ၾကားသိသမွ်

စစ်ကောင်စီလက် ပြန်လည်လွှဲပြောင်းခံရသည့် စကစတပ်သားများ လုံခြုံရေးအရ စိုးရိမ်ရဖွယ်ရှိနေ

စစ်ကောင်စီလက် ပြန်လည်လွှဲပြောင်းခံရသည့် စကစတပ်သားများ လုံခြုံရေးအရ စိုးရိမ်ရဖွယ်ရှိနေ

ကရင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကျူးကျော်အခြေစိုက်ထားသည့် သေ့ဘောဘိုးတပ်စခန်းအား KNLA/PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် ချေမှုန်း သိမ်းပိုက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေး ဆုတ်ခွာသွားသည့် စကစ တပ်သား ၁၁ ဦး နှင့် အထမ်းပေါ်တာ ၃ ဦး တို့အား ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီး မေလ ၁၉ ရက်နေ့က စကစလက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။


“တိုက်ပွဲဖြစ်ပြီး သေ့ဘောဘိုးစခန်းကျသွားတော့ စကစတပ်သားတွေ ထိုင်းဘက်ခြမ်းဘက် ဆုတ်ခွာ ထွက်ပြေးလာကြတယ်၊ ထွက်ပြေးလာတဲ့ စကစတပ်သားတွေကို ထိုင်းစစ်တပ်က ဖမ်းပြီး ထိန်းထားလိုက်တယ်၊ သေသေချာချာ ကျွေးမွေးပေးတာ ရှိတယ်၊

နောက်ရက် စကစလက် ပြန်ပို့မယ်ဆိုတော့

“သူတို့ကို ပြန်မပို့ဖို့၊ ပြန်ပို့ရင် စခန်းစွန့်ခွာမှုနဲ့ အရေးယူခံရနိုင်တာကြောင့် ပြန်မပို့ဖို့ အနူးအညွတ် တောင်းပန် ပြောဆိုကြတယ်” လို့ ကြားသိရပါတယ်၊ ဒါပေမယ့် မနေ့က ၁၉ ရက် ညနေပိုင်းမှာပဲ စကစတပ်သား ၁၁ ယောက် နဲ့ အထမ်းပေါ်တာ ၃ ယောက်ကို အမှတ်-၂ တံတားကနေ မြန်မာဘက်ခြမ်း ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်၊ စကစလက်ထဲ ပြန်လည်ပေးပို့ခံရတဲ့ စကစတပ်သားတွေဟာ အတော်လေး ကြောက်ရွံ့နေတာ တွေ့ရတယ်” လို့ ထိုင်းစစ်တပ် နှင့် နီးစပ်တဲ့ မဲဆောက်သတင်းရင်းမြစ်တွေက ပြောဆိုပါသည်။

မေလ ၁၈ ရက်နေ့က ဖလူး-ဝေါလေ ကားလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ သေ့ဘောဘိုးတပ်စခန်းကို KNLA/PDF ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နောက် လက်နက် ခဲယမ်းများနှင့် စကစတပ်သားများ ဖမ်းဆီးရမိ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားပါသည်။

တိုက်ပွဲမှာ ခလရ ၃၂ မှ ဒုတပ်ရင်းမှူ ဗိုလ်မှူးအောင်ငြိမ်းချမ်းနှင့် ဗိုဟန်ဝင်းထွန်း တို့ သေဆုံးမှုရှိကြောင်း KNLA ရှေ့တန်းတပ်ဖွဲ့ဝင်များမှ သိရှိရပါတယ်။

“စကစတပ်သားများဟာ သားပစ်၊ သမီးပစ် မိသားစုနဲ့ ဝေးကွာနေကြရတယ်၊ သေတော့လည်း ခွေးလိုဝက်လို သေကြရတယ်၊ မသေတော့လည်း ထွက်ပြေးလို့ဆိုပြီး အရေးယူခံကြရမယ့်အဖြစ်၊ စစ်ဗိုလ်ချုပ်တွေ အသုံးချခံဘဝအဖြစ်က အတော်ကို ဆိုးလွန်းပါတယ်” ဟု
မဲဆောက်ရောက် မြန်မာတွေက ပြောဆိုကြပြီး စကစတပ်သားများ အနေဖြင့် “ကိုယ့်ဘဝ၊ ကိုယ့်မိသားစုဘဝ၊ ကိုယ့်အနာဂတ်ဘဝ ကို ပြန်လည်တည်ဆောက်ချင်ရင်တော့ အချိန်မီ ပြည်သူ့ဘက် ကူးပြောင်းရပ်တည်ကြဖို့ လိုပါတယ်” လို့လည်း အသိပေး ပြောဆိုကြပါသည်။

ပြည်သူ့ပန်းတိုင်
ကိုးကား – Salween Press/Khit Thit

Zawgyi

စစ္ေကာင္စီလက္ ျပန္လည္လႊဲေျပာင္းခံရသည့္ စကစတပ္သားမ်ား လုံျခဳံေရးအရ စိုးရိမ္ရဖြယ္ရွိေန

