ရေဦးကထွက်လာတဲ့ စစ်အုပ်စု မိုင်း၂ကြိမ်ထိ
စစ်ကိုင်းတိုင်း ရေဦးမြို့ကနေ အနီးဝန်းကျင်ကျေးရွာတွေကို ဖျက်ဆီးလုယက်ဖို့ ထွက်လာတဲ့ စစ်အုပ်စစ်ကြောင်းတစ်ခုကို ပြည်သူ့
ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၂ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က အသေအဆုံးများကာ အလောင်းတွေကို မီးရှို့
ဖျောက်ဖျက်သွားတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မနေ့က မေလ ၁၉ရက်နေ့ မနက်ပိုင်းမှာ ရေဦးမြို့က ထွက်လာတဲ့ စစ်အုပ်စုကို ရေဦး ပကဖ၊ PDFနဲ့ ပလဖတို့က ပူးပေါင်းပြီး ပေါက်သာ
ကျေးရွာအနီးမှာ ပထမဆုံးအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပထမအကြိမ် မိုင်းထိမှန်ပြီးနောက် ဆက်ထွက်လာတဲ့ စစ်အုပ်စုကို ရေဦး၊ ဒီပဲယင်း ပကဖ၊ PDF ၊ ပလဖနဲ့ တို့က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့
ပြီး လက်နက်ငယ်တွေနဲ့ပါပစ်ခတ်ခဲ့တာကြောင့် စစ်အုပ်စုဘက်က သေဆုံးသူတွေ ရှိခဲ့ပါတယ်။
စစ်အုပ်စုဟာ သေဆုံးသွားတဲ့ စစ်သားတွေရဲ့ အလောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။DNA