မန္တလေး – မိုးကုတ်လမ်း စဉ့်ကူးနယ် ရွှေပြည်ရဲကင်းကို PDF တွေက စီးနင်းတိုက်ခိုက်၊ စခန်းမှူး အပါအဝင် စကစ အနည်းဆုံး သုံးဦးသေ၊
MFP ၊ မေ-၂၀
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်ရှိ ရွှေပြည်ရွာ ရဲကင်းစခန်းကို ဒီကနေ့ မေ(၂၀)ရက် မနက်ပိုင်းမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ စခန်းမှူး အပါအဝင် စကစ လက်နက်ကိုင် အနည်းဆုံး သုံးဦး သေတယ်လို့ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေး တပ်တွေက MFP ကို ပြောပါတယ်။
ဒီကနေ့ မေ(၂၀)ရက် မနက်(၁)နာရီကျော်က ရွှေပြည်ရွာ ရဲကင်းစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်း တပ်တွေဖြစ်တဲ့ စဉ့်ကူးမဟာမိတ် ညီနောင်တပ်ပေါင်းစုနှင့် မတ္တရာ ပကဖ တို့ ပူးပေါင်းပြီး နာရီဝက်နီးပါးကြာ စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“စဉ့်ကူး မဟာမိတ် ညီနောင် တပ်ပေါင်းစုရယ်၊ မတ္တရာ ပကဖ ရယ်၊ လင်းယုန်အဖွဲ့ရယ်၊ ကျွန်တော်တို့ စုပေါင်း တိုက်ခိုက်ခဲ့တာ၊ အကုန်လုံး အန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာခဲ့တာ၊ သူတို့ကတော့ သုံးယောက်ထက် ပိုသေနိုင်တယ်ပေါ့၊ ခြောက်ယောက်ပေါ့၊ စခန်းထဲက သုံးယောက်ရယ်၊ မိုင်းကွဲတဲ့ သုံးယောက်ရယ်၊ အတည်ပြုလို့ မရသေးဘူး၊ စခန်းထဲမှာ ဖြစ်တဲ့ဟာ သုံးယောက်ပဲ အတည်ပြုလို့ရသေးတယ်၊ သူတို့က အကပ်မခံဘူး၊ ကျပြီး အဝင်အထွက်တွေ အကုန်လုံး ပိတ်တာဆိုတော့” လို့ စဉ့်ကူး မဟာမိတ်ညီနောင် တပ်ပေါင်းစု၊ ဥဒေါင်းမင်း တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရွှေပြည်ရဲကင်းမှာ ရှိနေတဲ့ စခန်းမှူး အပါအဝင် စကစ သုံးဦး သေတာကို အတည်ပြုနိုင်ပြီး ရွှေပြည်ရဲကင်း တိုက်ခိုက်ခံရချိန် စစ်ကူလာတဲ့ ယာဉ်တန်းကိုလည်း ငွေတောင်ကျေးရွာ တိုးဂိတ်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ငွေတောင်ရွာ တိုးဂိတ် မိုင်းဆွဲမှုကြောင့် စစ်အုပ်စုဘက်က သုံးဦးထက်မနည်း သေနိုင်ပေမယ့် အတိအကျ မသိရသေးဘဲ ငွေတောင်ဂိတ်မှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ချိန် စစ်အုပ်စု ထိခိုက်တာ မရှိခဲ့ပေမယ့် ကျန်ရှိတဲ့ မိုင်းတွေကို စစ်အုပ်စုဘက်က ဖြုတ်နေစဉ် နောက်ထပ် မိုင်းတစ်လုံးပေါက်ကွဲခဲ့တာမှာ စကစ သုံးဦး သေတယ်လို့ ဥဒေါင်းမင်း တပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
