“ပြည်သူနဲ့ အပေးအယူ လုပ်ခွင့်မရှိတော့ပါ ”
ခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အဖက်ဖက်က ဖိအားတွေကြောင့် ဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို သူ့လက်အောက် ဗိုလ်ချုပ်တွေကိုသွားတွေ့ခိုင်းကာ ညှိုနှိုင်းမှုလုပ်ခိုင်းတယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ အရ သိရပါတယ်။
မင်းအောင်လှိုင်ကိုလမ်းညွှန်နေတဲ့ တရုတ်နိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ရွေးကောက်ပွဲပြန်လုပ်ဖို့ ဖိအားတွေနဲ့အတူ နိုင်ငံတကာ ဖိအားတွေ ကိုရင်ဆိုင်နေရတဲ့ အခြေအနေပါ။
ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပြီးနောက် စစ်တပ်နဲ့ တကယ်တမ်း တိုက်ခိုက်နေတဲ့ အင်အားကြီး လက်နက်ကိုင် အဖွဲ့အများစု မတက်ရောက်တာကလည်းတကယ့်ကိုအကျပ်ရိုက်စေခဲ့ခြင်းဖြစ်ပါတယ်။
ပြည်တွင်းမှာလည်း အာဏာသိမ်းပြီး ၁နှစ်ကျော်တဲ့အထိ တစ်နိုင်ငံလုံးကို ဘယ်လိုမှ မထိန်းချုပ်နိုင်သေးတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေ အတွက် အပေးအယူလုပ်ရမယ့် အခြေအနေအချို့တောင်ရှိလာပါပြီ။
အဖက်ဖက်က စီးပွားရေးယိုယွင်းကျဆင်းလာမှု စက်သုံးဆီရှားပါးလာမှု ဒေါ်လာစျေးအဆမတန် မြင့်တက်လာမှုတွေက လက်နက်ကိုင်ပြီးသာ နိုင်ငံကို အုပ်ချုပ်လိုတဲ့ စစ်ခေါင်းဆောင်တွေမှာ အစွမ်းအစမရှိတာ ပေါ်လွင်လာပြီဖြစ်ပါတယ်။
မိမိနဲ့ သဘောထားချင်းမတူသူကို ရန်သူလို့သဘောထားပြီး ဖမ်းဆီးသတ်ဖြတ်တာ ရွာလုံးကျွတ်မီးရှို့ပြီး အကြောက်တရားနဲ့သာ အုပ်ချုပ်ဖို့ စဉ်းစားထာတဲ့ မင်းအောင်လှိုင်တို့အုပ်စုဟာ တကယ့်ကိုထွက်ပေါက်မရှိတော့ပါဘူး။
ဒီလိုအခြေအနေမျိူးမှာ ပြည်သူ့ကို ဝန်ချတောင်းပန်ပြီး အပြောင်းအလဲလုပ်ပေးမယ်ဆိုရင်တော့ ဆုံးရှုံးနစ်နာခဲ့တဲ့ အသက်အိုးအိမ်တွေနဲ့နှိုင်းယှဉ်ရင် လုံး၀ခွင့်လွှတ်စရာ အကြောင်းမရှိနိုင်ပါဘူး။
ဒါ့ကြောင့် အာဏာသိမ်းစစ်တပ်ဟာ ပြည်သူနဲ့ လုံး၀အပေးအယူလုပ်ခွင့်မရှိတော့ဘဲ ပြည်သူကဒဏ်ခတ်မယ့် ပြစ်ဒဏ်တွေကိုသာ ခံယူရမယ့် အချိန်အခါကောင်းတစ်ခု မကြာခင်ရောက်ရှိလာတော့မှာဖြစ်ပါကြောင်း crd-မောင်း
