ၾကားသိသမွ်

⛈⛈⛈ လျှပ်စီးမိုးကြိုးအန္တရာယ်သတိပြုပါ🌧🌧🌧 မိုးကြိုးပစ်နိုင်သည့် အခြေအနေများ၌ လိုက်နာရန် အချက်များ

လျှပ်စီးမိုးကြိုးအန္တရာယ်သတိပြုပါ ⛈⛈⛈⛈⛈

မိုးရွာလျှင် သို့မဟုတ် မိုးကြိုးပစ်နိုင်သည့် အခြေအနေများ၌ လိုက်နာရန် အချက်များ 🌧🌧🌧🌧🌧

မိုးရွာမှသာမဟုတ်။ မိုးမရွာဘဲ တိမ်ထူထပ်နေလျှင်လည်း မိုးကြိုးပစ်နိုင်သည်ကို သတိထားပါ။

မိုးကြိုးပစ်မည့် အလားအလာရှိလျှင် ရေအိုင်၊ ချောင်း၊ မြောင်းများကို ရှောင်ကြဉ်ပါ။

တောင်ကုန်း၊ ထီးထီးဖြစ်နေသည့်သစ်ပင်၊ ထန်းပင်၊ အုန်းပင်စသည့် မြင့်သော နေရာများကို ရှောင်ကြဉ်ပါ။

သစ်ပင်မှမရှိသော ဟင်းလင်းပြင်ကို ရှောင်ကြဉ်ပါ။ ဟင်းလင်းပြင်၌ သင်သည် အမြင့်ဆုံးနေရာဖြစ်သဖြင့် မိုးကြိုးပစ်နိုင်ချေ ပိုများသည်။ ထို့ပြင် ကွင်းပြင်၌ ဝမ်းလျားမှောက်နေခြင်းမပြုပါနှင့်။


မိုးကြိုးများပစ်နေစဉ် ဆံပင်များထောင်ထလာပြီဆိုလျှင် အထူးသတိပြုပါ။ ခြေနှစ်ဖက်ကို စုကာ ဆောင့်ကြောင့်ထိုင်ချပါ။ နားများကို လက်

နှစ်ဖက်ဖြင့် အုပ်ထားပါ။ သို့မဟုတ် လက်ဖြင့် ဒူးများကို ပိုက်ထားပြီး ဦးခေါင်းကို ဒူးပေါ် မှောက်တင်ထားပါ။

လယ်ထွန်နေစဉ် ဖြစ်ပါက ချက်ချင်း ထွန်ကိုဖြုတ်ပြီး ကုန်းပေါ်တက်ပါ။ သင်အပါအဝင် ကျွဲနွားများကို လယ်ကွင်းနှင့်​ဝေးရာသို့ မောင်းသွားပါ။

မြစ်လယ်၌ လှေငယ်ပေါ်ရောက်နေစဉ် မိုးရွာ၊ မိုးကြိုးပစ်လာပါက လှေအလယ်၌ ဒူးတုပ်ထိုင်ပါ။ ဒူးကိုလက်နှင့်ပိုက်ပြီး ခေါင်းကို ဒူးပေါ်ငုံ့တင်ထားပါ။

မိုးကြိုးများပစ်နေစဉ် တစ်ဦးနှင့်တစ်ဦး လက်ချင်းတွဲမထားပါနှင့်။ ပူးကပ်မနေပါနှင့်။ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၁၅ ပေ၊ ပေ ၂၀ ခန့်အကွာတွင် နေပါ။

သစ်တောအတွင်းရောက်နေစဉ် မိုးရွာ မိုးကြိုးပစ်ပါက နိမ့်ဆုံးသစ်ပင်အောက်သို့ ခိုဝင်ပါ။

မြောင်းများ၊ ချိုင့်များရှိလျှင် ထိုအနိမ့်ပိုင်းနေရာများသို့ ဆင်းနေပါ။

ရွှေငွေလက်ဝတ်လက်စားများ ဝတ်ဆင်ခြင်း၊ သော့တွဲများချိတ်ဆွဲထားခြင်း မပြုပါနှင့်။

သတ္တုပစ္စည်းများ (ဥပမာ – မီးကြိုး၊ သံဆူးကြိုး၊ မော်တာ၊ ပေါက်ချွန်း ပေါက်ပြား၊ လျှပ်စစ်လက်နက်ကိရိယာ) စသည်တို့ကိုထိတွေ့ကိုင်တွယ်ခြင်းမပြုလုပ်ပါနဲ့။

မိုးရွာလာပြီ မိုးကြိုးများပစ်လာပြီဆိုလျှင် အဆောက်အအဦအတွင်းသို့ ရှာပြီးသွားပါ။

မိုးကြိုးမုန်တိုင်းများကျနေစဉ် ရေမချိုးပါနှင့်။ ပြတင်းပေါက်များမှ ဝေးဝေးနေပါ။ ရေဒီယို၊ တီဗီ၊ ကွန်ပြူတာစသည်တို့ကို ပိတ်ထားပါ။ ပလပ်ချွတ်ထားပါ။

အရေးပေါ်ကိစ္စမှလွဲ၍ ဖုန်းပြောခြင်းကို ရှောင်ကြဉ်ပါ။ မိုးကြိုးသည် မီးကြိုး၊ ဖုန်းကြိုးများမှတစ်ဆင့် ဝင်ရောက်လာတတ်သည်။Su Su San

