝေယံထံက သိရသည်။

“ဖြစ်နိုင်ရင်တော့ အကုန်လုံးကို ပယ်ဖျက်စေချင်တယ်။ အခုတော့ အထက်တန်းဆင့်ကိုပဲ ဦးတည်ချက်ထားပြီးလုပ်နေတယ်။ ကိုးတန်း ဆယ်တန်းကို ပဲလုပ်နေတယ်” ဟု အခြေခံပညာကျောင်းသား ကိုယ်စားလှယ် ကိုဝေယံက ပြောသည်။

အဆိုပါညီလာခံတွင် ကြားကာလပညာသင်ကြားရေး၊ ပညာရေးဝန်ထမ်းCDMများ၊ ကျောင်းသားကျောင်းသူ CDMများနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။


ညီလာခံတွင် အဆို ၁၁ ခုတင်သွင်းခဲ့ပြီး ညီလာခံရလဒ်များကို NUCCနှင့် NUG သက်ဆိုင်ရာအဖွဲ့စည်းများထံ ပေးပို့ထားကြောင်း သိရသည်။ ညီလာခံ ရလဒ်များနှင့် အဆိုတင်သွင်းချက်များအား ရက် ၆၀ အတွင်း အကောင်အထည် ဖော်ဆောင်ရန်ပြောကြားထားပြီး အကောင်အထည်ဖော်ခြင်းမပြုပါက ဖိအားပေး တောင်းဆို သွားမည်ဟု ညီလာခံတွင် ပါဝင်သူများကပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်၂၀၂၁ ဇွန်လကစတင်၍ ကိုဗစ် ကပ်ရောဂါများကြားကပင် ကျောင်းများကို ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုပါ ကျင်းပခဲ့သည်။ တစ်နိုင်ငံလုံးတွင် နိုင်ငံခြား စာစစ်ဌာနများ အပါအဝင် စာစစ်ဌာန ၁,၂၅၆ ခု ရှိခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ ကျောင်းသား/သူ ပေါင်း ၃၁၂,၂၉၉ ဦး နှင့် ပြင်ပဖြေဆိုသူ တစ်သိန်းကျော်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်ဌာနက သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ အများဆုံးဒေသမှာ ရခိုင်ပြည်နယ်ဖြစ်ပြီး ဖြေဆိုသူ ၄၅,၅၉၂ ဦးရှိသည်။ ဒေသတစ်ခုလုံး တိုက်ပွဲများ ဖြစ်ပွားနေသည့် ကယား/ ကရင်နီပြည်နယ်၌ ဖြေဆို ၇၈၀ ဦးသာ ရှိခဲ့ပြီး ဖြေဆိုသူ အနည်းဆုံးဖြစ်ခဲ့သည်။ Mizzima

စစ္ေကာင္စီလက္ထက္ တကၠသိုလ္ဝင္တန္းေအာင္စာရင္းမ်ား ပယ္ဖ်က္ေပးရန္ CDM အေျခခံပညာေက်ာင္းသားမ်ားေတာင္းဆို

အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)အေနျဖင့္ စစ္ေကာင္စီ၏ ပညာေရးမွ ေအာင္ျမင္ခဲ့သည့္ တကၠသိုလ္ဝင္တန္းေအာင္စာရင္းမ်ားအား ပယ္ဖ်က္ေပးရန္ CDM အေျခခံပညာေက်ာင္းသားမ်ားက အေျခခံပညာေရးညီလာခံတြင္ ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

အေျခခံပညာေရးညီလာခံကို ၿပီးခဲ့သည့္ေမလ၁၀ရက္ေန႔မွ ၁၃ရက္ေနရက္အထိ က်င္းပခဲ့ျခင္းျဖစ္ၿပီး ညီလာခံသို႔ ေက်ာင္းသားအဖြဲ႕စည္းမ်ား၊ ဆရာမ်ား၊ မိဘမ်ား၊ ျပည္နယ္ အလိုက္တာဝန္ရွိသူမ်ားႏွင့္ အမ်ိဳးသားညီညြတ္ေရး အစိုးရပညာေရး ဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကေၾကာင္းသိရသည္။