“မနက် (၃)နာရီခွဲလောက်မှာ သူတို့လာတယ်၊ မိုင်းသုံးလုံး ဆွဲတယ်၊ မအောင်မြင်လိုက်ဘူး။ သူတို့ မထိလိုက်ဘူးခဗျ၊ (၅)နာရီကျော်မှာ တစ်လုံးကွဲတာ၊ အဲ့ဒါ သုံးယောက်ထိတယ်၊ နှစ်ယောက်က နေရာမှာတင် ပွဲချင်းပြီးပဲ” လို့ သူက ဆိုပါတယ်။
ဒီကနေ့ မနက်အစောပိုင်းက စဉ့်ကူးနယ် လက်ပံလှရွာတွေဘက်ကပါ ပစ်ခတ် တိုက်ခိုက်သံတွေ ကြားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက် စစ်အုပ်စုက မန္တလေး – မတ္တရာ ကားလမ်းကို ပိတ်ထားပြီး လမ်းသွားလမ်းလာတွေကို ရန်ပြုစစ်ဆေးနေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ယခုရက်ပိုင်းတွေ အတွင်း စဉ့်ကူးမြို့နယ် ဧရာဝတီ မြစ်ရိုးတစ်လျှောက်က ကျေးရွာတွေထဲ စီးနင်းဝင်ရောက်ကာ မွှေနှောက်လုယက် ဖောက်ထွင်းခိုးယူ နေအိမ်မီးရှို့တာတွေ ကျူးလွန်နေပါတယ်။
စဉ့်ကူးနယ် ဥဒေါင်းမင်းတပ်ဖွဲ့ အနေနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးသည်အထိ အကြမ်းဖက် စစ်အုပ်စုကို ဆက်လက်ခုခံတိုက်ခိုက်မည် ဖြစ်ပြီး လက်ရှိမှာ လက်နက်အင်အား မလုံလောက်သလို မောင်းပြန်သေနတ်တစ်လက်လောက် လိုအပ်နေလို့ အများပြည်သူ အနေနဲ့ ကူညီထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
မႏၲေလး – မိုးကုတ္လမ္း စဉ့္ကူးနယ္ ေရႊျပည္ရဲကင္းကို PDF ေတြက စီးနင္းတိုက္ခိုက္၊ စခန္းမႉး အပါအဝင္ စကစ အနည္းဆုံး သုံးဦးေသ၊
MFP ၊ ေမ-၂၀
မႏၲေလးတိုင္း၊ စဉ့္ကူးၿမိဳ႕နယ္၊ မႏၲေလး – မိုးကုတ္ ကားလမ္းေပၚရွိ ေရႊျပည္ရြာ ရဲကင္းစခန္းကို ဒီကေန႔ ေမ(၂၀)ရက္ မနက္ပိုင္းမွာ ေဒသကာကြယ္ေရး ပူးေပါင္းတပ္ေတြက စီးနင္းဝင္ေရာက္ တိုက္ခိုက္ခဲ့ရာမွာ စခန္းမႉး အပါအဝင္ စကစ လက္နက္ကိုင္ အနည္းဆုံး သုံးဦး ေသတယ္လို႔ တိုက္ခိုက္ရာမွာ ပါဝင္ခဲ့တဲ့ ေဒသကာကြယ္ေရး တပ္ေတြက MFP ကို ေျပာပါတယ္။
ဒီကေန႔ ေမ(၂၀)ရက္ မနက္(၁)နာရီေက်ာ္က ေရႊျပည္ရြာ ရဲကင္းစခန္းကို ေဒသကာကြယ္ေရး ပူးေပါင္း တပ္ေတြျဖစ္တဲ့ စဉ့္ကူးမဟာမိတ္ ညီေနာင္တပ္ေပါင္းစုႏွင့္ မတၱရာ ပကဖ တို႔ ပူးေပါင္းၿပီး နာရီဝက္နီးပါးၾကာ စီးနင္းဝင္ေရာက္ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။
