ဖောင်းပြင်မြို့နယ်တွင်ဆက်ကြေးလာကောက်သောရှမ်းနီတပ်ဖွဲ့ဝင်သုံးဦးကို PDF ကဖမ်းဆီးစစ်ဆေးပြီးပြန်လွှတ်
ကြည်သာ/People’s Spring
ဖောင်းပြင်မြို့နယ်အတွင်း ဆက်ကြေးလာရောက်ကောက်ခံသည့် ရှမ်းနီ(SNA)အဖွဲ့ဝင်သုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်းသတင်းထုတ်ပြန်သည်။
ရှမ်းနီအမျိုးသားများတပ်မတော်(Shanni Nationalities Army-SNA)မှ တပ်ဖွဲ့ဝင်သုံးဦးကို ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဖောင်းပြင် PDF) ဧပြီ ၂၀ ရက်က ဖမ်းဆီးပြီး မေ ၁၇ရက်တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
” SNA ကလူတွေက ဖောင်းပြင်မှာ ဆတ်ကြေးလာကောက်နေတာကို လူထုက PDF ဆီမှာ တိုင်ကြားလို့ဖမ်းပြီးစစ်ဆေးခဲ့တာ။ အခု ပြန်လွှတ်ပေးလိုက်ပြီ။ ကျွန်တော်တို့ မြို့ခံတွေဆီကနေ နောက်ထပ် ဆတ်ကြေးလာမတောင်းဖို့ ပြောချင်တယ်”ဟု ဖောင်းပြင်မြို့ခံတစ်ဦးကပြောသည်။
ဖမ်းဆီးစစ်ဆေးခဲ့သူသုံးဦးနှင့် ပတ်သက်၍ “အကြမ်းဖက်အကြပ်ကိုင်၍စစ်ဆေးခြင်းလုံးဝ(လုံးဝ)မရှိခဲ့သည့်အပြင်ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားခဲ့ပါသည်” ဟု ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၎င်းတို့သုံးဦးကို မိသားစုရှိရာဆီသို့ ပြန်နိုင်ရန် လမ်းစာရိတ် ငါးသောင်းကျပ် ပေး၍ ပြန်လွှတ်ပေးခဲ့ကြောင်း ရုပ်သံဖိုင်နှင့်တစ်ကွထုတ်ပြန်သည်။
ဟုမ္မလင်းမြို့နယ်တွင်အခြေစိုက်သည့် ရှမ်းနီအမျိုးသားများတပ်မတော် SNAသည်ဖောင်းပြင်မြို့နယ်အတွင်ဆက်ကြေး
လာကောက်နေသည်ကို ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်
ရေးတပ်ဖွဲ့ကဖောင်းပြင်မြို့နယ်သည်အမျိုးသားညီညွတ်ရေးအစိုးရအုပ်ချုပ်မှုနယ်မြေတွင် ပါဝင်ပြီး ဒေသခံများထံမှ အခွန်ငွေအကြောင်းပြ၍ ဆက်ကြေးလာမကောက်ရန် ဧပြီလအတွင်းသတိပေးခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နယ်စပ်ဒေသများတွင် လှုပ်ရှားသည့်SNA သည် ပြည်သူ့တော်လှန်
ရေးတွင် ပူးပေါင်းပါဝင်လာခြင်းမရှိ၍ ဒေသခံများက ပြစ်တင်ဝေဖန်ခံနေရသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
ဖောင်းပြင်မြို့နယ်တွင်ဆက်ကြေးလာကောက်သောရှမ်းနီတပ်ဖွဲ့ဝင်သုံးဦးကို PDF ကဖမ်းဆီးစစ်ဆေးပြီးပြန်လွှတ်
ကြည်သာ/People’s Spring
ဖောင်းပြင်မြို့နယ်အတွင်း ဆက်ကြေးလာရောက်ကောက်ခံသည့် ရှမ်းနီ(SNA)အဖွဲ့ဝင်သုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်းသတင်းထုတ်ပြန်သည်။
ရှမ်းနီအမျိုးသားများတပ်မတော်(Shanni Nationalities Army-SNA)မှ တပ်ဖွဲ့ဝင်သုံးဦးကို ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဖောင်းပြင် PDF) ဧပြီ ၂၀ ရက်က ဖမ်းဆီးပြီး မေ ၁၇ရက်တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
” SNA ကလူတွေက ဖောင်းပြင်မှာ ဆတ်ကြေးလာကောက်နေတာကို လူထုက PDF ဆီမှာ တိုင်ကြားလို့ဖမ်းပြီးစစ်ဆေး
ခဲ့တာ။ အခု ပြန်လွှတ်ပေးလိုက်ပြီ။ ကျွန်တော်တို့ မြို့ခံတွေဆီကနေ နောက်ထပ် ဆတ်ကြေးလာမတောင်းဖို့ ပြောချင်တယ်”ဟု ဖောင်းပြင်မြို့ခံတစ်ဦးကပြောသည်။
ဖမ်းဆီးစစ်ဆေးခဲ့သူသုံးဦးနှင့် ပတ်သက်၍ “အကြမ်းဖက်အကြပ်ကိုင်၍စစ်ဆေးခြင်းလုံးဝ(လုံးဝ)မရှိခဲ့သည့်အပြင်ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားခဲ့ပါသည်” ဟု ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၎င်းတို့သုံးဦးကို မိသားစုရှိရာဆီသို့ ပြန်နိုင်ရန် လမ်းစာရိတ် ငါးသောင်းကျပ် ပေး၍ ပြန်လွှတ်ပေးခဲ့ကြောင်း ရုပ်သံဖိုင်
နှင့်တစ်ကွထုတ်ပြန်သည်။