ၾကားသိသမွ်

စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်၏ ဘက်ဟိုး ၂ စီးကို KIA မီး ရှို့ ဖျ က် ဆီး

ပြည်သူ့စစ်ခေါင်းဆောင်၏ ဘက်ဟိုး ၂ စီးကို KIA မီးရှို့ဖျက်ဆီး

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာတွင် ရွှေတူးဖော်နေသော စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင် မင်းဇင်သန့်၏ ဘက်ဟိုး ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ မှ မီးရှို့ လိုက်ကြောင်း သိရသည်။

မေလ ၁၉ ရက်ည ထိုသို့ မီးရှို့လိုက်ပြီးနောက် မေလ ၂၂ ရက်နေ့တွင် လုပ်ငန်းရှင် ၃၀ ဝန်းကျင်ခန့်ကို စံပြ ပြည်သူ့စစ်တပ်စခန်းတွင် ခေါ်ယူကာ လာမယ့် ဇွန်လ ၁ ရက်နေ့စပြီး KIA တပ်ရင်း ၁၄ နယ်မြေသို့ ကုန်ပစ္စည်းတင်ပို့သူများကို ပစ်ခတ်မည်ဟု ခြိမ်းခြောက် ပြောဆိုနေကြောင်း ရှဒူးဇွပ် ဒေသခံ တစ်ဦး က KNG သတင်းဌာန ကို ပြောဆိုသည်။

“ရွှေလုပ်တဲ့ နေရာမှာ KIA က သူ့ရဲ့ ဘက်ဟိုး ၂ စီးကို မီး သွားရှို့ပေးလိုက်လို့တဲ့။ မနေ့က သူတို့ရဲ့စခန်းမှာ လုပ်ငန်းရှင်တွေကို ခေါ်ပြီး သတိပေးတယ်လို့ ကြားရတယ်။ KIA တပ်ရင်း ၁၄ နယ်ဘက် ဒီလကုန်တာနဲ့ လမ်းပိတ်မယ်တဲ့။ နောက်ပြီး ကုန်တင်တဲ့ ကားတွေကိုလည်း ပိတ်မယ်။ လူဖြတ်ရင် လူပစ်မယ်။ ကားဖြတ်ရင် ကားပစ်မယ်။ မှော်ထဲက ထွက်ချင်တဲ့သူ ထွက်ကြ။ မထွက်ချင်ဘဲ ဆက်လုပ်ချင်တဲ့ သူတွေက လုပ်။ ဒါပေမယ် သူတို့က လမ်းကနေဖြတ်ရင် ပစ်မယ်လို့ လုပ်ငန်းရှင်တွေကို ပြောလိုက်တယ်လို့ ကြားတယ်” ဟု ပြောဆိုသည်။

ရှဒူးဇွပ်ကျေးရွာ မှ KIA တပ်ရင်း ၁၄ နယ်မြေသို့ အဓိက သွားလာနေသည့် လမ်းကြောင်းများကို ပိတ်ဆို့သွားမည်ဖြစ်သည်ဟု လုပ်ငန်းရှင်များကို အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာတစ်ဝိုက်တွင် ရွှေတူးဖော်မှုများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ပိုင်း KIA က တားမြစ်လိုက်သော်လည်း လက်ရှိပြည်သူ့စစ်ခေါင်းသည် ရှဒူးဇွပ်ကျေးရွာ အထက်ပိုင်း အနီးတဝိုက်တွင် စက်ယန္တရားကြီး များဖြင့် ရွှေတူးဖော်မှုများရှိနေသဖြင့် မီးရှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ရှဒူးဇွပ်ကျေးရွာ အနီးတဝိုက်ရှိသော ဝခါး၊ ဂျာဝမ်၊ လောဒ်ဂျာ၊ ကိုင်းတောနှင့် ယုဇနလုပ်ကွက် စသောနေရာများတွင် ရွှေတူးဖော်မှုကို KIA က ရပ်ဆိုင်းလိုက်ခြင်းမှာ ပြည်သူ့စစ်အဖွဲ့မှ ရွှေမှော်ဘက်ကို သွားလာသည့် ပြည်သူများကို ရိုက်နက်ခြင်းနှင့် လုပ်ငန်းရှင်များထံ အဆမတန်ငွေကြေးကောက်ခံခြင်းများကြောင့် ဖြစ်သည်ဟု သိရသည်။ source-KNG

Zawgyi

ျပည္သူ႔စစ္ေခါင္းေဆာင္၏ ဘက္ဟိုး ၂ စီးကို KIA မီးရွို႔ဖ်က္ဆီး

တနိုင္း လီဒိုလမ္းမေပၚ ရွဒူးဇြပ္ (Jahtu Zup) ေက်းရြာတြင္ ေရႊတူးေဖာ္ေနေသာ စစ္ေကာင္စီ လက္ေအာက္ခံ ျပည္သူ႔စစ္ ေခါင္းေဆာင္ မင္းဇင္သန႔္၏ ဘက္ဟိုး ၂ စီးကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္မဟာ ၂ မွ မီးရွို႔ လိုက္ေၾကာင္း သိရသည္။

