နိုင်ငံတစ်ဝန်း နေရာအများစုတွင် ဓာတ်ဆီပြတ်လပ်ပြီး ဝယ်မရဖြစ်နေ
စောနွေဦး/ People’s Spring
ရန်ကုန်နှင့် မန္တလေးမြို့ကြီးအပါအဝင် နိုင်ငံအတွင်း ဓာတ်ဆီ(အောက်တိန်းဆီ)ပြတ်လပ်နေပြီး နေရာအများစုတွင် ဝယ်ယူမရတော့ကြောင်း ဓာတ်ဆီဝယ်ယူရန်ဝယ်ရသောနေရာလိုက်ရှာနေသူများကသည်။
ရန်ကုန်မြို့ရှိ ဆီဆိုင်တချို့တွင် အောက်တိန်း ၉၅ နှင့် အောက်တိန်း ၉၂ ( ဓာတ်ဆီ) ဝယ်ယူရသေးသော်လည်း နိုင်ငံအတွင်းရှိ မြို့အများစုတွင် မေ ၂၁တွင်ဓါတ်ဆီ ဝယ်ယူ၍ မရတော့ကြောင်း ဆိုင်အများစုကကြေညာထားသည်။
“ရန်ကုန်မှာ ဆီထည့်ဖို့ဆို တန်းစီနေရတယ်။တချို့ဆိုင်တွေ 95 (အောက်တိန်း-၉၅) မရတော့ဘူး။ ရတဲ့ဆိုင်ကလည်း ဈေးတွေ အရမ်းတက်နေပြီ ”ဟု မေ ၂၁ ရက်တွင် စက်သုံးဆီဖြည့်ခဲ့သူတစ်ဦးကပြောသည်။
ရန်ကုန်မြို့ရှိ ဆီဆိုင်များတွင် အချိန်ပေးတန်းစီနေရခြင်းကြောင့် အငှားယာဉ်မောင်းများသည် မှောင်ခိုရောင်းသည့် ဆီဆိုင်များကို ချိတ်ဆက်ဝယ်ယူနေရသည်ဟု အငှားယာဉ်တစ်ဦးကပြောသည်။
ဈေးကွက်အတွင်း ပရီမီယံ ဒီဇယ်မှာလည်း ဝယ်ယူရ ခက်ခဲနေပြီး ငွေကြေးတက်နိုင်သူအချို့က ဆီပေပါလိုက်ဝယ်ယူစုဆောင်းမှုများလည်းရှိနေသည်ဟု စက်သုံးဆီအရောင်းဝန်ထမ်းတစ်ဦးကပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စက်သုံးဆီဆိုင်များတွင် အောက်တိန်း ၉၅နှင့် ၉၂ မှ ဝယ်ယူမရရှိတော့မှာ ၅ရက်ခန့်ရှိပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။ လက်ရှိ ဆိုင်အများစုတွင်လည်း ဆီလက်ကျန်မရှိတော့ကြောင်း ကြေညာထားသည်ဟု ၎င်းကဆက်ပြောသည်။
ထိုအတူမန္တလေးမြို့တွင်လည်း ဆိုင်အများစုတွင် အောက်တိန်း ၉၅ ဝယ်ယူ၍ မရဘဲ၊ တချို့ဆိုင်များတွင် အောက်တိန်း ၉၂ နှင့် ၉၅ နှစ်မျိုးလုံးဝယ်မရတော့ကြောင်း မန္တလေးမြို့ခံများကပြောသည်။ သို့သော်လည်း အချို့ဆိုင်များတွင် ဝယ်ယူ၍ ရသေးသည်ဟုလည်း သိရသည်။
စစ်ကောင်စီက ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ကြောင်းနှင့် မေ ၁၉ ရက်တွင် တန် ၁၆၀၀၀နှင့်အထက်ရှိသည့် သင်္ဘော လေးစီးဝင်ရောက်မည်ဟု ထုတ်ပြန်ထားသည်။