“စဉ့္ကူး မဟာမိတ္ ညီေနာင္ တပ္ေပါင္းစုရယ္၊ မတၱရာ ပကဖ ရယ္၊ လင္းယုန္အဖြဲ႕ရယ္၊ ကၽြန္ေတာ္တို႔ စုေပါင္း တိုက္ခိုက္ခဲ့တာ၊ အကုန္လုံး အႏၲရာယ္ကင္းကင္းနဲ႔ ဆုတ္ခြာခဲ့တာ၊ သူတို႔ကေတာ့ သုံးေယာက္ထက္ ပိုေသနိုင္တယ္ေပါ့၊ ေျခာက္ေယာက္ေပါ့၊ စခန္းထဲက သုံးေယာက္ရယ္၊ မိုင္းကြဲတဲ့ သုံးေယာက္ရယ္၊ အတည္ျပဳလို႔ မရေသးဘူး၊ စခန္းထဲမွာ ျဖစ္တဲ့ဟာ သုံးေယာက္ပဲ အတည္ျပဳလို႔ရေသးတယ္၊ သူတို႔က အကပ္မခံဘူး၊ က်ၿပီး အဝင္အထြက္ေတြ အကုန္လုံး ပိတ္တာဆိုေတာ့” လို႔ စဉ့္ကူး မဟာမိတ္ညီေနာင္ တပ္ေပါင္းစု၊ ဥေဒါင္းမင္း တပ္ဖြဲ႕က တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
ေရႊျပည္ရဲကင္းမွာ ရွိေနတဲ့ စခန္းမႉး အပါအဝင္ စကစ သုံးဦး ေသတာကို အတည္ျပဳနိုင္ၿပီး ေရႊျပည္ရဲကင္း တိုက္ခိုက္ခံရခ်ိန္ စစ္ကူလာတဲ့ ယာဥ္တန္းကိုလည္း ေငြေတာင္ေက်းရြာ တိုးဂိတ္မွာ မိုင္းဆြဲ တိုက္ခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။
ေငြေတာင္ရြာ တိုးဂိတ္ မိုင္းဆြဲမႈေၾကာင့္ စစ္အုပ္စုဘက္က သုံးဦးထက္မနည္း ေသနိုင္ေပမယ့္ အတိအက် မသိရေသးဘဲ ေငြေတာင္ဂိတ္မွာ ပထမအႀကိမ္ မိုင္းဆြဲတိုက္ခိုက္ခ်ိန္ စစ္အုပ္စု ထိခိုက္တာ မရွိခဲ့ေပမယ့္ က်န္ရွိတဲ့ မိုင္းေတြကို စစ္အုပ္စုဘက္က ျဖဳတ္ေနစဥ္ ေနာက္ထပ္ မိုင္းတစ္လုံးေပါက္ကြဲခဲ့တာမွာ စကစ သုံးဦး ေသတယ္လို႔ ဥေဒါင္းမင္း တပ္ဖြဲ႕က တာဝန္ရွိသူက ေျပာပါတယ္။
“မနက္ (၃)နာရီခြဲေလာက္မွာ သူတို႔လာတယ္၊ မိုင္းသုံးလုံး ဆြဲတယ္၊ မေအာင္ျမင္လိုက္ဘူး။ သူတို႔ မထိလိုက္ဘူးခဗ်၊ (၅)နာရီေက်ာ္မွာ တစ္လုံးကြဲတာ၊ အဲ့ဒါ သုံးေယာက္ထိတယ္၊ ႏွစ္ေယာက္က ေနရာမွာတင္ ပြဲခ်င္းၿပီးပဲ” လို႔ သူက ဆိုပါတယ္။
ဒီကေန႔ မနက္အေစာပိုင္းက စဉ့္ကူးနယ္ လက္ပံလွရြာေတြဘက္ကပါ ပစ္ခတ္ တိုက္ခိုက္သံေတြ ၾကားရတယ္လို႔ ေဒသခံတခ်ိဳ႕က ေျပာပါတယ္။
လက္ရွိမွာေတာ့ အၾကမ္းဖက္ စစ္အုပ္စုက မႏၲေလး – မတၱရာ ကားလမ္းကို ပိတ္ထားၿပီး လမ္းသြားလမ္းလာေတြကို ရန္ျပဳစစ္ေဆးေနတယ္လို႔ နီးစပ္သူေတြက ဆိုပါတယ္။
အၾကမ္းဖက္ စစ္အုပ္စုဟာ ယခုရက္ပိုင္းေတြ အတြင္း စဉ့္ကူးၿမိဳ႕နယ္ ဧရာဝတီ ျမစ္ရိုးတစ္ေလၽွာက္က ေက်းရြာေတြထဲ စီးနင္းဝင္ေရာက္ကာ ေမႊေႏွာက္လုယက္ ေဖာက္ထြင္းခိုးယူ ေနအိမ္မီးရွို႔တာေတြ က်ဴးလြန္ေနပါတယ္။
စဉ့္ကူးနယ္ ဥေဒါင္းမင္းတပ္ဖြဲ႕ အေနနဲ႔ အာဏာရွင္စနစ္ အျမစ္ျပတ္က်ဆုံးသည္အထိ အၾကမ္းဖက္ စစ္အုပ္စုကို ဆက္လက္ခုခံတိုက္ခိုက္မည္ ျဖစ္ၿပီး လက္ရွိမွာ လက္နက္အင္အား မလုံေလာက္သလို ေမာင္းျပန္ေသနတ္တစ္လက္ေလာက္ လိုအပ္ေနလို႔ အမ်ားျပည္သူ အေနနဲ႔ ကူညီေထာက္ပံ့ေပးၾကဖို႔ ေမတၱာရပ္ခံထားပါတယ္။