ၾကားသိသမွ်

ကချင်ပြည်နယ်မှာ ယုဇနကုမ္ပဏီက သိမ်းထားတဲ့ မြေဧက ၂ သိန်းဝန်း ကျင်ကို KIO က စိစစ်ပြီး ဒေသခံပြည်သူတွေကို ခွဲဝေပေးမယ်

မေ ၂၂ ၊ ၂၀၂၂

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းတစ်လျှောက်မှာ ယုဇနကုမ္ပဏီက သိမ်းပိုက်ထားတဲ့ မြေဧက ၂ သိန်း ကျော်ကို KIO က စိစစ်ပြီးတော့ ဒေသခံပြည်သူတွေကို ပြန်လည်ခွဲဝေပေးတော့မှာ ဖြစ်ပါတယ်။

ယုဇနကုမ္ပဏီက သိမ်းပိုက်ထားတဲ့ မြေဧကတွေကို ဒေသခံပြည်သူတွေပြန်လည်ရရှိတဲ့ အထိမ်းအမှတ်အဖြစ် ကျေးဇူး တော်ချီးမွှမ်းတဲ့ အစီ အ စဉ်ကို မေ ၂၁ ရက်က ဝါရာဇွပ်ကျေးရွာမှာ ပြုလုပ်ခဲ့ကြပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ ဖော်ပြချက်မှာတော့ လီဒိုလမ်းတစ်လျှောက်က ဒွမ်ဘုံး၊ တနိုင်း၊ ရှင်ဗွေယန် အစရှိတဲ့ ကျေး ရွာ ၂၅ ရွာက ဒေသခံတွေစုပေါင်းပြီးတော့ မြေယာတွေပြန်လည်ရရှိစေဖို့အတွက် လုပ်ဆောင်ပေးတဲ့ KIO နဲ့ အဖက်ဖက် က ကူညီလမ်းပြအကြံပေးခဲ့ကြတဲ့ သူတွေကိုလည်း ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

‘KIOအစိုးရ၊ ပြည်သူတွေကို ကူညီပေးတဲ့ သူတွေ၊ လမ်းပြ အကြံပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းတွေ လည်း ပေးတယ်။ ဒွမ်ဘုံး၊ တနိုင်း၊ ရှင်ဗွေယန်ထိ ကျေးရွာ(၂၅)ထိပါတယ်။ယုဇန ကုမ္ပဏီတွေ သိမ်းပိုက်လိုက်တဲ့ မြေဧကတွေ ပြည်သူလူထုရဲ့ လက်ထဲ ဖြစ်ပြီဆိုတဲ့ အထိမ်းအမှတ် အနေနဲ့ပေါ့’ လို့ ဒေသခံတစ်ဦးက မြစ်ကြီးနာဂျာနယ်ကို ပြောကြားထားတာ တွေ့ရပါတယ်။

ပြန်လည် ရရှိခဲ့တဲ့ မြေဧကမှာ (၂)သိန်းဝန်းကျင်ကို KIO နဲ့ ဒေသခံ ပြ ည်သူလူထုပူးပေါင်းပြီး သက်ဆိုင်ရာ မြေယာခွဲဝေရေးကော်မတီတွေဖွဲ့စည်းကာ ဒေသခံပြည်သူလူထုများထံ စိစစ်ခွဲဝေမှုများ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဟူးကောင်းချိုင့်ဝှမ်း၊ လီဒိုလမ်းတစ်လျှောက်က ကျေးရွာ ဒေသခံတွေ လွတ်လွတ်လပ်လပ် စိုက်ပျိုးလုပ်ကိုင်ခဲ့တဲ့ နေရာ တွေကို အကြမ်းဖက်စစ်တပ်နဲ့ ပေါင်းပြီး ယုဇနကုမ္ပဏီက ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်အောက်ကနေ ၂၀၀၆ ခုနှစ်ကတည်း က သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ – မြစ်ကြီးနားသတင်းဂျာနယ်