ဗိုလ် အပါအဝင် စကစ (၁၀)ဦးထက်မနည်း သေတဲ့ အရာတော်နယ် ထန်းတောကုန်းတိုက်ပွဲ၊
MFP ၊ မေ -၂၁
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မြောက်ပိုင်း ထန်းတောကုန်းရွာထဲ ဝင်မွှေလုယက်နေတဲ့ အကြမ်းဖက် စစ်အုပ်စုကို မေ(၁၇)ရက်မှာ ဒေသကာကွယ်ရေး (၄)မြို့နယ် တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့ပြီး ဗိုလ်အဆင့် အပါအဝင် စကစ (၁၀)ဦးထက်မနည်း သေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေ(၁၇)ရက်က ထန်းတောကုန်းရွာထဲ ဝင်မွှေနေတဲ့ စစ်အုပ်စုကို အရာတော်၊ ရွှေဘို၊ ဝက်လက်နှင့် ဒီပဲယင်းမြို့နယ်တွေက ဒေသကာကွယ်ရေး တပ်ဖွဲပတွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ထန်းတောကုန်းကျေးရွာရှိ တစ်ထပ်တိုက် အဆောက်အဦးနှင့် သုံးထပ် အဆောက်အဦးတို့တွင် ယာယီ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မေလ(၁၇)ရက် နံနက်ခင်း (၅)နာရီခွဲခန့်မှ စတင်၍ တိုက်ခိုက်ခဲ့ပြီး ညနေခင်းအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ကာ ဖက်ဆစ်စစ်တပ်ဘက်မှ ဗိုလ်အပါအဝင် (၁၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး ကာကွယ်ရေး အဖွဲ့ဝင်များဘက်မှ ရဲဘော်(၄)ဦးတို့ အနည်းငယ် ဒဏ်ရာရရှိခဲ့ကြသည်” လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစု တပ်ဖွဲ့က ဖော်ပြပါတယ်။
ထန်တောကုန်းရွာ တိုက်ပွဲမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် တာတွေလည်း နိုင်ခဲ့သောကြောင့် စစ်သားအများအပြား ဒဏ်ရာပြင်းထန်ခဲ့သည်။လုပ်ဆောင်ခဲ့ပြီး စစ်အုပ်စု အထိနာက အလောင်းနဲ့ ဒဏ်ရာရသူတွေကို နောင်ကြီးအိုင်ရွာ ရဲစခန်းဘက် သယ်သွားပြီး အလောင်းတွေကို နေ့ချင်းသင်္ဂြိုဟ်ခဲ့သလို တချို့ကိုတော့ နောင်ကြီးအိုင်ကတဆင့် သံချပ်ကာကားနှစ်စီးနဲ့ အရာတော်မြို့ပေါ်ကို သယ်ယူခဲ့ရတယ်လို့ အရာတော်မြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။
စစ်အုပ်စုဟာ အရာတော်နယ်ကို ပြီးခဲ့သည့်နှစ်ထဲက အင်တာနက် ဖြတ်တောက်ထားပြီး ရွာစဉ်ပတ်မွှေကာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ အပစ်မဲ့ ပြည်သူတွေကို အသေခံ လူသားဒိုင်း အသုံးပြုတာ၊ ဖမ်းဆီးငွေညှစ် ရိုက်နှက် သတ်ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
အရာတော်မြို့နယ် ထန်းတောကုန်းရွာ တိုက်ပွဲ/Video – အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစု