ၾကားသိသမွ်

ကျည်မရှိရင် ဓားလွယ်ပြီး အကြ မ်း ဖ က် စစ်အုပ်စုကို တိုက်ခိုက်မယ်လို့ B.I.A (ဒီပဲယင်း) တပ်ဖွဲ့ဆို

ကျည်မရှိရင် ဓားလွယ်ပြီး အကြမ်းဖက် စစ်အုပ်စုကို တိုက်ခိုက်မယ်လို့ B.I.A (ဒီပဲယင်း) တပ်ဖွဲ့ဆို၊

MFP ၊ မေ-၂၂

လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲ သောင်းကျန်း သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်အုပ်စုကို တူမီး၊ လက်လုပ်သေနတ်နဲ့ ခုခံတိုက်ခိုက်နေတဲ့ Burmese Independent Army – BIA (ဒီပဲယင်း)တပ်ဖွဲ့က လက်ထဲ သေနတ်ကျည် မရှိတော့ရင်တောင် ဓားလွယ်ပြီး စစ်အုပ်စုကို တိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။

“လက်ထဲမှာ ကျည်တစ်တောင့်ပဲ ကျန်တဲ့အထိ၊ ကျည်မရှိတော့ရင်တောင် ဓားတစ်လက်ကို လွယ်ပြီး ငါတို့ ယုံကြည်ရာ၊ ငါတို့ အမှန်တရားအတွက်၊ ငါတို့ ရှေ့ဆက်သွားမှာပဲ” လို့ BIA (ဒီပဲယင်း)တပ်ဖွဲ့မှ ဗိုလ်သတ္တိ က ဆိုပါတယ်။

BIA (ဒီပဲယင်း)တပ်ဖွဲ့ အနေနဲ့ အကြမ်းဖက် စစ်အုပ်စုကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ လက်နက်အင်အား မရှိပေမယ့် ရရာလက်နက် ကိုင်စွဲပြီး စစ်အာဏာရှင် အမြစ်ပြတ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်မယ်လို့ ဆိုပါတယ်။ အများပြည်သူ အနေနဲ့လည်း BIA (ဒီပဲယင်း) အပါအဝင် ဒေသကာကွယ်ရေ တပ်ဖွဲ့တွေကို ထောက်ပံ့ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

“ကျည်ဆံတွေကို ငါတို့မကြောက်ပါဘူး။ ပြန်ပစ်စရာ ကျည်ဆံမရှိမှာကိုဘဲ ကြောက်တာ။ ဗုံးသံတွေကို ငါတို့မကြောက်ပါဘူး။ ပြန်ပစ်စရာ ဗုံးတွေ၊မိုင်းတွေ မရှိမှာဘဲ ကြောက်တာ။ လက်နက်ဝယ်ဖို့ ငွေလိုတယ်။ ကျည်ဝယ်ဖို့ ငွေလိုတယ်။ ဗုံးတွေ၊မိုင်းတွေလုပ်ဖို့ ငွေလိုတယ်။ တော်လှန်ရေးက ငွေရှိမှ မြန်မြန်နိုင်မှာ” လို့ B.I.A (ဒီပဲယင်း) ရဲ့ ဗိုလ်သတ္တိက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီ အကြမ်းဖက်သမားတွေက ဒီပဲယင်းနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ မေ(၁၉)ရက်နှင့် (၂၀)ရက် နှစ်ရက်တာအတွင်း ဒီပဲယင်းမြို့နယ် သရက်တော၊ ခွင့်တောင်းနှင့် ပင်စည်ကျေးရွာတွေက ပြည်သူ့နေအိမ် (၆၀)ကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံတချို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ခေတ်မီ ထောက်လှမ်းရေး နည်းပညာတွေ အသုံးပြုပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ နေရာတွေကို စုံစမ်းထောက်လှမ်းကာ လက်နက်အင်အား၊ လူအင်အား အသားစီးနဲ့ စီးနင်း တိုက်ခိုက်တာတွေ လုပ်ဆောင်နေသလို လူနာတင်ကားတွေ အသုံးပြုတာ၊ အရပ်သားအသွင်ယူပြီး တိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေတယ်လို့ ရွှေဘိုခရိုင်ထဲက ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုဟာ ဒီပဲယင်းနယ် အပါအဝင် စစ်ကိုင်းတိုင်းက လက်နက်မဲ့ အရပ်သား ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက် ငွေညှစ်တာ၊ ရွာတွေထဲ စီးနင်းဝင်ရောက်ပြီး တန်ဘိုးကြီးပစ္စည်းတွေ ဖောက်ထွင်းခိုးယူ လုယက်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေလည်း ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက် စစ်အုပ်စုဟာ ဒီပဲယင်းနယ်ထဲ အုပ်စုနှစ်စုခွဲပြီး ရွာစဉ်ပတ်မွှေ လုယက် သတ်ဖြတ် ဆက်လက် သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်လုပ်သေနတ်တွေနဲ့ အကြမ်းဖက် စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတဲ့ BIA(ဒီပဲယင်း) ရဲဘော်တွေ/Photo – BIA