စက်သုံးဆီ 92 Ron နှင့် 95 Ron လက်ကျန်နည်းနေပြီး ချေးငှားရောင်းနေရကြောင်း Denko စာပို့
မဲခေါင်၊ မေ ၁၉
Denko ကုမ္ပဏီမှာ ဖြန့်ဖြူးရောင်းချနေသည့် စက်သုံးဆီ ၄မျိုးတွင် 92 Ron နှင့် 95 Ron ၂မျိုးမှာ လက်ကျန်နည်းပါးနေသည့်အတွက် မိတ်ဆွေကုမ္ပဏီများထံမှာ ချေးငှားရောင်းချနေရကြောင်း Denko က စွမ်းအင်ဝန်ကြီးဌာနကို စာပေးပို့သည်။
မေလ ၁၇ရက်က ပေးပို့ထားသည့် Denko ၏ စာတွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံလိပ်မူထားပြီး ၎င်းတို့၏ အခက်အခဲကို တင်ပြထားသည်။
92 Ron နှင့် 95 Ron ကို ချေးငှားခြင်း၊ တဆင့်ပြန်လည်ဝယ်ယူရောင်းချခြင်းများ ပြုလုပ်နေသော်လည်း 95 Ron မှာ လိုအပ်သလောက်မရနိုင်ကြောင်း အဆိုပါစာတွင် ထည့်သွင်းရေးသားထားသည်။
ကျန်ရှိသည့် 95 Ron များကို ရန်ကုန်နှင့် မန္တလေးရှိ စက်သုံးဆီဆိုင်များ၌ ဦးစားပေးရောင်းချသွားမည်ဖြစ်ပြီး လက်ကျန်ကုန်ပါက စက်သုံးဆီဆိုင် ၃၈ဆိုင်၌ အရောင်းခေတ္တရပ်နားမည်ဖြစ်ကြောင်း Denko က ဆိုသည်။
Denko ကဲ့သို့ စက်သုံးဆီကုမ္ပဏီကြီးတစ်ခုအနေဖြင့် ယခုကဲ့သို့ စက်သုံးဆီ အခက်အခဲဖြစ်နေသည့်အတွက် ကျန်တဆင့်ပြန်လည်ရောင်းချသည့် အရောင်းဆိုင်များမှာ ပိုမိုဆိုးရွားသည့်အခြေအနေနှင့် ကြုံနေရကြောင်း စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“92၊ 95 လက်ကျန်ကုန်ရင်တော့ ကျန်တာလေးမှေးရောင်းပြီး ဆိုင်ဖွင့်ပေါ့ ဒါပဲရှိတယ်။ ဆိုင်ပိတ်ရင်လည်း လိုင်စင်ပိတ်မယ်ဆိုပြီး လာဦးမှာ” ဟု ၎င်းက ပြောသည်။
မည်သည့်အတွက်ကြောင့် စက်သုံးဆီလက်ကျန် နည်းပါးရသည်ဆိုသည်ကိုမူ သေချာစွာမသိရသေးကြောင်း ၎င်းက ပြောသည်။
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၏ ယနေ့နံနက်အခြေအနေမှာ Max ကဲ့သို့ ကိုယ်တိုင်တင်သွင်းရောင်းချသည့် ဆီဆိုင်ကြီးများတွင်သာ 92 နှင့် 95 တို့ကို ရောင်းချပေးပြီး ကျန်တဆင့်ရောင်းသည့် ဆိုင်များတွင်မူ ဒီဇယ်တစ်မျိုးကိုသာ ရောင်းချနေသည်ကိုတွေ့ရကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
“Max ဆီဆိုင်တွေမှာတော့ ကားတွေတန်းစီနေတယ်။ ကျန်တဲ့ဆိုင်တွေကတော့ ဒီဇယ်လောက်ပဲ ရောင်းပြီး အဖြစ်သဘောဖွင့်ထားတယ်” ဟု၎င်းက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်လာကိုင်ဆောင်ခွင့်ကို ပိတ်သိမ်းလိုက်ရာ လုပ်ငန်းရှင်များလက်တွင် ဒေါ်လာမရှိတော့သည့်နောက်ပိုင်း နိုင်ငံခြားငွေဖြင့် ဝယ်ယူတင်သွင်းရသည့် စက်သုံးဆီဈေးကွက်မှာ များစွာဂယက်ရိုက်လျှက်ရှိသည်။
