ကာသာတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရသောကြောင့် ၁၀ဦးထက်မနည်း သေဆုံးဟုဆို
ကသာ – မေ ၂၂၊ ၂၀၂၂။
စစ်ကောင်စီ ခြေလျင်စစ်ကြောင်းတစ်ကြောင်း ကသာမြို့နယ် ကပ္ပလိပ်ကျေးရွာအနီးတွင် ယနေ့နံနက် ငါးနာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်သောကြောင့် ၁၀ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
စစ်သည်အင်အား ၃၀ ခန့်ရှိသည့် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဖောကား(FAW)ဖြင့် ကသာမြို့သို့ သယ်ဆောင်သွားသည်ဟု ခိုင်လုံသည့် အမျိုးသားသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“ရှိတဲ့အင်အား ၁၀၀ ကျော်မှာ ရှေ့ပြေးအနေနဲ့ အင်အား ၃၀ ထွက်တယ်။ တစ်ဝက်လောက်က ဒဏ်ရာရပြီး တစ်ဝက်လောက်က သေဆုံးတယ်လို့ ကျွန်တော်တို့က အဲ့လောက်ပဲ အကြမ်းဖျင်းပြောလို့ရမှာပေါ့။ အဲဒါကို ဖောကား(FAW)နဲ့သယ်သွားတယ်။ အဲဒါကို နီးစပ်တဲ့သူတွေက မြင်လိုက်တယ်” ဟုပြောသည်။
ထိုစစ်ကြောင်းသည် မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောသုံးစီးကို လုံခြုံရေးယူရန် မေလ ၁၅ ရက်နေ့ကတည်းက ကသာမြို့ မိဿလင်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်ဆွဲထားသည့် စစ်ကြောင်းဖြစ်သည်ဟု သူကပြောသည်။
စစ်ကောင်စီသင်္ဘော ကသာမြို့သို့ ကမ်းကပ်ချိန်တွင်လည်းသင်္ဘောပေါ်မှ တပ်ဖွဲ့ဝင်အချို့လည်း ဘုန်းကြီးကျောင်းရှိ စစ်ကြောင်းတွင် အင်အားဖြည့်ထနေကြောင်း သူကဆက်ပြောသည်။
မိဿလင်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထပ်မံအင်အားဖြည့်ကာ စစ်သည်အင်အား ၁၀၀ခန့်ဖြင့် ကသာအထက်ဘက် ကပ္ပလိပ်ကျေးရွာမှတဆင့် သာစည်ကျေးရွာဘက်သို့ ဆက်လက် ခြေလျင် စစ်ရေးလှုပ်ရှားလျက်ရှိကြောင်းသိရသည်။
မေလ ၁၆ ရက်နေ့က ကသာမြို့နယ် သာဂရကျေးရွာနှင့် အင်းကျေးရွာကြားတွင် စစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။Photo – Credit