ၾကားသိသမွ်

မအလ ကြောက်နေသည့် ရန်ကုန်-မန္တလေး

အဘကြောက်နေသည့် ရန်ကုန်-မန္တလေး

စစ်ရုံးချုပ်ထဲ အစည်းအဝေးတိုင်းမှာ ပြောကြဆွေးနွေးကြတာက ရန်ကုန်-မန္တလေးကားလမ်း၊ ရထားလမ်းနဲ့ ရေကြောင်းလမ်းတွေရဲ့ ကုန်စည်စီးဆင်းမှုအတွက် အရေးပါပုံပါ။

စိုးရိမ်နေတာက ရန်ကုန်-မန္တလေးလမ်းပိုင်းကို PDF က စစ်ကိုင်းနဲ့ မကွေးမှာလို အနှောက်အယှက်ပေးလာရင် ဘာလုပ်ရမလဲဆိုတာပါ။ တပ်တွေကို ရွှေ့ပြောင်းတာ၊ တပ်တွေအတွက် ရိက္ခာက လေယာဉ်၊ ရဟတ်ယာဉ်တွေသုံးပြီး ရွှေ့ပြောင်းနိုင်ပေမယ့် ကုန်စည်စီးဆင်းမှုအတွက်ကတော့ ကုန်းလမ်း၊ ရေလမ်းကို သုံးရမှာပါ။

ပုံမှန်မှာ သူ့တပ်ကိုလာတိုက်တဲ့ရွာကို မီးရှို့ပြီး တုန့်ပြန်ပေမယ့် PDF က သူ့ကိုမတိုက်ဘဲ သာမန်ကုန်စည်စီးဆင်းမှုကို အနှောက်အယှက်ပေးရင် တပ်ဖြန့်ကင်းပုန်းဝတ် အစောင့်ချမလား ဒါမှမဟုတ် စစ်တပ်အစောင့်နဲ့ ပစ္စည်းသယ်မလား စစဉ်းစားနေရပါပြီ။ ယခင်ကထဲက လစဉ်အစည်းအဝေးမှာ ပြောကြပေမယ့် ယခုနောက်ပိုင်း ပဲခူးနားမှာ လှုပ်ရှားလာလို့ အရေးပေါ်ဖြစ်လာနေပါပြီ။

တပ်ထဲမှာအားလုံးတွက်ထားတာက ပဲခူးမှာ PDF က ရှိနေပြီး ဘယ်အချိန်မဆိုသူတို့ကို လာတိုက်နိုင်တယ်ဆိုတာပါ။ ဒါပေမယ့် မြန်မာပြည်မှာထူးဆန်းတာက စက်သုံးဆီရှားအောင် စားသုံးဆီရှားအောင် လုပ်နေတာက NUG နဲ့ PDF မဟုတ်ဘဲ မအလကိုယ်တိုင်ဖြစ်နေတာပါ။

စာရေးသူတို့က ဆီလှောင်ကန်တွေပစ်ဘာညာ လျှောက်ပြောနေချိန်မှာ မအလက ဒေါ်လာစျေးငွေလွှဲနှုန်းကိုသတ်မှတ်ပြီး သူ့သေတွင်းသူ တူးသွားတာပါ။ ဒီအကွက်က လှပါတယ်။ ယခုလဲ မိုးဟိန်းက မြဝတီပေါ်ကနေ ခရိုနီတွေက လောဘကြီးတယ် ဆီကိုအမြတ်ကြီးစားတယ် ဒါကြောင့် နေဝင်းလုပ်သလို ပြည်သူပိုင်သိမ်းရမယ်ဆိုပြီး အော်နေပါပြီ။

အကျဉ်းချုပ်ရရင် PDF တိုက်မှာကိုကြောက်ပြီး မအလကတော့ ပြင်ဆင်နေပါပြီ။ အချို့ကိစ္စတွေက NUG နဲ့ PDF က ဘာမှမလုပ်လဲ မအလက သူ့ဖာသာ ကုန်စည်စီဆင်းမှုကို ဖြတ်မှာပါ။ PDF ကသာ အဆိုပါလမ်းကြောကို မအလထင်သလို ဖြတ်တောက်နိုင်ခဲ့ရင်တော့ ဒီပွဲက အလှည့်အပြောင်းကို ရောက်လာမှာပါလို့ ပြောပါရစေ။