အေျခခံပညာေက်ာင္းသားအဖြဲ႕စည္းမ်ား ၊ မိဘမ်ား၊ ဆရာမ်ား၊ သက္ဆိုင္ရာျပည္နယ္မွ တာဝန္ရွိသူမ်ားက စစ္ေကာင္စီလက္ထက္တြင္ ေျဖဆိုေနသည့္ တကၠသိုလ္ဝင္တန္း (၁၀တန္း) စာေမးပြဲရလဒ္မွန္သမၽွကို NUG မွ ပယ္ဖ်က္ေပးရန္ အဆိုတင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း ညီလာခံ တက္ေရာက္ခဲ့သည့္ အေျခခံပညာ ေက်ာင္းသား ကိုယ္စားလွယ္ ကိုေဝယံထံက သိရသည္။

“ျဖစ္နိုင္ရင္ေတာ့ အကုန္လုံးကို ပယ္ဖ်က္ေစခ်င္တယ္။ အခုေတာ့ အထက္တန္းဆင့္ကိုပဲ ဦးတည္ခ်က္ထားၿပီးလုပ္ေနတယ္။ ကိုးတန္း ဆယ္တန္းကို ပဲလုပ္ေနတယ္” ဟု အေျခခံပညာေက်ာင္းသား ကိုယ္စားလွယ္ ကိုေဝယံက ေျပာသည္။

အဆိုပါညီလာခံတြင္ ၾကားကာလပညာသင္ၾကားေရး၊ ပညာေရးဝန္ထမ္းCDMမ်ား၊ ေက်ာင္းသားေက်ာင္းသူ CDMမ်ားႏွင့္ ပတ္သက္သည့္ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾက သည္။

ညီလာခံတြင္ အဆို ၁၁ ခုတင္သြင္းခဲ့ၿပီး ညီလာခံရလဒ္မ်ားကို NUCCႏွင့္ NUG သက္ဆိုင္ရာအဖြဲ႕စည္းမ်ားထံ ေပးပို႔ထားေၾကာင္း သိရသည္။ ညီလာခံ ရလဒ္မ်ားႏွင့္ အဆိုတင္သြင္းခ်က္မ်ားအား ရက္ ၆၀ အတြင္း အေကာင္အထည္ ေဖာ္ေဆာင္ရန္ေျပာၾကားထားၿပီး အေကာင္အထည္ေဖာ္ျခင္းမျပဳပါက ဖိအားေပး ေတာင္းဆို သြားမည္ဟု ညီလာခံတြင္ ပါဝင္သူမ်ားကေျပာသည္။

ျမန္မာနိုင္ငံတြင္ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္၂၀၂၁ ဇြန္လကစတင္၍ ကိုဗစ္ ကပ္ေရာဂါမ်ားၾကားကပင္ ေက်ာင္းမ်ားကို ဖြင့္လွစ္ခဲ့ၿပီး တကၠသိုလ္ဝင္တန္း စာေမးပြဲကိုပါ က်င္းပခဲ့သည္။ တစ္နိုင္ငံလုံးတြင္ နိုင္ငံျခား စာစစ္ဌာနမ်ား အပါအဝင္ စာစစ္ဌာန ၁,၂၅၆ ခု ရွိခဲ့ၿပီး တကၠသိုလ္ဝင္တန္း စာေမးပြဲ ေျဖဆိုသူ ေက်ာင္းသား/သူ ေပါင္း ၃၁၂,၂၉၉ ဦး ႏွင့္ ျပင္ပေျဖဆိုသူ တစ္သိန္းေက်ာ္ရွိခဲ့ေၾကာင္း ျမန္မာနိုင္ငံ စာစစ္ဌာနက သိရသည္။

တကၠသိုလ္ဝင္တန္း စာေမးပြဲ ေျဖဆိုသူ အမ်ားဆုံးေဒသမွာ ရခိုင္ျပည္နယ္ျဖစ္ၿပီး ေျဖဆိုသူ ၄၅,၅၉၂ ဦးရွိသည္။ ေဒသတစ္ခုလုံး တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္ ကယား/ ကရင္နီျပည္နယ္၌ ေျဖဆို ၇၈၀ ဦးသာ ရွိခဲ့ၿပီး ေျဖဆိုသူ အနည္းဆုံးျဖစ္ခဲ့သည္။ Mizzima