ကရင္ျပည္နယ္အတြင္း အၾကမ္းဖက္စစ္ေကာင္စီ က်ဴးေက်ာ္အေျခစိုက္ထားသည့္ ေသ့ေဘာဘိုးတပ္စခန္းအား KNLA/PDF ပူးေပါင္းတပ္ဖြဲ႕က တိုက္ခိုက္ ေခ်မႈန္း သိမ္းပိုက္ခဲ့ၿပီးေနာက္ ထိုင္းနိုင္ငံဘက္ျခမ္း ထြက္ေျပး ဆုတ္ခြာသြားသည့္ စကစ တပ္သား ၁၁ ဦး ႏွင့္ အထမ္းေပၚတာ ၃ ဦး တို႔အား ထိုင္းအာဏာပိုင္မ်ားက ဖမ္းဆီးၿပီး ေမလ ၁၉ ရက္ေန႔က စကစလက္သို႔ ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရွိရပါသည္။

“တိုက္ပြဲျဖစ္ၿပီး ေသ့ေဘာဘိုးစခန္းက်သြားေတာ့ စကစတပ္သားေတြ ထိုင္းဘက္ျခမ္းဘက္ ဆုတ္ခြာ ထြက္ေျပးလာၾကတယ္၊ ထြက္ေျပးလာတဲ့ စကစတပ္သားေတြကို ထိုင္းစစ္တပ္က ဖမ္းၿပီး ထိန္းထားလိုက္တယ္၊ ေသေသခ်ာခ်ာ ေကၽြးေမြးေပးတာ ရွိတယ္၊

ေနာက္ရက္ စကစလက္ ျပန္ပို႔မယ္ဆိုေတာ့

“သူတို႔ကို ျပန္မပို႔ဖို႔၊ ျပန္ပို႔ရင္ စခန္းစြန႔္ခြာမႈနဲ႔ အေရးယူခံရနိုင္တာေၾကာင့္ ျပန္မပို႔ဖို႔ အႏူးအညြတ္ ေတာင္းပန္ ေျပာဆိုၾကတယ္” လို႔ ၾကားသိရပါတယ္၊ ဒါေပမယ့္ မေန႔က ၁၉ ရက္ ညေနပိုင္းမွာပဲ စကစတပ္သား ၁၁ ေယာက္ နဲ႔ အထမ္းေပၚတာ ၃ ေယာက္ကို အမွတ္-၂ တံတားကေန ျမန္မာဘက္ျခမ္း ျပန္လည္လႊဲေျပာင္းေပးလိုက္ပါတယ္၊ စကစလက္ထဲ ျပန္လည္ေပးပို႔ခံရတဲ့ စကစတပ္သားေတြဟာ အေတာ္ေလး ေၾကာက္ရြံ့ေနတာ ေတြ႕ရတယ္” လို႔ ထိုင္းစစ္တပ္ ႏွင့္ နီးစပ္တဲ့ မဲေဆာက္သတင္းရင္းျမစ္ေတြက ေျပာဆိုပါသည္။

ေမလ ၁၈ ရက္ေန႔က ဖလူး-ေဝါေလ ကားလမ္းေပၚရွိ အၾကမ္းဖက္စစ္ေကာင္စီ ေသ့ေဘာဘိုးတပ္စခန္းကို KNLA/PDF ပူးေပါင္းတိုက္ခိုက္ခဲ့ၿပီး ေနာက္ လက္နက္ ခဲယမ္းမ်ားႏွင့္ စကစတပ္သားမ်ား ဖမ္းဆီးရမိ သိမ္းပိုက္နိုင္ခဲ့ေၾကာင္း KNU က သတင္းထုတ္ျပန္ထားပါသည္။ တိုက္ပြဲမွာ ခလရ ၃၂ မွ ဒုတပ္ရင္းမႉ ဗိုလ္မႉးေအာင္ၿငိမ္းခ်မ္းႏွင့္ ဗိုဟန္ဝင္းထြန္း တို႔ ေသဆုံးမႈရွိေၾကာင္း KNLA ေရွ႕တန္းတပ္ဖြဲ႕ဝင္မ်ားမွ သိရွိရပါတယ္။

“စကစတပ္သားမ်ားဟာ သားပစ္၊ သမီးပစ္ မိသားစုနဲ႔ ေဝးကြာေနၾကရတယ္၊ ေသေတာ့လည္း ေခြးလိုဝက္လို ေသၾကရတယ္၊ မေသေတာ့လည္း ထြက္ေျပးလို႔ဆိုၿပီး အေရးယူခံၾကရမယ့္အျဖစ္၊ စစ္ဗိုလ္ခ်ဳပ္ေတြ အသုံးခ်ခံဘဝအျဖစ္က အေတာ္ကို ဆိုးလြန္းပါတယ္” ဟု

မဲေဆာက္ေရာက္ ျမန္မာေတြက ေျပာဆိုၾကၿပီး စကစတပ္သားမ်ား အေနျဖင့္ “ကိုယ့္ဘဝ၊ ကိုယ့္မိသားစုဘဝ၊ ကိုယ့္အနာဂတ္ဘဝ ကို ျပန္လည္တည္ေဆာက္ခ်င္ရင္ေတာ့ အခ်ိန္မီ ျပည္သူ႔ဘက္ ကူးေျပာင္းရပ္တည္ၾကဖို႔ လိုပါတယ္” လို႔လည္း အသိေပး ေျပာဆိုၾကပါသည္။

ျပည္သူ႔ပန္းတိုင္
ကိုးကား – Salween Press/Khit Thit