ၾကားသိသမွ်

မွေးနေ့ကိတ်မရှိလို့ လက်ဖက်ထမင်းနဲ့ မွေးနေ့ကျင်းပခဲ့တဲ့PDF ထောက်ပို့အမျိုးသမီးငယ် လေး(ရုပ်သံ)

မွေးနေ့ကိတ်မရှိလို့ လက်ဖက်ထမင်းနဲ့ မွေးနေ့ကျင်းပခဲ့တဲ့ ထောက်ပို့အမျိုးသမီးငယ်

Nan Chaw Suu Khin ဆိုတဲ့ ထောက်ပို့အမျိုးသမီးငယ်ရဲ့ ဒီနေ့မှာကျရောက်တဲ့ သူ့ရဲ့မွေးနေ့ကို လွတ်မြောက်နယ်မြေမှာ တစ်ဦးတည်းဆုတောင်းရင်း ကျင်းပခဲ့ပါတယ်။

သူဟာ သင်္ကြန်ကာလမတိုင်မီက သင်္ကြန်သီချင်းနဲ့ ကပြီးပြီး လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့တာကြောင့် လူသိများခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့သူ့ရဲ့မွေးနေ့မှာ မွေးနေ့ကိတ်မရှိတဲ့အတွက် သူ့ရဲ့ရဲဘော်ရဲဘက်တွေဖန်တီးပေးတဲ့ လက်ဖက်ထမင်းကို မွေးနေ့ကိတ်နေရာမှာ အစားထိုးပြီး သူ့ရဲ့မွေးနေ့ဆုတောင်းစကားကို ဆိုခဲ့ပါတယ်။

သူဆုတောင်းခဲ့တာကတော့ အရေးတော်ပုံအောင်မြင်ပြီး အမြန်ဆုံးအိမ်ပြန်နိုင်ကာ ပြည်သူပြည်သားတွေအားလုံးဘေးကင်းဖို့ ဆုတောင်းပေးခဲ့တာပါ crd-TNV

ရုပ်သံကြည့်ရန်👇