Myat Tun Oo

အဘေၾကာက္ေနသည့္ ရန္ကုန္-မႏၲေလး

စစ္႐ုံးခ်ဳပ္ထဲ အစည္းအေဝးတိုင္းမွာ ေျပာၾကေဆြးေႏြးၾကတာက ရန္ကုန္-မႏၲေလးကားလမ္း၊ ရထားလမ္းနဲ႔ ေရေၾကာင္းလမ္းေတြရဲ့ ကုန္စည္စီးဆင္းမႈအတြက္ အေရးပါပုံပါ။

စိုးရိမ္ေနတာက ရန္ကုန္-မႏၲေလးလမ္းပိုင္းကို PDF က စစ္ကိုင္းနဲ႔ မေကြးမွာလို အေႏွာက္အယွက္ေပးလာရင္ ဘာလုပ္ရမလဲဆိုတာပါ။ တပ္ေတြကို ေရႊ႕ေျပာင္းတာ၊ တပ္ေတြအတြက္ ရိကၡာက ေလယာဥ္၊ ရဟတ္ယာဥ္ေတြသုံးၿပီး ေရႊ႕ေျပာင္းနိုင္ေပမယ့္ ကုန္စည္စီးဆင္းမႈအတြက္ကေတာ့ ကုန္းလမ္း၊ ေရလမ္းကို သုံးရမွာပါ။

ပုံမွန္မွာ သူ႔တပ္ကိုလာတိုက္တဲ့ရြာကို မီးရွို႔ၿပီး တုန္႔ျပန္ေပမယ့္ PDF က သူ႔ကိုမတိုက္ဘဲ သာမန္ကုန္စည္စီးဆင္းမႈကို အေႏွာက္အယွက္ေပးရင္ တပ္ျဖန္႔ကင္းပုန္းဝတ္ အေစာင့္ခ်မလား ဒါမွမဟုတ္ စစ္တပ္အေစာင့္နဲ႔ ပစၥည္းသယ္မလား စစဥ္းစားေနရပါၿပီ။ ယခင္ကထဲက လစဥ္အစည္းအေဝးမွာ ေျပာၾကေပမယ့္ ယခုေနာက္ပိုင္း ပဲခူးနားမွာ လႈပ္ရွားလာလို႔ အေရးေပၚျဖစ္လာေနပါၿပီ။

တပ္ထဲမွာအားလုံးတြက္ထားတာက ပဲခူးမွာ PDF က ရွိေနၿပီး ဘယ္အခ်ိန္မဆိုသူတို႔ကို လာတိုက္နိုင္တယ္ဆိုတာပါ။ ဒါေပမယ့္ ျမန္မာျပည္မွာထူးဆန္းတာက စက္သုံးဆီရွားေအာင္ စားသုံးဆီရွားေအာင္ လုပ္ေနတာက NUG နဲ႔ PDF မဟုတ္ဘဲ မအလကိုယ္တိုင္ျဖစ္ေနတာပါ။

စာေရးသူတို႔က ဆီေလွာင္ကန္ေတြပစ္ဘာညာ ေလၽွာက္ေျပာေနခ်ိန္မွာ မအလက ေဒၚလာေစ်းေငြလႊဲႏႈန္းကိုသတ္မွတ္ၿပီး သူ႔ေသတြင္းသူ တူးသြားတာပါ။ ဒီအကြက္က လွပါတယ္။ ယခုလဲ မိုးဟိန္းက ျမဝတီေပၚကေန ခရိုနီေတြက ေလာဘႀကီးတယ္ ဆီကိုအျမတ္ႀကီးစားတယ္ ဒါေၾကာင့္ ေနဝင္းလုပ္သလို ျပည္သူပိုင္သိမ္းရမယ္ဆိုၿပီး ေအာ္ေနပါၿပီ။

အက်ဥ္းခ်ဳပ္ရရင္ PDF တိုက္မွာကိုေၾကာက္ၿပီး မအလကေတာ့ ျပင္ဆင္ေနပါၿပီ။ အခ်ိဳ႕ကိစၥေတြက NUG နဲ႔ PDF က ဘာမွမလုပ္လဲ မအလက သူ႔ဖာသာ ကုန္စည္စီဆင္းမႈကို ျဖတ္မွာပါ။ PDF ကသာ အဆိုပါလမ္းေၾကာကို မအလထင္သလို ျဖတ္ေတာက္နိုင္ခဲ့ရင္ေတာ့ ဒီပြဲက အလွည့္အေျပာင္းကို ေရာက္လာမွာပါလို႔ ေျပာပါရေစ။

Myat Tun Oo