နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကိုကူညီဖို့ ကန်-တောင်ကိုးရီးယား ပူးတွဲထုတ်ပြန်
နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို ကူညီဖို့ အမေရိကန်-တောင်ကိုးရီးယား ပူးတွဲ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲအပြီး မေလ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ပူးတွဲကြေညာချက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden)နဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ရိုး (Yoon Suk-yeol) တို့က တောင်းဆိုလိုက်ကြတယ်လို့ RFA ကဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့လည်း နိုင်ငံတကာကို တောင်းဆိုခဲ့ကြပါတယ်။
အရပ်သားတွေကို အကြမ်းဖက်တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ အကန့်အသတ်မရှိ ပေးခွင့်ပြုဖို့နဲ့ ဒီမိုကရေစီစနစ် ပြန်ဖော်ဆောင်ဖို့အမေရိကန်-တောင်ကိုးရီးယားပူးတွဲကြေညာချက်မှာ တောင်းဆိုခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးနေတဲ့ အမေရိကန်နဲ့တောင်ကိုးရီးယား နှစ်နိုင်ငံခေါင်း ဆောင်တို့ရဲ့ ဆွေးနွေးပွဲမှာ မြန်မာ့အရေးထည့်သွင်းဆွေးနွေးကြတဲ့အပေါ် ကျေနပ်စရာကောင်းပေမဲ့ လက်တွေ့ကျတဲ့ဖိအားမျိုး ဖြစ်လာစေချင်တယ်လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြော ပါတယ်။
‘မြန်မာ့အရေးဟာ ဘယ်နေရာမှာမဆို မပါမဖြစ်ပါနေတဲ့အစ်ဆူးတစ်ခု ဖြစ်နေတာ ကောင်းပေမဲ့ ပြောနေကျစကားကို ပြောတာထက်ပိုတဲ့ လက်တွေ့ကျတဲ့ အကူအညီမျိုးမဟုတ်ဘူးဖြစ်နေတယ်’လို့သူကပြောပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်ဟာ မေလ ၂၀ ကနေ ၂၂ ရက်ထိ တောင်ကိုရီးယားနိုင်ငံကိုသွားရောက်ခဲ့ပြီး အခုဂျပန်နိုင်ငံကို ရောက်နေပါတယ်။
Zawgyi
နိုင္ငံတကာအေနနဲ႔ ျမန္မာျပည္သူေတြကိုကူညီဖို႔ ကန္-ေတာင္ကိုးရီးယား ပူးတြဲထုတ္ျပန္
နိုင္ငံတကာအေနနဲ႔ ျမန္မာျပည္သူေတြကို ကူညီဖို႔ အေမရိကန္-ေတာင္ကိုးရီးယား ပူးတြဲ တိုက္တြန္းလိုက္ပါတယ္။
အေမရိကန္-ေတာင္ကိုရီးယား ထိပ္သီးေဆြးေႏြးပြဲအၿပီး ေမလ ၂၁ ရက္မွာ ထုတ္ျပန္တဲ့ပူးတြဲေၾကညာခ်က္မွာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္ (Joe Biden)နဲ႔ ေတာင္ကိုရီးယားသမၼတ ယြန္းဆြတ္ခ္ရိုး (Yoon Suk-yeol) တို႔က ေတာင္းဆိုလိုက္ၾကတယ္လို႔ RFA ကေဖာ္ျပပါတယ္။
ဒါ့အျပင္ ျမန္မာစစ္တပ္ကို လက္နက္မေရာင္းဖို႔လည္း နိုင္ငံတကာကို ေတာင္းဆိုခဲ့ၾကပါတယ္။
အရပ္သားေတြကို အၾကမ္းဖက္တိုက္ခိုက္ေနတာေတြ ခ်က္ခ်င္းရပ္ဖို႔၊ နိုင္ငံေရးအက်ဥ္းသားအားလုံးကို ျပန္လႊတ္ဖို႔၊ လူသားခ်င္းစာနာမႈအကူအညီေတြ အကန႔္အသတ္မရွိ ေပးခြင့္ျပဳဖို႔နဲ႔ ဒီမိုကေရစီစနစ္ ျပန္ေဖာ္ေဆာင္ဖို႔အေမရိကန္-ေတာင္ကိုးရီးယားပူးတြဲေၾကညာခ်က္မွာ ေတာင္းဆိုခဲ့ပါတယ္။
ျမန္မာ့ဒီမိုကေရစီအေရးကို ေထာက္ခံအားေပးေနတဲ့ အေမရိကန္နဲ႔ေတာင္ကိုးရီးယား ႏွစ္နိုင္ငံေခါင္း ေဆာင္တို႔ရဲ့ ေဆြးေႏြးပြဲမွာ ျမန္မာ့အေရးထည့္သြင္းေဆြးေႏြးၾကတဲ့အေပၚ ေက်နပ္စရာေကာင္းေပမဲ့ လက္ေတြ႕က်တဲ့ဖိအားမ်ိဳး ျဖစ္လာေစခ်င္တယ္လို႔ ရန္ကုန္အေျခစိုက္နိုင္ငံေရးသုံးသပ္သူတစ္ဦးကေျပာ ပါတယ္။
‘ျမန္မာ့အေရးဟာ ဘယ္ေနရာမွာမဆို မပါမျဖစ္ပါေနတဲ့အစ္ဆူးတစ္ခု ျဖစ္ေနတာ ေကာင္းေပမဲ့ ေျပာေနက်စကားကို ေျပာတာထက္ပိုတဲ့ လက္ေတြ႕က်တဲ့ အကူအညီမ်ိဳးမဟုတ္ဘူးျဖစ္ေနတယ္’လို႔သူကေျပာပါတယ္။
သမၼတ ဂ်ိဳးဘိုင္ဒင္ဟာ ေမလ ၂၀ ကေန ၂၂ ရက္ထိ ေတာင္ကိုရီးယားနိုင္ငံကိုသြားေရာက္ခဲ့ၿပီး အခုဂ်ပန္နိုင္ငံကို ေရာက္ေနပါတယ္။