ၾကားသိသမွ်

ဆီးဂိမ်းသမိုင်းတလျှောက်ဆုမဲ့သမိုင်းသစ်ဝင်ခဲ့သည့် မြန်မာအမျိုးသမီးဘောလုံးအသင်း

မြန်မာအမျိုးသမီးဘောလုံးအသင်း ဆီးဂိမ်းသမိုင်းတလျှောက်ဆုမဲ့သမိုင်းသစ်ဝင်

ရန်ကုန်၊ မေ ၂၁ (လူငယ့်ခေတ် )

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာယနေ့ကျင်းပသည့်(၃၁)ကြိမ်မြောက်ဆီးဂိမ်တတိယနေရာလုပွဲတွင် ဖိလစ်ပိုင်အမျိုးသမီးအသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့်ရှုံးနိမ့်ကာဆီးဂိမ်းသမိုင်းတလျှောက်ဆုမရသည့်ပြိုင်ပွဲအ​ဖြစ်သမိုင်းဝင်ခဲ့သည်။

မြန်မာအမျိုးသမီးအသင်းတွင် မေဇင်နွယ် (ဂိုး)၊ ချစ်ချစ်၊ ခင်သန်းဝေ၊ ဖြူဖြူဝင်း၊ ဝင်းင်္သိင်္ဂီထွန်း၊ သင်းသင်းယု၊ ခင်မာလာထွန်း (အသင်းခေါင်းဆောင်)၊ မြတ်နိုးခင်၊ ခိုင်သဇင်၊ နော်ထက်ထက်ဝေနှင့် ဂျူလိုင်ကျော်တို့ ပါဝင်ကစားခဲ့ကြသည်။

မြန်မာအမျိုးသမီးဘောလုံးအသင်းမှာ အုပ်စုအတွင်းထိုင်း၊လာအို၊စင်ကာပူအသင်းတို့နှင့်ကျရောက်ခဲ့ကာလာအိုအသင်းကို သုံးဂိုး- ဂိုးမရှိ၊ထိုင်းအသင်းနှင့်တစ်ဂိုးစီသရေကျကာအုပ်စုနောက်ဆုံးပွဲ၌စင်ကာပူအသင်းနှင့်အသည်း သန်ကစားကာနောက် နောက်ကျတစ်လုံးတည်းသောဂိုးဖြင့်အနိုင်ရပြီး အုပ်စုဒုတိယအဖြစ်အကြိုဗိုလ်လုပွဲတက်ခဲ့သည်။

အကြိုဗိုလ်လုပွဲသို့ခက်ခက်ခဲခဲတက်ရောက်ခဲ့သည့် မြန်မာအမျိုးသမီးဘောလုံးအသင်းအား စစ်ကောင်စီကဒေါ်လာတစ်သိန်းဆုချခဲ့သည်။
အကြိုဗိုလ်လုပွဲ၌ အိမ်ရှင်ဗီယက်နမ်အမျိုးသမီးအသင်းနှင့်တွေ့ခဲ့ပြီး အစဥ်လာမပျက် တစ်ဂိုး၊ဂိုးမရှိဖြင့်ရှုံးကာတတိယလုပွဲအဆင့်ရောက်ရှိသွားခဲ့သည်။

တတိယနေရာလုပွဲကို မေ ၂၁ရက်ကပြုလုပ်ခဲ့ပြီးမြန်မာအမျိုးသမီးအသင်းက ပယ်နယ်လ် တီဖြင့်ဦးဆောင်ဂိုးရရှိခဲ့ပြီးဖိလစ်ပိုင်အမျိုးသမီးအသင်းကခြေပဂိုးနှင့်အနိုင် ဂိုးသွင်းကာတတိယဆုရယူသွားခဲ့သည်။

ထိုသို့တတိယဆုရရှိခြင်းမှာဖိလစ်ပိုင်အမျိုးသမီးအသင်းအတွက်သမိုင်းတလျှောက်ဆီးဂိမ်းပွဲကာလာဝင်(ဆု)ရရှိမှုဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းအတွက်မှာလည်း ၁၉၉၅ ခုနှစ်ကစ၍အသင်းဖွဲ့ပြီးဆီးဂိမ်းပြိုင်ပွဲတလျှောက်ဆုလက်မဲ့အဖြစ်ပထမဆုံးကြုံတွေ့ရခြင်းလည်းဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံအမျိုးသမီးအသင်းများတွင် ထိုင်း၊ဗီယက်နမ်၊မြန်မာသုံးသင်းသာအဓိကပြိုင်ဖက်အဖြစ်ဆယ်စုနှစ်ကျော်ရပ်တည်လာခဲ့သည်။

မြန်မာအမျိုးသမီးအသင်းမှာဆီးဂိမ်းပြိုင်ပွဲတလျှောက်ရွှေတံဆိပ်ဆုမရဖူးသော်လည်းငွေ သို့မဟုတ် ကြေးဆုတစ်ဆုကအမြဲသေချာခဲ့သည်။
ကျန်နိုင်ငံအသင်းများမှာအိမ်ဖြည့်သာသာရှိခဲ့ပြီးနောက်ဆုံးပိတ်တွင်ယင်းသုံးသင်းသာဆုအပြောင်းအလဲရယူနေခဲ့သည်။

ဆီးဂိမ်းသမိုင်းတလျှောက်မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့်တတိယဆုခြောက် ကြိမ်၊ဒုတိယဆုသုံးကြိမ်ရရှိခဲ့သည်။

ယခုနှစ်တွင်လည်း အနည်းဆုံးငွေ(သို့မဟုတ်) ကြေးရမည်ဟုအများကခန့်မှန်းခဲ့ကြကာ အကြိုဗိုလ်လုပွဲ (အမြဲတက်နေကြ) တက်သည်ကို စစ်ကောင်စီက ဂုဏ်ယူဟန်ပြ၍ ချီးမြှင့် မြှောက်စားခဲ့သည်။

ထိုမြှောက်စားမှု၏နောက်တွင် မြန်မာအမျိုးသမီးဘောလုံးအသင်းမှာသမိုင်းတလျှောက်ရယူထားသောနေရာလွှဲပြောင်းလိုက်ရပြီဖြစ်သည်။

ယခုနှစ်တွင်လည်း အနည်းဆုံးငွေ(သို့မဟုတ်) ကြေးရမည်ဟုအများကခန့်မှန်းခဲ့ကြကာ အကြိုဗိုလ်လုပွဲ (အမြဲတက်နေကြ) တက်သည်ကို စစ်ကောင်စီက ဂုဏ်ယူဟန်ပြ၍ ချီးမြှင့်မြှောက်စားခဲ့သည်။