စာသင်ကျောင်းမှာနေရာယူထားတဲ့တပ်ကို အတွဲလိုက်ဝင်ပစ်
မေ ၂၁၊ The Nation Voice
မန္တလေးတိုင်း မြင်းခြံမြို့ အထက(၂)ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မေလ (၁၉) ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ (NatogyiPDF)က ဒီကနေ့မှာ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
အဲဒီလိုဝင်ရောက်ပစ်ခတ်ရာမှာ တပ်ဖွဲ့ဝင်နှစ်ဦးက ဆိုင်ကယ်ပေါ်ကနေ မောင်းပြန်ရိုင်ဖယ်နဲ့ ဆက်တိုက်ပစ်ခတ်သွားတာတွေ့ရပြီး စစ်ကောင်စီတပ်သား(၂)ဦးသေခဲ့တယ်လို့ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NatogyiPDF)က ပြောပါတယ်။
မြင်းခြံ အထက(၂)စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို အနှောက်အယှက် အမျိုးမျိုးပေးနေတာကြောင့် သတိပေးတဲ့အနေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။