ထိုသင်္ဘောလေးစီးအနက် ဆီတန်ချိန် ၁၈၀၀၀ကျော်တင်ဆောင်လာသည့် MT Yu Dong သင်္ဘော၏ ကုန်ပိုင်ရှင်သည် သွင်းကုန်လိုင်စင်မရသေးကြောင့် သင်္ဘောဝင်ရောက်ခြင်းကို ပယ်ဖျက်ရန် စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က စီစဉ်ခဲ့သည်။
အဆိုပါဆီတင်သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားကြောင်း သင်္ဘောဆိုင်ရာသတင်းအချက်များမျှဝေနေသည့် vesselfinder ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။
လက်ရှိ စက်သုံးဆီဈေးသည် ရန်ကုန်မြို့တွင် အောက်တိန်း ၉၅ တစ်လီတာကို ၂၃၂၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာကို ၂၂၁၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၂၁၈၅ ကျပ်ပေါက်ဈေးရှိသည်။
စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၁ဇန်နဝါရီ ၃၁ ရက်က အောက်တိန်း ၉၅ တစ်လီတာကို ၇၆၅ကျပ်၊ အောက်တိန်းတစ်လီတာကို ၆၅၅ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာကို ၇၀၅ကျပ်ပေါက်ဈေးရှိခဲ့သည်။ထိုကြောင့် ၁၅ လကျော်အတွင်း သုံးဆကျော် ဈေးတက်ခဲ့ခြင်းဖြစ်သည်။
(ဓါတ်ဆီဝယ်ရန် တန်းစီနေသောကားများနှင့် ဆီကုန်နေကြောင်းကြေညာချက်တို့ကို မေ ၂၀ ကတွေ့ရစဥ်။ဓါတ်ပုံ-CJ)
နိုင္ငံတစ္ဝန္း ေနရာအမ်ားစုတြင္ ဓာတ္ဆီျပတ္လပ္ၿပီး ဝယ္မရျဖစ္ေန
ေစာေႏြဦး/ People’s Spring
ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕ႀကီးအပါအဝင္ နိုင္ငံအတြင္း ဓာတ္ဆီ(ေအာက္တိန္းဆီ)ျပတ္လပ္ေနၿပီး ေနရာအမ်ားစုတြင္ ဝယ္ယူမရေတာ့ေၾကာင္း ဓာတ္ဆီဝယ္ယူရန္ဝယ္ရေသာေနရာလိုက္ရွာေနသူမ်ားကသည္။
ရန္ကုန္ၿမိဳ႕ရွိ ဆီဆိုင္တခ်ိဳ႕တြင္ ေအာက္တိန္း ၉၅ ႏွင့္ ေအာက္တိန္း ၉၂ ( ဓာတ္ဆီ) ဝယ္ယူရေသးေသာ္လည္း နိုင္ငံအတြင္းရွိ ၿမိဳ႕အမ်ားစုတြင္ ေမ ၂၁တြင္ဓါတ္ဆီ ဝယ္ယူ၍ မရေတာ့ေၾကာင္း ဆိုင္အမ်ားစုကေၾကညာထားသည္။
“ရန္ကုန္မွာ ဆီထည့္ဖို႔ဆို တန္းစီေနရတယ္။တခ်ိဳ႕ဆိုင္ေတြ 95 (ေအာက္တိန္း-၉၅) မရေတာ့ဘူး။ ရတဲ့ဆိုင္ကလည္း ေဈးေတြ အရမ္းတက္ေနၿပီ ”ဟု ေမ ၂၁ ရက္တြင္ စက္သုံးဆီျဖည့္ခဲ့သူတစ္ဦးကေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ ဆီဆိုင္မ်ားတြင္ အခ်ိန္ေပးတန္းစီေနရျခင္းေၾကာင့္ အငွားယာဥ္ေမာင္းမ်ားသည္ ေမွာင္ခိုေရာင္းသည့္ ဆီဆိုင္မ်ားကို ခ်ိတ္ဆက္ဝယ္ယူေနရသည္ဟု အငွားယာဥ္တစ္ဦးကေျပာသည္။
