ၾကားသိသမွ်

ဆဒုံးမြို့နယ်ခွဲ အတွင်းရှိ ပြည်သူ့စစ်နှင့် ရဲများ ဇွန်လကုန်နောက်ဆုံးထား နုတ်ထွက်ရန် KIO ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံး သတိပေး

ပြည်သူ့စစ်နှင့် ရဲများ ဇွန်လကုန်နောက်ဆုံးထား နုတ်ထွက်ရန် KIO ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံး သတိပေး

မေ ၂၁၊

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲ အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် ရဲများအားလုံး ဇွန်လ (၃၀) ရက် နောက်ဆုံးထားပြီး နုတ်ထွက်ကြရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံးက မေလ (၂၀) ရက်တွင် ကချင်ဘာသာဖြင့် စာထုတ်ပြန်ကြေညာလိုက်သည်။

ဇွန်လ (၃၀) ရက် နာက်ဆုံးထားပြီး နုတ်ထွက်ခြင်းမရှိဘဲ ဆက်လက် တာဝန်ထမ်းဆောင်နေသည့် မည်သူကို မဆို ဖြစ်ပေါ်လာသည့် တာဝန်သည် မိမိတာဝန်သာဖြစ်ကြောင်း KIO ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံးက သတိပေးထားသည်ဟု ကချင်အခြေစိုက် သတင်းဌာန Myitkyina News Journalက ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် KIO ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးရုံးများက စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ မိမိစိတ်ဆန္ဒအရ နုတ်ထွက်ကြရန် တိုက်တွန်းကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာမှုများသည် အောက်ခြေအုပ်ချုပ်ရေးရုံးများက လိုအပ်ချက်အရ ထုတ်ပြန်ခြင်းဖြစ်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။

ထို့ပြင် KIO/KIA သတင်းပြန်ကြားရေးကလည်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်(BGF)များကို စစ်ရေးအရ ရန်သူအဖြစ် သတ်မှတ်ကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လက်ခံဆောင်ရွက်နေသည့် နိုင်ငံရေးပါတီနှင့် ပုဂ္ဂိုလ်များကို နိုင်ငံရးအရ ရန်သူအဖြစ် သတ်မှတ်ကြောင်း သတင်းဖော်ပြထားသည်။ TNV