ေမလ ၁၉ ရက္ည ထိုသို႔ မီးရွို႔လိုက္ၿပီးေနာက္ ေမလ ၂၂ ရက္ေန႔တြင္ လုပ္ငန္းရွင္ ၃၀ ဝန္းက်င္ခန႔္ကို စံၿပ ျပည္သူ႔စစ္တပ္စခန္းတြင္ ေခၚယူကာ လာမယ့္ ဇြန္လ ၁ ရက္ေန႔စၿပီး KIA တပ္ရင္း ၁၄ နယ္ေျမသို႔ ကုန္ပစၥည္းတင္ပို႔သူမ်ားကို ပစ္ခတ္မည္ဟု ၿခိမ္းေျခာက္ ေျပာဆိုေနေၾကာင္း ရွဒူးဇြပ္ ေဒသခံ တစ္ဦး က KNG သတင္းဌာန ကို ေျပာဆိုသည္။

“ေရႊလုပ္တဲ့ ေနရာမွာ KIA က သူ႔ရဲ့ ဘက္ဟိုး ၂ စီးကို မီး သြားရွို႔ေပးလိုက္လို႔တဲ့။ မေန႔က သူတို႔ရဲ့စခန္းမွာ လုပ္ငန္းရွင္ေတြကို ေခၚၿပီး သတိေပးတယ္လို႔ ၾကားရတယ္။ KIA တပ္ရင္း ၁၄ နယ္ဘက္ ဒီလကုန္တာနဲ႔ လမ္းပိတ္မယ္တဲ့။ ေနာက္ၿပီး ကုန္တင္တဲ့ ကားေတြကိုလည္း ပိတ္မယ္။ လူျဖတ္ရင္ လူပစ္မယ္။ ကားျဖတ္ရင္ ကားပစ္မယ္။ ေမွာ္ထဲက ထြက္ခ်င္တဲ့သူ ထြက္ၾက။ မထြက္ခ်င္ဘဲ ဆက္လုပ္ခ်င္တဲ့ သူေတြက လုပ္။ ဒါေပမယ္ သူတို႔က လမ္းကေနျဖတ္ရင္ ပစ္မယ္လို႔ လုပ္ငန္းရွင္ေတြကို ေျပာလိုက္တယ္လို႔ ၾကားတယ္” ဟု ေျပာဆိုသည္။

ရွဒူးဇြပ္ေက်းရြာ မွ KIA တပ္ရင္း ၁၄ နယ္ေျမသို႔ အဓိက သြားလာေနသည့္ လမ္းေၾကာင္းမ်ားကို ပိတ္ဆို႔သြားမည္ျဖစ္သည္ဟု လုပ္ငန္းရွင္မ်ားကို အစည္းအေဝးတြင္ ေျပာဆိုခဲ့ေၾကာင္း သိရသည္။

ဖားကန႔္ၿမိဳ႕နယ္ ရွဒူးဇြပ္ေက်းရြာတစ္ဝိုက္တြင္ ေရႊတူးေဖာ္မႈမ်ားကို ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလ ၁၅ ရက္ေန႔ ေနာက္ပိုင္း KIA က တားျမစ္လိုက္ေသာ္လည္း လက္ရွိျပည္သူ႔စစ္ေခါင္းသည္ ရွဒူးဇြပ္ေက်းရြာ အထက္ပိုင္း အနီးတဝိုက္တြင္ စက္ယႏၲရားႀကီး မ်ားျဖင့္ ေရႊတူးေဖာ္မႈမ်ားရွိေနသျဖင့္ မီးရွို႔ဖ်က္ဆီးလိုက္ျခင္း ျဖစ္သည္ဟု ေဒသခံတစ္ဦးက သုံးသပ္ေျပာဆိုသည္။

ရွဒူးဇြပ္ေက်းရြာ အနီးတဝိုက္ရွိေသာ ဝခါး၊ ဂ်ာဝမ္၊ ေလာဒ္ဂ်ာ၊ ကိုင္းေတာႏွင့္ ယုဇနလုပ္ကြက္ စေသာေနရာမ်ားတြင္ ေရႊတူးေဖာ္မႈကို KIA က ရပ္ဆိုင္းလိုက္ျခင္းမွာ ျပည္သူ႔စစ္အဖြဲ႕မွ ေရႊေမွာ္ဘက္ကို သြားလာသည့္ ျပည္သူမ်ားကို ရိုက္နက္ျခင္းႏွင့္ လုပ္ငန္းရွင္မ်ားထံ အဆမတန္ေငြေၾကးေကာက္ခံျခင္းမ်ားေၾကာင့္ ျဖစ္သည္ဟု သိရသည္။ source-KNG