Zawgyi
စက္သုံးဆီ 92 Ron ႏွင့္ 95 Ron လက္က်န္နည္းေနၿပီး ေခ်းငွားေရာင္းေနရေၾကာင္း Denko စာပို႔
မဲေခါင္၊ ေမ ၁၉
Denko ကုမၸဏီမွာ ျဖန္႔ျဖဴးေရာင္းခ်ေနသည့္ စက္သုံးဆီ ၄မ်ိဳးတြင္ 92 Ron ႏွင့္ 95 Ron ၂မ်ိဳးမွာ လက္က်န္နည္းပါးေနသည့္အတြက္ မိတ္ေဆြကုမၸဏီမ်ားထံမွာ ေခ်းငွားေရာင္းခ်ေနရေၾကာင္း Denko က စြမ္းအင္ဝန္ႀကီးဌာနကို စာေပးပို႔သည္။
ေမလ ၁၇ရက္က ေပးပို႔ထားသည့္ Denko ၏ စာတြင္ ေရနံထြက္ပစၥည္းႀကီးၾကပ္စစ္ေဆးေရးဌာန၊ ညႊန္ၾကားေရးမႉးခ်ဳပ္ထံလိပ္မူထားၿပီး ၎တို႔၏ အခက္အခဲကို တင္ျပထားသည္။
92 Ron ႏွင့္ 95 Ron ကို ေခ်းငွားျခင္း၊ တဆင့္ျပန္လည္ဝယ္ယူေရာင္းခ်ျခင္းမ်ား ျပဳလုပ္ေနေသာ္လည္း 95 Ron မွာ လိုအပ္သေလာက္မရနိုင္ေၾကာင္း အဆိုပါစာတြင္ ထည့္သြင္းေရးသားထားသည္။
က်န္ရွိသည့္ 95 Ron မ်ားကို ရန္ကုန္ႏွင့္ မႏၲေလးရွိ စက္သုံးဆီဆိုင္မ်ား၌ ဦးစားေပးေရာင္းခ်သြားမည္ျဖစ္ၿပီး လက္က်န္ကုန္ပါက စက္သုံးဆီဆိုင္ ၃၈ဆိုင္၌ အေရာင္းေခတၱရပ္နားမည္ျဖစ္ေၾကာင္း Denko က ဆိုသည္။
Denko ကဲ့သို႔ စက္သုံးဆီကုမၸဏီႀကီးတစ္ခုအေနျဖင့္ ယခုကဲ့သို႔ စက္သုံးဆီ အခက္အခဲျဖစ္ေနသည့္အတြက္ က်န္တဆင့္ျပန္လည္ေရာင္းခ်သည့္ အေရာင္းဆိုင္မ်ားမွာ ပိုမိုဆိုးရြားသည့္အေျခအေနႏွင့္ ၾကဳံေနရေၾကာင္း စက္သုံးဆီအေရာင္းဆိုင္ပိုင္ရွင္တစ္ဦးက ေျပာသည္။
“92၊ 95 လက္က်န္ကုန္ရင္ေတာ့ က်န္တာေလးေမွးေရာင္းၿပီး ဆိုင္ဖြင့္ေပါ့ ဒါပဲရွိတယ္။ ဆိုင္ပိတ္ရင္လည္း လိုင္စင္ပိတ္မယ္ဆိုၿပီး လာဦးမွာ” ဟု ၎က ေျပာသည္။
မည္သည့္အတြက္ေၾကာင့္ စက္သုံးဆီလက္က်န္ နည္းပါးရသည္ဆိုသည္ကိုမူ ေသခ်ာစြာမသိရေသးေၾကာင္း ၎က ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ စက္သုံးဆီအေရာင္းဆိုင္မ်ား၏ ယေန႔နံနက္အေျခအေနမွာ Max ကဲ့သို႔ ကိုယ္တိုင္တင္သြင္းေရာင္းခ်သည့္ ဆီဆိုင္ႀကီးမ်ားတြင္သာ 92 ႏွင့္ 95 တို႔ကို ေရာင္းခ်ေပးၿပီး က်န္တဆင့္ေရာင္းသည့္ ဆိုင္မ်ားတြင္မူ ဒီဇယ္တစ္မ်ိဳးကိုသာ ေရာင္းခ်ေနသည္ကိုေတြ႕ရေၾကာင္း ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
“Max ဆီဆိုင္ေတြမွာေတာ့ ကားေတြတန္းစီေနတယ္။ က်န္တဲ့ဆိုင္ေတြကေတာ့ ဒီဇယ္ေလာက္ပဲ ေရာင္းၿပီး အျဖစ္သေဘာဖြင့္ထားတယ္” ဟု၎က ေျပာသည္။
စစ္တပ္အာဏာသိမ္းၿပီးေနာက္ ေဒၚလာကိုင္ေဆာင္ခြင့္ကို ပိတ္သိမ္းလိုက္ရာ လုပ္ငန္းရွင္မ်ားလက္တြင္ ေဒၚလာမရွိေတာ့သည့္ေနာက္ပိုင္း နိုင္ငံျခားေငြျဖင့္ ဝယ္ယူတင္သြင္းရသည့္ စက္သုံးဆီေဈးကြက္မွာ မ်ားစြာဂယက္ရိုက္လၽွက္ရွိသည္။