မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ဗီဇာလျှောက် ထားသူများ ပြည်တွင်းအရေးဝင်ရောက်မစွက်ဖက်ရန် စစ်ကောင်စီ ထုတ်ပြန်
ရန်ကုန်၊ မေ ၂၀
လူငယ့်ခေတ်
မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် နိုင်ငံခြားသားများ ပြည်တွင်းအရေး ဝင်မစွတ်ဖက်ရဆိုသည့် အချက်အပါအဝင် ဗီဇာလျှောက်ထားစဥ် လိုက်နာရမည့် သတ်မှတ်ချက်များအား စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အွန်လိုင်းမှ စီးပွားရေးဗီဇာ၊ အလည်အပတ်ဗီဇာ လျှောက်ထားသူများ လိုက်နာရမည့်အချက် (၂၁) ချက်အား စစ် ကောင်စီက ယနေ့ကြေညာထားခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက လူငယ့်ခေတ်သို့ မှတ်ချက်ပေးရာတွင် “စစ် တပ်က သူတို့လုံခြုံရေးဘက်ကကြည့်ပြီး သတ်မှတ်ချက် အသစ်တွေပြန်ထုတ်တာ။ သူတို့အုပ်ချုပ်မှုအောက်မှာ နိုင်ငံခြားခရီးသွားဝင်ဖို့ဆိုတာ မျှော်လင့်လို့မရဘူး”ဟု ပြောသည်။
ဗီဇာလျှောက်ထားသူအားလုံးအနေဖြင့် မြန်မာနိုင်ငံ၏ ဥပဒေကို လိုက်နာရမည်ဖြစ်ပြီး မည်သည့်ပြည်တွင်းအရေး ကိုမဆို ဝင်ရောက်စွတ်ဖက်ခွင့်ပြုမည်မဟုတ်ဟု ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ဗီဇာလျှောက်ထားမှုအား ငြင်းပယ်ခံရနိုင်ကြောင်းလည်း စစ်ကောင်စီက ဆို သည်။
မြန်မာနိုင်ငံသို့ ရောက်ရှိပါက ကန့်သတ်ဧရိယာများသို့ သွားရောက်ခွင့်မရှိကြောင်းလည်း ဖော်ပြထားပြီး ချမှတ် ထားသော ဥပဒေလုပ်ထုံးလုပ်နည်းများအား ချိုးဖောက်ပါက အရေးယူခံရမည်ဟု သတိပေးထားသည်။
အခြားသာမာန် သတ်မှတ်ချက်များနှင့် COVID-19 ရောဂါကာကွယ်ဆေး ထိုးထားမှု၊ ယင်းရောဂါအတွက် အာမခံ ကြေးပေးသွင်းရန်ဆိုသည့် အချက်များကိုလည်း ထုတ်ပြန်ချက်တွင် စစ်ကောင်စီက ထည့်သွင်းဖော်ပြထားသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံခြားခရီးသွားများ ပြည်တွင်းဝင်ရောက်မှု မရှိသလောက်ကျဆင်းသွား ကြောင်း ခရီးသွားလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။