မုတ္တမကွေ့တွင်လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေသဖြင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများမိုးကြီးမည်
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ မုတ္တမပင်လယ်ကွေ့တွင်လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေသဖြင့် ပဲခူးတိုင်း၊ ရန် ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံတော်ပိုင်းဒေသများတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၂၀ ရက်၊ နံနက်ပိုင်းတွင်သတင်းထုတ်ပြန်ထားသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ယခုထက်ပိုမိုအားကောင်းလာနိုင်ပြီး ၎င်းတည် ရှိရာဧရိယာ၏ အရှေ့မြောက် ဘက်ဖြစ်သည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဘက် သို့ ဦးတည်ရွေ့လျားနိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်မိုးပြတ်တောင်း ပြတ်တောင်းရွာတာတွေ၊ မိုးကြီးတာတွေတော့ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ဒီလေဖိအားနည်းရပ်ဝန်းကမုန်တိုင်းအဆင့်အထိတော့မရောက်နိုင်ပါဘူး။ ကမ်းရိုးတန်းနဲ့လည်းနီး တဲ့အခါကျတော့ မုန်တိုင်းအဆင့်ထိမရောက်နိုင်ပါဘူး”ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တာဝန် ရှိသူတစ်ဦးကဆိုသည်။
မုတ္တမကွေ့တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းတို့အပြင် ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင်နေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍မိုးကြီးခြင်းများလည် ဖြစ်ပေါ်လာနိုင်ကြောင်း မိုး/ဇလ ကသတိပေးထားသည်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေပြင်းကျစဉ် တစ်နာရီ မိုင် ၄၀ မှ ၄၅ မိုင်အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၃ ပေအထိရှိနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးကြီးခြင်းများဖြစ်ပေါ်လာနိုင်သဖြင့် ပြည်တွင်းလေကြောင်းပျံသန်းရေးအပြင် မွန် – တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များအနေဖြင့် ကြိုတင်သတိပြုကြရန် မိုး/ဇလက အကြံပြုထားသည်။
Zawgyi
မုတၱမေကြ႕တြင္ေလဖိအားနည္းရပ္ဝန္းျဖစ္ေပၚေနသျဖင့္ ျမန္မာနိုင္ငံေတာင္ပိုင္းေဒသမ်ားမိုးႀကီးမည္
ကပၸလီပင္လယ္ျပင္ေျမာက္ပိုင္း၊ မုတၱမပင္လယ္ေကြ႕တြင္ေလဖိအားနည္းရပ္ဝန္းျဖစ္ေပၚေနသျဖင့္ ပဲခူးတိုင္း၊ ရန္ ကုန္တိုင္းအပါအဝင္ ျမန္မာနိုင္ငံေတာ္ပိုင္းေဒသမ်ားတြင္ မိုးႀကီးနိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနက ေမလ ၂၀ ရက္၊ နံနက္ပိုင္းတြင္သတင္းထုတ္ျပန္ထားသည္။
အဆိုပါေလဖိအားနည္းရပ္ဝန္းသည္ ယခုထက္ပိုမိုအားေကာင္းလာနိုင္ၿပီး ၎တည္ ရွိရာဧရိယာ၏ အေရွ႕ေျမာက္ ဘက္ျဖစ္သည့္ မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္ဘက္ သို႔ ဦးတည္ေရြ႕လ်ားနိုင္ေၾကာင္း မိုး/ဇလ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
“ဒီေလဖိအားနည္းရပ္ဝန္းအရွိန္ေၾကာင့္မိုးျပတ္ေတာင္း ျပတ္ေတာင္းရြာတာေတြ၊ မိုးႀကီးတာေတြေတာ့ျဖစ္နိုင္တာေပါ့။ ဒါေပမဲ့ဒီေလဖိအားနည္းရပ္ဝန္းကမုန္တိုင္းအဆင့္အထိေတာ့မေရာက္နိုင္ပါဘူး။ ကမ္းရိုးတန္းနဲ႔လည္းနီး တဲ့အခါက်ေတာ့ မုန္တိုင္းအဆင့္ထိမေရာက္နိုင္ပါဘူး”ဟုမိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက တာဝန္ ရွိသူတစ္ဦးကဆိုသည္။
မုတၱမေကြ႕တြင္ျဖစ္ေပၚေနသည့္ ေလဖိအားနည္းရပ္ဝန္းအရွိန္ေၾကာင့္ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္းတို႔အျပင္ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္ နယ္တို႔တြင္ေနရာအႏွံ့အျပားမိုးရြာသြန္းနိုင္ၿပီး ေဒသအလိုက္ မိုးႀကီးျခင္း၊ ေနရာကြက္၍မိုးႀကီးျခင္းမ်ားလည္ ျဖစ္ေပၚလာနိုင္ေၾကာင္း မိုး/ဇလ ကသတိေပးထားသည္။
ျမစ္ဝကၽြန္းေပၚ၊ မုတၱမေကြ႕၊ မြန္ – တနသၤာရီကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ေလျပင္းက်စဥ္ တစ္နာရီ မိုင္ ၄၀ မွ ၄၅ မိုင္အထိတိုက္ခတ္နိုင္ၿပီး လွိုင္းအျမင့္ ၉ ေပမွ ၁၃ ေပအထိရွိနိုင္ေၾကာင္း မိုး/ဇလက ခန႔္မွန္းထားသည္။
ေလဖိအားနည္းရပ္ဝန္းအရွိန္ေၾကာင့္ ေလျပင္းတိုက္ခတ္ျခင္းႏွင့္အတူ မိုးႀကီးျခင္းမ်ားျဖစ္ေပၚလာနိုင္သျဖင့္ ျပည္တြင္းေလေၾကာင္းပ်ံသန္းေရးအျပင္ မြန္ – တနသၤာရီကမ္းရိုးတန္းတစ္ေလၽွာက္ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ားအေနျဖင့္ ႀကိဳတင္သတိျပဳၾကရန္ မိုး/ဇလက အႀကံျပဳထားသည္။