လျှပ်စီးမိုးကြိုးအန္တရာယ်သတိပြုပါ ⛈⛈⛈⛈⛈

မိုးရွာလျှင် သို့မဟုတ် မိုးကြိုးပစ်နိုင်သည့် အခြေအနေများ၌ လိုက်နာရန် အချက်များ 🌧🌧🌧🌧🌧

မိုးရွာမှသာမဟုတ်။ မိုးမရွာဘဲ တိမ်ထူထပ်နေလျှင်လည်း မိုးကြိုးပစ်နိုင်သည်ကို သတိထားပါ။

မိုးကြိုးပစ်မည့် အလားအလာရှိလျှင် ရေအိုင်၊ ချောင်း၊ မြောင်းများကို ရှောင်ကြဉ်ပါ။

တောင်ကုန်း၊ ထီးထီးဖြစ်နေသည့်သစ်ပင်၊ ထန်းပင်၊ အုန်းပင်စသည့် မြင့်သော နေရာများကို ရှောင်ကြဉ်ပါ။

သစ်ပင်မှမရှိသော ဟင်းလင်းပြင်ကို ရှောင်ကြဉ်ပါ။ ဟင်းလင်းပြင်၌ သင်သည် အမြင့်ဆုံးနေရာဖြစ်သဖြင့် မိုးကြိုးပစ်နိုင်ချေ ပိုများသည်။
ထို့ပြင် ကွင်းပြင်၌ ဝမ်းလျားမှောက်နေခြင်းမပြုပါနှင့်။

မိုးကြိုးများပစ်နေစဉ် ဆံပင်များထောင်ထလာပြီဆိုလျှင် အထူးသတိပြုပါ။ ခြေနှစ်ဖက်ကို စုကာ ဆောင့်ကြောင့်ထိုင်ချပါ။ နားများကို လက်နှစ်ဖက်ဖြင့် အုပ်ထားပါ။ သို့မဟုတ် လက်ဖြင့် ဒူးများကို ပိုက်ထားပြီး ဦးခေါင်းကို ဒူးပေါ် မှောက်တင်ထားပါ။

လယ်ထွန်နေစဉ် ဖြစ်ပါက ချက်ချင်း ထွန်ကိုဖြုတ်ပြီး ကုန်းပေါ်တက်ပါ။ သင်အပါအဝင် ကျွဲနွားများကို လယ်ကွင်းနှင့်​ဝေးရာသို့ မောင်းသွားပါ။

မြစ်လယ်၌ လှေငယ်ပေါ်ရောက်နေစဉ် မိုးရွာ၊ မိုးကြိုးပစ်လာပါက လှေအလယ်၌ ဒူးတုပ်ထိုင်ပါ။ ဒူးကိုလက်နှင့်ပိုက်ပြီး ခေါင်းကို ဒူးပေါ်ငုံ့တင်ထားပါ။

မိုးကြိုးများပစ်နေစဉ် တစ်ဦးနှင့်တစ်ဦး လက်ချင်းတွဲမထားပါနှင့်။ ပူးကပ်မနေပါနှင့်။ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၁၅ ပေ၊ ပေ ၂၀ ခန့်အကွာတွင် နေပါ။

သစ်တောအတွင်းရောက်နေစဉ် မိုးရွာ မိုးကြိုးပစ်ပါက နိမ့်ဆုံးသစ်ပင်အောက်သို့ ခိုဝင်ပါ။

မြောင်းများ၊ ချိုင့်များရှိလျှင် ထိုအနိမ့်ပိုင်းနေရာများသို့ ဆင်းနေပါ။

ရွှေငွေလက်ဝတ်လက်စားများ ဝတ်ဆင်ခြင်း၊ သော့တွဲများချိတ်ဆွဲထားခြင်း မပြုပါနှင့်။

သတ္တုပစ္စည်းများ (ဥပမာ – မီးကြိုး၊ သံဆူးကြိုး၊ မော်တာ၊ ပေါက်ချွန်း ပေါက်ပြား၊ လျှပ်စစ်လက်နက်ကိရိယာ) စသည်တို့ကိုထိတွေ့ကိုင်တွယ်ခြင်းမပြုလုပ်ပါနဲ့။

မိုးရွာလာပြီ မိုးကြိုးများပစ်လာပြီဆိုလျှင် အဆောက်အအဦအတွင်းသို့ ရှာပြီးသွားပါ။

မိုးကြိုးမုန်တိုင်းများကျနေစဉ် ရေမချိုးပါနှင့်။ ပြတင်းပေါက်များမှ ဝေးဝေးနေပါ။ ရေဒီယို၊ တီဗီ၊ ကွန်ပြူတာစသည်တို့ကို ပိတ်ထားပါ။ ပလပ်ချွတ်ထားပါ။

အရေးပေါ်ကိစ္စမှလွဲ၍ ဖုန်းပြောခြင်းကို ရှောင်ကြဉ်ပါ။ မိုးကြိုးသည် မီးကြိုး၊ ဖုန်းကြိုးများမှတစ်ဆင့် ဝင်ရောက်လာတတ်သည်။
Su Su San