ၾကားသိသမွ်

မြောင်နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဘုရားစေတီနှင့် သာသနိက အဆောက်အဦးတွေကိုပါ မီး ရှို့ ဖျ က်ဆီးနေ (ရုပ်သံ)

မြောင်နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဘုရားစေတီနှင့် သာသနိက အဆောက်အဦးတွေကိုပါ မီးရှို့ဖျက်ဆီးနေ (ရုပ်သံ)

MFP ၊ မေ-၂၂

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲ လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ လုယက် သတ်ဖြတ် သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ အများပြည်သူရဲ့ နေအိမ်တွေကိုသာမက ဘုရားစေတီ၊ ဓမ္မာရုံစတဲ့ သာသနိက အဆောက်အဦးတွေကိုပါ မီးရှို့ဖျက်ဆီးနေပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ မနေ့က မေ(၂၁)ရက်မှာ မြောင်မြို့နယ် မင်းတန်းကျေးရွာထဲ ဝင်မွှေလုယက် ဖောက်ထွင်း ခိုးယူခဲ့ပြီးနောက် အများပြည်သူ့ နေအိမ် (၁၀၀)ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့သလို မင်းတန်းရွာ ဘုရားစေတီရဲ့ ထီးတော်ကို ဖြိုချဖျက်ဆီးပြီး ဓမ္မာရုံကိုလည်း ဖြိုချဖျက်ဆီးကာ မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မင်းတန်းကျေးရွာရှိ ဘုရားစေတီ၊ ဓမ္မာရုံပါ မကျန် မအလ စစ်ခွေးတွေ မီးရှို့ အကြမ်းဖက် ရွာလုံးကျွတ်နီးပါး မီးလောင် ဆုံးရှုံး” လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီ အကြမ်းဖက်သမားတွေ ဝင်မွှေလုယက်ပြီး ဘုရားစေတီပါမကျန် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းတန်းကျေးရွာထဲ ဒီကနေ့ မေ(၂၂)ရက် မနက်ပိုင်းမှာ ဒေသခံတွေနှင့် ဒေသကာကွယ်ရေး ရဲဘော်တွေက ဝင်ရောက်မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ပေမယ့် အကြမ်းဖက် စစ်အုပ်စုက ပစ်ခတ်လို့ ရွာထဲမဝင်ရဲဘဲ ပြန်ထွက်ပြေးလာရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မင်းတန်းကြေးရွာက နေအိမ်တွေကို ဝင်မွွေလုယက် ဖောက်ထွင်းခိုးယူ မီးရွို့ကာ ဘုရားစေတီ၊ ဓမ္မာရုံနွင့် သာသနိက အေဆာက်အအုံေတွေကိုပါ မီးရွို့ဖကြ်ဆီးသွားတဲ့ အာဏာသိမ်း စစ်ကောင်စီ အကြမ်းဖက် သမားတွေဟာ လက်ရွိမွာတော့ သာဒွန်းအေနာက်ရွာနွင့် အညှန့်ရွာထဲ ဆက်လက် ဝင်မွွေလုယက် ခိုးယူပြီးနောက် အညှန့်ရွာက မြစ်ကမ်းဘေးမွာ ရွိတဲ့ ပြည်သူ့ နေအိမ်တွေကို မီးရွို့ဖကြ်ဆီးနေပြန်ပြီလို့ ဒေသခံတွေက ဆိုပါတယ်။

အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုဟာ ဧပြီလကုန်ပိုင်းက စတင်ပြီး စစ်ကိုင်းတိုင်း မြောင်မြို့နယ်နှင့် မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ကျေးရွာတွေထဲ လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းကာ ဒေသခံ အရပ်သား ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်မီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီ အကြမ်းဖက်သမားတွေ ဝင်မွှေလုယက် မီးရှို့လို့ ရေစကြိုနယ် ရေလယ်ကျွန်းဒေသက ကျေးရွာ (၁၇)ရွာ ဖောက်ထွင်းခိုးယူ ခံရပြီး နေအိမ်အလုံး (၁၆၀)ကျော် ပြာကျသည်အထိ မီးရှို့ခံခဲ့ရကာ ဒေသခံ စစ်ဘေးရှောင် ပြည်သူတချို့လည်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ မြောင်နယ်ထဲကို ဆက်လက်ဝင်မွှေ သောင်းကျန်းနေပြီး မြောင်နယ်က ရွာပုလဲရွာ၊ ပေါက်ချောင်းရွာ၊ ပန်းညိုရွာ၊ ညောင်ကားယားရွာ၊ မယ်မသော်ရွာ၊ အညွှန့်ရွာ၊ နဂါးပေါက်ရွာ၊ နေပူကုန်းရွာနှင့် မင်းတန်းရွာ စတဲ့ ရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီး ခဲ့ပြီး ဆက်လက်ပြီးတော့လည်း ရွာစဉ်ပတ်မွှေ မီးရှို့ဖျက်ဆီး နေတာ ဖြစ်ပါတယ်။

မြောင်မြို့နယ် မင်းတန်းရွာက ဘုရားစေတီနှင့် ဓမ္မာရုံတွေကို အကြမ်းဖက် စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့စဉ်/Video- ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး

ေျမာင္နယ္မွာ အၾကမ္းဖက္စစ္အုပ္စုက ဘုရားေစတီႏွင့္ သာသနိက အေဆာက္အဦးေတြကိုပါ မီးရွို႔ဖ်က္ဆီးေန (႐ုပ္သံ)

MFP ၊ ေမ-၂၂

စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္ထဲ လက္နက္အားကိုးႏွင့္ ရြာစဥ္ပတ္ေမႊ လုယက္ သတ္ျဖတ္ ေသာင္းက်န္းေနတဲ့ အၾကမ္းဖက္ စစ္အုပ္စုဟာ အမ်ားျပည္သူရဲ့ ေနအိမ္ေတြကိုသာမက ဘုရားေစတီ၊ ဓမၼာ႐ုံစတဲ့ သာသနိက အေဆာက္အဦးေတြကိုပါ မီးရွို႔ဖ်က္ဆီးေနပါတယ္။

အၾကမ္းဖက္ စစ္အုပ္စုဟာ မေန႔က ေမ(၂၁)ရက္မွာ ေျမာင္ၿမိဳ႕နယ္ မင္းတန္းေက်းရြာထဲ ဝင္ေမႊလုယက္ ေဖာက္ထြင္း ခိုးယူခဲ့ၿပီးေနာက္ အမ်ားျပည္သူ႔ ေနအိမ္ (၁၀၀)ဝန္းက်င္ကို မီးရွို႔ဖ်က္ဆီးခဲ့သလို မင္းတန္းရြာ ဘုရားေစတီရဲ့ ထီးေတာ္ကို ၿဖိဳခ်ဖ်က္ဆီးၿပီး ဓမၼာ႐ုံကိုလည္း ၿဖိဳခ်ဖ်က္ဆီးကာ မီးရွို႔သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“မင္းတန္းေက်းရြာရွိ ဘုရားေစတီ၊ ဓမၼာ႐ုံပါ မက်န္ မအလ စစ္ေခြးေတြ မီးရွို႔ အၾကမ္းဖက္ ရြာလုံးကၽြတ္နီးပါး မီးေလာင္ ဆုံးရႈံး” လို႔ ေဒသကာကြယ္ေရး တပ္ဖြဲ႕ဝင္ တစ္ဦးက ဆိုပါတယ္။

အာဏာသိမ္း စစ္ေကာင္စီ အၾကမ္းဖက္သမားေတြ ဝင္ေမႊလုယက္ၿပီး ဘုရားေစတီပါမက်န္ မီးရွို႔ဖ်က္ဆီးခဲ့တဲ့ မင္းတန္းေက်းရြာထဲ ဒီကေန႔ ေမ(၂၂)ရက္ မနက္ပိုင္းမွာ ေဒသခံေတြႏွင့္ ေဒသကာကြယ္ေရး ရဲေဘာ္ေတြက ဝင္ေရာက္မီးျငႇိမ္းသတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အၾကမ္းဖက္ စစ္အုပ္စုက ပစ္ခတ္လို႔ ရြာထဲမဝင္ရဲဘဲ ျပန္ထြက္ေျပးလာရတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

