လက်နက်ကြီးသံ တဂျိမ်းဂျိမ်းနဲ့ စစ်ယာဉ်တန်း (၇၀) ကိုတိုက်ခိုက်နေတဲ့ ရုပ်သံမှတ်တမ်း
မေ ၂၂၊ The Nation Voice
မကွေးတိုင်း ကျောက်ထုကနေ ပခုက္ကူမြို့ကို ထွက်ခွာမယ့် စစ်ကား (၇၀) ကျော်ပါ စစ်ယာဉ်တန်းအတွက် လမ်းကြောင်းရှင်းလာတဲ့ ပြေးကင်းကို ဒီနေ့မနက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၉) ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်(PDF) က သတင်းထုတ်ပြန်ပါတယ်။
အဲဒီစစ်ယာဥ်တန်းမှာ အင်အား (၂၃၀) ခန့်လောက်ပါပြီး ယင်းအနက်မှ ရှေ့ပြေးကင်း စစ်ကောင်စီတပ်သား (၁၀) ဦးကို ကျောက်ထု – ပုံညာလမ်းပိုင်းတစ်နေရာမှာ ကားမိုင်း (၆) လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ကြောင်းထိုး လမ်းကြောရှင်းရင်း ဖြန့်တက်လာတဲ့ စစ်ကောင်စီအင်အား (၂၂၀) ကျော်ကို ပူးပေါင်းတပ်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ကျောက်ထု-PDF (YRPA) နဲ့ The Youth Force (Saw&kyaukhtu) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းအဖွဲ့ဘက်က ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။