ဦးလေးဖြူ မွေးနေ့အလှူ
================
မိမိ၏ သာသနာပြုလုပ်ငန်းများတွင်
သာသနာ့မြေ၊သုံးထပ်သိမ်ကျောင်း၊
နှစ်ထပ် ဆွမ်းစားကျောင်း၊
ရေတွင်း၊ရေကန်
ရေသန့်စက်၊ Landcruiser မော်တော်ယာဥ် အလှူရှင်
ဦးလေးဖြူ ၏ May 19′ ရက်နေ့တွင်ကျရောက်သော
မွေးနေ့အတွက် ဒီနေ့ 22′ ရက်နေ့မှာ နေအိမ်သို့
သံဃာတော်များပင့်ပြီး ဆွမ်းကပ်ခြင်း
လှူဖွယ်ဝတ္ထုလှူဒါန်းခြင်းများပြုလုပ်ပါတယ် ။
မိမိရေးသားသော
ဓမ္မဂုဏ်ရည်စာစဥ်အတွက်
၁၉’ အုပ်မြောက်ဖြစ်တဲ့
#တရားသည်သာအားကိုးရာ စာအုပ်အတွက်လည်း
ကုန်ကျငွေများကို ” ပညာသံဝတ္တနိက” ကုသိုလ်အဖြစ်
အမတဒါန’ ဓမ္မဒါန’ အဖြစ်လှူဒါန်းပါတယ် ။
ဘဝရဲ့ နောက်ဆုံးအချိန်မှာ
သက်ရှိသင်မဲ့အားလုံးဟာ ဘာတစ်ခုမှအားကိုးလို့
မရတော့ဘဲ မိမိတို့ပြုလုပ်ထားတဲ့
“တရား” တွေကိုသာ အားကိုးအားထား
ပြုကြရတာပါပဲ။
#တရားသည်သာအားကိုးရာ အမည်ရတဲ့စာအုပ်ဟာ
မိမိအပေါ်ပစ္စည်းလေးပါးနဲ့ ကျေးဇူးများတဲ့
#ဒကာဦးလေးဖြူကို ကျေးဇူးတုံ့ဆပ်သောအားဖြင့်
အားကိုးရာအမှန်ကိုသိစေလိုတဲ့ ဆန္ဒနဲ့
အချိန်ယူရေးသားထားခြင်းဖြစ်ပါတယ် ။
မိမိရဲ့ပစ္စည်းလေးပါးဒကာဦးလေးဖြူလည်း
အများနည်းတူကြုံတွေ့နေရတဲ့
အခက်အခဲအနည်းငယ်မှအပ
ကျန်းမာနေကောင်းစွာရှိပါတယ်။
အများကောင်းကျိုးပြု အလုပ်တွေကိုလည်း
နိုင်သလောက်ပြုလုပ်လျက်ရှိပါတယ်။
” လမ်းမှန်ကိုတွေ့ ၊ တရားမွေ့၊ နေ့စဥ်အေးငြိမ်းနိုင်ပါစေ”
” ဓ မ္မ ဂု ဏ် ရ ည် ဆ ရာ တော် ( ရွှေ ပြည်သာ) ”
Credit;Source & Photo
ဦးလေးဖြူ မွေးနေ့အလှူ
================
ရေတွင်း၊ရေကန်
မိမိရေးသားသော
၁၉’ အုပ်မြောက်ဖြစ်တဲ့
ပြုကြရတာပါပဲ။
အခက်အခဲအနည်းငယ်မှအပ
Credit;Source & Photo