မင္းတန္းေၾကးရြာက ေနအိမ္ေတြကို ဝင္ေမြြလုယက္ ေဖာက္ထြင္းခိုးယူ မီးရြိဳ႕ကာ ဘုရားေစတီ၊ ဓမၼာ႐ုံႏြင့္ သာသနိက ေအဆာက္အအုံေေတြကိုပါ မီးရြိဳ႕ဖၾက္ဆီးသြားတဲ့ အာဏာသိမ္း စစ္ေကာင္စီ အၾကမ္းဖက္ သမားေတြဟာ လက္ရြိမြာေတာ့ သာဒြန္းေအနာက္ရြာႏြင့္ အညႇန႔္ရြာထဲ ဆက္လက္ ဝင္ေမြြလုယက္ ခိုးယူၿပီးေနာက္ အညႇန႔္ရြာက ျမစ္ကမ္းေဘးမြာ ရြိတဲ့ ျပည္သူ႔ ေနအိမ္ေတြကို မီးရြိဳ႕ဖၾက္ဆီးေနျပန္ၿပီလို႔ ေဒသခံေတြက ဆိုပါတယ္။

အာဏာသိမ္း အၾကမ္းဖက္ စစ္အုပ္စုဟာ ဧၿပီလကုန္ပိုင္းက စတင္ၿပီး စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္ႏွင့္ မေကြးတိုင္း ေရစႀကိဳၿမိဳ႕နယ္ ေရလယ္ကၽြန္းေဒသ ေက်းရြာေတြထဲ လက္နက္အားကိုးႏွင့္ ရြာစဥ္ပတ္ေမႊ လုယက္ ေသာင္းက်န္းကာ ေဒသခံ အရပ္သား ျပည္သူေတြကို ဖမ္းဆီးသတ္ျဖတ္တာ၊ ေနအိမ္မီးရွို႔တာေတြ က်ဴးလြန္ေနတာ ျဖစ္ပါတယ္။

စစ္ေကာင္စီ အၾကမ္းဖက္သမားေတြ ဝင္ေမႊလုယက္ မီးရွို႔လို႔ ေရစႀကိဳနယ္ ေရလယ္ကၽြန္းေဒသက ေက်းရြာ (၁၇)ရြာ ေဖာက္ထြင္းခိုးယူ ခံရၿပီး ေနအိမ္အလုံး (၁၆၀)ေက်ာ္ ျပာက်သည္အထိ မီးရွို႔ခံခဲ့ရကာ ေဒသခံ စစ္ေဘးေရွာင္ ျပည္သူတခ်ိဳ႕လည္း ဖမ္းဆီးႏွိပ္စက္ သတ္ျဖတ္ခံခဲ့ရပါတယ္။ အၾကမ္းဖက္ စစ္အုပ္စုဟာ ေျမာင္နယ္ထဲကို ဆက္လက္ဝင္ေမႊ ေသာင္းက်န္းေနၿပီး ေျမာင္နယ္က ရြာပုလဲရြာ၊ ေပါက္ေခ်ာင္းရြာ၊ ပန္းညိဳရြာ၊ ေညာင္ကားယားရြာ၊ မယ္မေသာ္ရြာ၊ အညႊန႔္ရြာ၊ နဂါးေပါက္ရြာ၊ ေနပူကုန္းရြာႏွင့္ မင္းတန္းရြာ စတဲ့ ရြာေတြက ေနအိမ္ေတြကို မီးရွို႔ဖ်က္ဆီး ခဲ့ၿပီး ဆက္လက္ၿပီးေတာ့လည္း ရြာစဥ္ပတ္ေမႊ မီးရွို႔ဖ်က္ဆီး ေနတာ ျဖစ္ပါတယ္။

ေျမာင္ၿမိဳ႕နယ္ မင္းတန္းရြာက ဘုရားေစတီႏွင့္ ဓမၼာ႐ုံေတြကို အၾကမ္းဖက္ စစ္အုပ္စုက မီးရွို႔ဖ်က္ဆီးခဲ့စဥ္/Video- ေဒသကာကြယ္ေရး တပ္ဖြဲ႕ဝင္တစ္ဦး