Zawgyi
“ျပည္သူနဲ႔ အေပးအယူ လုပ္ခြင့္မရွိေတာ့ပါ ”
ခုရက္ပိုင္းအတြင္း အာဏာသိမ္းစစ္ေခါင္းေဆာင္ဟာ အဖက္ဖက္က ဖိအားေတြေၾကာင့္ ဖမ္းဆီးခံထားရတဲ့ အတိုင္ပင္ခံပုဂၢိဳလ္ကို သူ႔လက္ေအာက္ ဗိုလ္ခ်ဳပ္ေတြကိုသြားေတြ႕ခိုင္းကာ ညႇိုႏွိုင္းမႈလုပ္ခိုင္းတယ္ဆိုၿပီး အတည္မျပဳနိုင္တဲ့ သတင္းေတြ အရ သိရပါတယ္။
မင္းေအာင္လွိုင္ကိုလမ္းညႊန္ေနတဲ့ တ႐ုတ္နိုင္ငံကလည္း ေဒၚေအာင္ဆန္းစုၾကည္ကို လႊတ္ေပးၿပီး ေရြးေကာက္ပြဲျပန္လုပ္ဖို႔ ဖိအားေတြနဲ႔အတူ နိုင္ငံတကာ ဖိအားေတြ ကိုရင္ဆိုင္ေနရတဲ့ အေျခအေနပါ။
ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ကမ္းလွမ္းခဲ့ၿပီးေနာက္ စစ္တပ္နဲ႔ တကယ္တမ္း တိုက္ခိုက္ေနတဲ့ အင္အားႀကီး လက္နက္ကိုင္ အဖြဲ႕အမ်ားစု မတက္ေရာက္တာကလည္းတကယ့္ကိုအက်ပ္ရိုက္ေစခဲ့ျခင္းျဖစ္ပါတယ္။
ျပည္တြင္းမွာလည္း အာဏာသိမ္းၿပီး ၁ႏွစ္ေက်ာ္တဲ့အထိ တစ္နိုင္ငံလုံးကို ဘယ္လိုမွ မထိန္းခ်ဳပ္နိုင္ေသးတဲ့ အၾကမ္းဖက္စစ္ေခါင္းေဆာင္ေတြ အတြက္ အေပးအယူလုပ္ရမယ့္ အေျခအေနအခ်ိဳ႕ေတာင္ရွိလာပါၿပီ။
အဖက္ဖက္က စီးပြားေရးယိုယြင္းက်ဆင္းလာမႈ စက္သုံးဆီရွားပါးလာမႈ ေဒၚလာေစ်းအဆမတန္ ျမင့္တက္လာမႈေတြက လက္နက္ကိုင္ၿပီးသာ နိုင္ငံကို အုပ္ခ်ဳပ္လိုတဲ့ စစ္ေခါင္းေဆာင္ေတြမွာ အစြမ္းအစမရွိတာ ေပၚလြင္လာၿပီျဖစ္ပါတယ္။
မိမိနဲ႔ သေဘာထားခ်င္းမတူသူကို ရန္သူလို႔သေဘာထားၿပီး ဖမ္းဆီးသတ္ျဖတ္တာ ရြာလုံးကၽြတ္မီးရွို႔ၿပီး အေၾကာက္တရားနဲ႔သာ အုပ္ခ်ဳပ္ဖို႔ စဥ္းစားထာတဲ့ မင္းေအာင္လွိုင္တို႔အုပ္စုဟာ တကယ့္ကိုထြက္ေပါက္မရွိေတာ့ပါဘူး။
ဒီလိုအေျခအေနမ်ိဴးမွာ ျပည္သူ႔ကို ဝန္ခ်ေတာင္းပန္ၿပီး အေျပာင္းအလဲလုပ္ေပးမယ္ဆိုရင္ေတာ့ ဆုံးရႈံးနစ္နာခဲ့တဲ့ အသက္အိုးအိမ္ေတြနဲ႔ႏွိုင္းယွဥ္ရင္ လုံး၀ခြင့္လႊတ္စရာ အေၾကာင္းမရွိနိုင္ပါဘူး။
ဒါ့ေၾကာင့္ အာဏာသိမ္းစစ္တပ္ဟာ ျပည္သူနဲ႔ လုံး၀အေပးအယူလုပ္ခြင့္မရွိေတာ့ဘဲ ျပည္သူကဒဏ္ခတ္မယ့္ ျပစ္ဒဏ္ေတြကိုသာ ခံယူရမယ့္ အခ်ိန္အခါေကာင္းတစ္ခု မၾကာခင္ေရာက္ရွိလာေတာ့မွာျဖစ္ပါေၾကာင္း crd-မောင်း