YBS စီးနင်းရတာ အရင်လို လုံခြုံမှု မရှိတော့ဘူးလို့ ပြည်သူတွေ ပြော
ရန်ကုန်၊ မေ ၂၁
ရန်ကုန်က အများပြည်သူတွေ အဓိက အသုံးပြုနေတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေဖြစ်တဲ့ YBS တွေ စီးနင်းရတာ အရင်လို လုံခြုံမှုမရှိတော့ဘူးလို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။
YBS ယာဉ်လိုင်းတွေကို ရန်ကုန်မြို့က လူတန်းစားအလွှာအသီးသီး လိုက်ပါစီးနင်းနေကြပြီး အများစုကတော့ ဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစာတွေ ဖြစ်ပါတယ်။
ဒါပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက် YBS ယာဉ်လိုင်းတွေမှာ ခါးပိုက်နှိုက်ခံရတာ၊ အနုကြမ်းစီးခံရတဲ့ ဖြစ်စဉ်တွေ ပိုမို ဖြစ်ပေါ်လာသလို အရေးယူ ဆောင်ရွက်တာ မရှိသလောက် နည်းပါးနေတာပါ။
ဒါကြောင့် YBS စီးနင်းရတာဟာ အရင်လို လုံခြုံမှု မရှိတော့သလို ကိုယ့်လုံခြုံရေးအတွက် ကိုယ်တိုင်ပဲ ဂရုစိုက်နေရတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ဆိုပါတယ်။
“YBS နဲ့ ပတ်သက်ရင် လုံခြုံရေးက ဘယ်သူမှလည်း အာမခံပေးတာမရှိဘူးပေါ့နော်။ တခုခုဖြစ်လို့ သွားတိုင်မယ်ဆိုလို့ရှိရင်လည်း အရေးယူမယ်လို့ မထင်ဘူးပေါ့နော်။ ကိုယ့်ကိုကိုယ်လုံခြုံအောင်တော့ နေရတာပေါ့။ ခါးပိုက်နှိုက်ခံထိလို့ ပြောရင် ရဲစခန်းသွားပို့ရတဲ့အခါ သူတို့ခေါက်ကြေးလျော့တယ်လို့ ပြောဆိုတာလည်းရှိတယ်။ အဲ့ဒါကြောင့်လည်း ကိုယ့်ကိုကိုယ် ခါးပိုက်နှိုက်မခံရအောင်။ ထိပါးနှောင့် ယှက်တာ မခံရအောင် အတတ်နိုင်ဆုံးတော့ ကာကွယ်နေရတာပေါ့”လို့ ရန်ကုန်မြို့ နေပြည်သူ တစ်ဦးက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီကတော့ ခါးပိုက်နှိုက်ခံရတာ၊ အနုကြမ်းစီးခံရတဲ့ ဖြစ်စဉ်တွေကို ဖြေရှင်းဖို့အတွက် ကားတွေမှာ CCTV တွေ တပ်ဆင်ထားပြီး ရဲစခန်းမှာ အမှုဖွင့်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် YBS စီးနင်းရတဲ့ ပြည်သူတွေဟာ အုပ်စုဖွဲ့ အနုကြမ်းစီးခံရတာ ၊ အကြမ်းဖက်ခံရတာ ဖြစ်စဉ်တွေကြောင့် ဘဝမလုံခြုံမှု ပြဿနာကို ခံစားနေရပါတယ်။
ဥပဒေပညာရှင်တွေကတောာ့ အာဏာသိမ်း စစ်ကောင်စီဟာ အာဏာတည်မြဲဖို့အတွက်ပဲ ကြိုးပမ်းနေတဲ့အတွက် တရားဥပဒေစိုးမိုးရေးကို လုံးဝဂရုမစိုက်တော့တဲ့ အခြေအနေကြောင့် အခုလို ဖြစ်စဉ်တွေ ဖြစ်ပေါ်နေတာလို့ ဝေဖန်ထားပါတယ်။သတင်း – သံလွင်တိုင်းမ်