ၾကားသိသမွ်

ကျွန်တော်တို့ရဲ့ပုန်းအောင်းနေရတဲ့အချိန်ကာလတွေကုန်ပြီး သူတို့တွေပုန်းအောင်းရတော့မယ့်ကာလကိုရောက်လာပါလိမ့်မယ်

မနှစ်ကဒီလိုအချိန်မှာ ကျွန်တော်က မင်းတပ်ကို

ရောက်ဖို့ ပုန်းလျှိုးကွယ်လျှိုးလာခဲ့ရတာပါ

မနှစ်က ၆လပိုင်းမှာ မကွေးတိုင်း ကင်းမရွာကိုသွားလှူပြီးအပြန်မှာလည်းခွေးပြေးဝက်ပြေး ပြေးခဲ့ရတာပေါ့

မနှစ်ကတနှစ်လုံး မင်းတပ်နယ်ထဲကလွဲရင် ဘယ်မှမသွားရဲခဲ့ပါ


ဒီနှစ်တော့ ချင်းပြည်နယ် တကြောလုံးသာမက

မကွေးတိုင်း စစ်ကိုင်းတိုင်းထဲက ကျေးလက်နယ်တွေထဲကိုအတားအဆီးမရှိ သွားလာရဲပါပြီ

ဘာလို့ဆိူတော့ အခုလက်ရှိ

စစ်တပ်က မြို့ကြီးတွေကိုသာ စိုးမိုးနိုင်ပြီး

ကျေးလက်နယ်တွေကိုတော့ PDF CDF တွေက

စိုးမိုးထားတာမို့လို့ပါ


ကျွန်တော်တို့က သွားလာရဲနေတဲ့အချိန်

တချိန်တည်းမှာပဲ ရွာတွေမှာရှိတဲ့ ရဲတွေ စကစတွေက ရဲစခန်းတွေရဲကင်းတွေဖျက်သိမ်းပြီး မြို့ကြီးတွေမှာပဲ သွားနေကြပါပြီ

သိပ်မကြာခင် ကျွန်တော်တို့ရဲ့ပုန်းအောင်းနေရတဲ့အချိန်ကာလတွေကုန်ပြီး သူတို့တွေပုန်းအောင်းရတော့မယ့်ကာလကိုရောက်လာပါလိမ့်မယ်

သိပ်မကြာခင် ကျွန်တော်တို့ကဒီစကားကိုပြောနိုင်ပါတော့မယ်

“ ခေါင်းမြီးခြုံ လုံအောင်ပုန်း

ငါတို့ PDF တွေလာနေပြီ”


မီးအိမ်ရှင်မလေး❤️ဒေါက်တာအငြိမ်း

Credit; Source& Photo







ဘာလို့ဆိုတော့ အခုလက်ရှိ








ငါတို့ PDF တွေလာနေပြီ”


Credit; Source& Photo