စက်ရုံလုပ်သားအများအပြား အကြောင်းမဲ့အလုပ်ထုတ်ခံရမှုများနှင့် ကြုံတွေ့နေဟုဆို
ရန်ကုန်၊ မေ ၂၂
လူငယ့်ခေတ်
အထည်ချုပ်စက်ရုံမှ လုပ်သားအများအပြား အကြောင်းမဲ့အလုပ်ထုတ်ခံရမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရကြောင်း ကာယကံရှင် အလုပ်သမားများနှင့် အလုပ်သမားအဖွဲ့များထံမှ သတင်းရရှိသည်။
ထိုသို့ အကြောင်းမဲ့အလုပ်ထုတ်ပြီးနောက် နောက်ထပ် လုပ်သားအသစ်ခေါ်ယူရာတွင်လည်း တစ်ရက်လုပ်အားခ ကျပ် ၄၈၀၀ ထက်နည်းသောနှုန်းဖြင့် လုပ် ကိုင်နိုင်သူကိုသာ ဦးစားပေးခေါ်ယူနေကြောင်း အလုပ်သမားတချို့က ပြော သည်။
“ကျွန်တော်တို့စက်ရုံမှာ သုံးလပြည့် ဝန်ထမ်းတွေသာမက လခစားဝန်ထမ်းတွေကိုလည်း အကြောင်းမဲ့အလုပ် ထုတ်တယ်၊ နောက်ထပ်စျေးသက်သက်သာသာနဲ့ ခိုင်းနိုင်မယ့် နေ့စားဝန်ထမ်းတွေ အစားထိုးခန့်တယ်” ဟု ရွှေ ပြည်သာစက်မှုဇုန်ရှိ မြန်မာဟိုင်းရှိုင်းအထည်ချုပ်စက်ရုံ လုပ်သားတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။
ထို့ပြင် အထည်ချုပ်စက်ရုံအများစုမှာ အစမ်းခန့်အဖြစ် သုံးလခိုင်းစေပြီးနောက် လခစားဝန်ထမ်းအဖြစ် ပြောင်းလဲခန့်ထားရမည့်အစား အကြောင်းမဲ့အလုပ် ထုတ်မှုများပြုလုပ်နေကြောင်း သိရသည်။
အလုပ်သမားဥပဒေတွင် အစမ်းခန့်သုံးလပြည့်ပြီးပါက လခစားဝန်ထမ်းအဖြစ်ခန့်ရမည်ဟု မပြဌာန်းထားသည့်အတွက် အလုပ်ရှင်များက ယင်းအချက်ကို အသုံးချနေကြောင်း စက်ရုံလုပ်သားများက မှတ်ချက်ပြုသည်။
“အရင်က သုံးလအစမ်းခန့်ပြီးတာနဲ့ လခစားတန်းခန့်ပြီး အခုနောက်ပိုင်း အစမ်းခန့်တွေရဲ့ လုပ်အားကို ခေါင်းပုံဖြတ်နေကြတာ၊ တစ်လထဲကို အလုပ်ထုတ်ခံရတဲ့ အလုပ်သမား နှစ်ဆယ်ကျော်ပြီ။ အဲဒီလူတွေနေရာမှာ နောက်ထပ်နေ့စားတွေ ထပ်ခန့်တယ်”ဟု လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှ အထည်ချုပ်စက်ရုံ လုပ်သားတစ်ဦးကလည်း ပြောသည်။
အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ အလုပ်သမားရုံးများက လျစ်လျူ ရှုထားကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများက ထောက်ပြပြောဆိုသည်။
“အလုပ်သမားဥပဒေဆိုတာတွေလည်း ဒီအချိန်မှာမရှိတော့သလိုဖြစ်နေပြီ။ အလုပ်သမားတွေ နစ်နာမှု အရမ်းဆိုး နေတယ်။ ကူညီဆောင်ရွက်ပေးမယ့် သမဂ္ဂတွေလည်း စစ်ကောင်စီရန်က ရှောင်နေရတဲ့အတွက် ထိထိရောက် ရောက် ကူညီပေးဖို့ခက်နေတယ်” ဟု မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကလည်း မှတ်ချက်ပြုသည်။
စစ်အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတစ်ဝန်း အထည်ချုပ်စက်ရုံလုပ်သား တစ်သိန်းခွဲခန့် အလုပ်မှထုတ်ပယ် ခံထားရကြောင်း အပြည်ပြည်ဆိုင်အလုပ်သမားရေးရာအဖွဲ့ (ILO) ကလည်း မေလ၌ထုတ်ပြန်ထားသည်။