ေဈးကြက္အတြင္း ပရီမီယံ ဒီဇယ္မွာလည္း ဝယ္ယူရ ခက္ခဲေနၿပီး ေငြေၾကးတက္နိုင္သူအခ်ိဳ႕က ဆီေပပါလိုက္ဝယ္ယူစုေဆာင္းမႈမ်ားလည္းရွိေနသည္ဟု စက္သုံးဆီအေရာင္းဝန္ထမ္းတစ္ဦးကေျပာသည္။
ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕တြင္ စက္သုံးဆီဆိုင္မ်ားတြင္ ေအာက္တိန္း ၉၅ႏွင့္ ၉၂ မွ ဝယ္ယူမရရွိေတာ့မွာ ၅ရက္ခန႔္ရွိၿပီျဖစ္ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕ခံတစ္ဦးကေျပာသည္။ လက္ရွိ ဆိုင္အမ်ားစုတြင္လည္း ဆီလက္က်န္မရွိေတာ့ေၾကာင္း ေၾကညာထားသည္ဟု ၎ကဆက္ေျပာသည္။
ထိုအတူမႏၲေလးၿမိဳ႕တြင္လည္း ဆိုင္အမ်ားစုတြင္ ေအာက္တိန္း ၉၅ ဝယ္ယူ၍ မရဘဲ၊ တခ်ိဳ႕ဆိုင္မ်ားတြင္ ေအာက္တိန္း ၉၂ ႏွင့္ ၉၅ ႏွစ္မ်ိဳးလုံးဝယ္မရေတာ့ေၾကာင္း မႏၲေလးၿမိဳ႕ခံမ်ားကေျပာသည္။ သို႔ေသာ္လည္း အခ်ိဳ႕ဆိုင္မ်ားတြင္ ဝယ္ယူ၍ ရေသးသည္ဟုလည္း သိရသည္။
စစ္ေကာင္စီက ျပည္တြင္း၌ စက္သုံးဆီျပတ္လပ္မႈမရွိနိုင္ေၾကာင္းႏွင့္ ေမ ၁၉ ရက္တြင္ တန္ ၁၆ဝဝဝႏွင့္အထက္ရွိသည့္ သေဘၤာ ေလးစီးဝင္ေရာက္မည္ဟု ထုတ္ျပန္ထားသည္။
ထိုသေဘၤာေလးစီးအနက္ ဆီတန္ခ်ိန္ ၁၈ဝဝဝေက်ာ္တင္ေဆာင္လာသည့္ MT Yu Dong သေဘၤာ၏ ကုန္ပိုင္ရွင္သည္ သြင္းကုန္လိုင္စင္မရေသးေၾကာင့္ သေဘၤာဝင္ေရာက္ျခင္းကို ပယ္ဖ်က္ရန္ စစ္ေကာင္စီ ထိန္းခ်ဳပ္ထားသည့္ ဆိပ္ကမ္းအာဏာပိုင္အဖြဲ႕က စီစဥ္ခဲ့သည္။
အဆိုပါဆီတင္သေဘၤာသည္ ရန္ကုန္ဆိပ္ကမ္းတြင္ ဆိုက္ကပ္ထားေၾကာင္း သေဘၤာဆိုင္ရာသတင္းအခ်က္မ်ားမၽွေဝေနသည့္ vesselfinder ဝက္ဆိုဒ္တြင္ ေဖာ္ျပထားသည္။
လက္ရွိ စက္သုံးဆီေဈးသည္ ရန္ကုန္ၿမိဳ႕တြင္ ေအာက္တိန္း ၉၅ တစ္လီတာကို ၂၃၂၅ က်ပ္၊ ေအာက္တိန္း ၉၂ တစ္လီတာကို ၂၂၁ဝက်ပ္ႏွင့္ ပရီမီယံဒီဇယ္တစ္လီတာကို ၂၁၈၅ က်ပ္ေပါက္ေဈးရွိသည္။
စစ္တပ္အာဏာမသိမ္းခင္က ၂၀၂၁ဇန္နဝါရီ ၃၁ ရက္က ေအာက္တိန္း ၉၅ တစ္လီတာကို ၇၆၅က်ပ္၊ ေအာက္တိန္းတစ္လီတာကို ၆၅၅က်ပ္ႏွင့္ ပရီမီယံဒီဇယ္ တစ္လီတာကို ၇၀၅က်ပ္ေပါက္ေဈးရွိခဲ့သည္။ထိုေၾကာင့္ ၁၅ လေက်ာ္အတြင္း သုံးဆေက်ာ္ ေဈးတက္ခဲ့ျခင္းျဖစ္သည္။
(ဓါတ္ဆီဝယ္ရန္ တန္းစီေနေသာကားမ်ားႏွင့္ ဆီကုန္ေနေၾကာင္းေၾကညာခ်က္တို႔ကို ေမ ၂၀ ကေတြ႕ရစဥ္။ဓါတ္ပုံ-CJ)