စစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ထပ်ကျူးလွန်ဖို့ လူမိုက်စကားပြောနေကြောင်း AA တုံ့ပြန်
~~~~~~
■ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ ရခိုင်ပြည်နယ်မှာ စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု နောက်တစ်ခေါက်ကျူးလွန်ဖို့ လူမိုက်စကားပြောနေတာလို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ဝေဖန်လိုက်ပါတယ်။
နေပြည်တော်မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ… ရက္ခိုင့်တပ်တော် (AA) ရဲ့ လုပ်ဆောင်ချက်တွေမှာ တိုက်ပွဲခေါ်နေတဲ့ ပုံစံမျိုးတွေ တွေ့လာရကြောင်းနဲ့၊ စစ်တပ်အနေနဲ့ ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေဖို့ သည်းခံနေတာဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်လာရင် “တပ်မတော်ကို အဆိုးမဆိုနဲ့” ဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာပါ။
“သူတို့ပြောတာကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ လူမိုက်စကားပြောနေတာလို့ပဲ ရှင်းရှင်းလင်းလင်း မြင်တယ်ဗျ၊ ဒါက မြန်မာစစ်တပ်ကနေပြီးတော့ သူတို့ရဲ့လက် သုံးစကား ဖြစ်တယ်ဗျ။ အဲဒီစကားမျိုးကို အခုမှပြောတာမဟုတ်ပါဘူး၊ အရင်လည်း အကြိမ်ကြိမ် ပြောပြီးပါပြီ။ အဲဒီစကားကို ထောက်လို့ရှိရင် မြန်မာစစ်တပ်ဟာ နောက်တစ်ကြိမ် ရခိုင်ပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ဖို့အတွက် သူတို့အစီအစဉ်ရှိနေပြီဆိုတာကို ဖော်ပြနေတာ ဖြစ်တယ်လို့ပဲ ကျနော်တို့ကတော့ မြင်တယ်ဗျ”
ရခိုင်ပြည်သူတွေအပေါ် အမှန်တကယ် ငဲ့ညှာတယ်ဆိုရင် မြန်မာစစ်တပ်ဟာ တစ်တိုင်းပြည်လုံး မီးတောက်လောင်နေအောင် လုပ်ဆောင်မှာမဟုတ်သလို သမိုင်းတစ်လျှောက် စစ်တပ်က သည်းခံနေရတယ်ဆိုတာ မရှိခဲ့ဘူးလို့လည်း ဦးခိုင်သုခက ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) နဲ့ NUG နဲ့ တွေ့ဆုံဆွေးနွေးတဲ့အပေါ် စစ်တပ်အနေနဲ့ ဒီအတိုင်းကြည့်နေမှာလား… ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ သူရိယနေဝန်းသတင်းဌာနက မေးမြန်းပြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
“AA အနေနဲ့က သူတို့ပြောတဲ့စကားတွေထဲမှာ ဘာတွေဖြစ်လာလဲဆိုတော့ တိုက်ပွဲကိုခေါ်နေတဲ့ ပုံစံမျိုး၊ လက်နက်ကိုင်ပဋိပက္ခကို ခေါ်နေတဲ့ ပုံစံမျိုး ကျနော်တို့ တွေ့လာရပါတယ်။ တိုင်းစစ်ဌာနချုပ်လောက်ကိုပဲ သူက ခြိမ်းခြောက်လာတဲ့ပုံစံမျိုး တွေ့ရတယ်။ ဒီအချိန်မှာ ကျနော်တို့လုပ်နေတာက၊ ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာမျိုးပဲ ဖြစ်ပါတယ်။ စိတ်ရှည် သည်းခံပြီးတော့ ပြည်ထောင်စုအတွက်၊ ငြိမ်းချမ်းရေးအတွက် လုပ်နေတာ ဖြစ်ပါတယ်။ အဲဒီအတွက် အခုဖြစ်နေတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ပဲ ကျနော်ပြောချင်ပါတယ်”
ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေနဲ့ အွန်လိုင်းဗီဒီယိုစနစ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို AA အဖွဲ့က အကြောင်းမပြန်ကြားခဲ့သလို၊ ရခိုင်ပြည်နယ်မှာ စစ်ဆေးဖမ်းဆီးတာတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အပေါ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာလူမှုကွန်ရက်ကနေ သတိပေးခဲ့ပါတယ်။
AA အနေနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ဝင်ရောက်နှောင့်ယှက်တာတွေ ရှိကြောင်း၊ တရားစီရင်ရေးကဏ္ဍကိုလည်း AA ဆီမှာ တရားစီရင်ရမယ်ဆိုတာတွေရှိကြောင်း၊ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံစည်းရုံးမှုတွေလည်း ဆယ်ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ မိမိတို့အနေနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့အတွက် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက်ခမ တော်စပ်သူ ဦးစံလှကျော်ကို လူသားချင်းစာနာတဲ့ အနေနဲ့ ဆွစ်ဇာလန်နိုင်ငံကို ထွက်ခွာခွင့်ပေးခဲ့တာလို့လည်း ပြောဆိုသွားပါတယ်။ RFA
Zawgyi
စစ္တပ္က လူမ်ိဳးတုံးသတ္ျဖတ္မႈ ထပ္က်ဴးလြန္ဖို႔ လူမိုက္စကားေျပာေနေၾကာင္း AA တုံ႔ျပန္
~~~~~~
■ စစ္ေကာင္စီေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းဟာ ရခိုင္ျပည္နယ္မွာ စစ္တပ္က လူမ်ိဳးတုန္းသတ္ျဖတ္မႈ ေနာက္တစ္ေခါက္က်ဴးလြန္ဖို႔ လူမိုက္စကားေျပာေနတာလို႔ AA ေျပာခြင့္ရသူ ဦးခိုင္သုခက ေဝဖန္လိုက္ပါတယ္။
ေနျပည္ေတာ္မွာ ဒီေန႔ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ… ရကၡိဳင့္တပ္ေတာ္ (AA) ရဲ့ လုပ္ေဆာင္ခ်က္ေတြမွာ တိုက္ပြဲေခၚေနတဲ့ ပုံစံမ်ိဳးေတြ ေတြ႕လာရေၾကာင္းနဲ႔၊ စစ္တပ္အေနနဲ႔ ရခိုင္ျပည္သူလူထု ဒုကၡမေရာက္ေစဖို႔ သည္းခံေနတာျဖစ္ၿပီး ျပႆနာတစ္စုံတစ္ရာ ျဖစ္လာရင္ “တပ္မေတာ္ကို အဆိုးမဆိုနဲ႔” ဆိုၿပီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာခဲ့တာပါ။
“သူတို႔ေျပာတာကေတာ့ ထုံးစံအတိုင္းေပါ့ဗ်ာ။ လူမိုက္စကားေျပာေနတာလို႔ပဲ ရွင္းရွင္းလင္းလင္း ျမင္တယ္ဗ်၊ ဒါက ျမန္မာစစ္တပ္ကေနၿပီးေတာ့ သူတို႔ရဲ့လက္ သုံးစကား ျဖစ္တယ္ဗ်။ အဲဒီစကားမ်ိဳးကို အခုမွေျပာတာမဟုတ္ပါဘူး၊ အရင္လည္း အႀကိမ္ႀကိမ္ ေျပာၿပီးပါၿပီ။ အဲဒီစကားကို ေထာက္လို႔ရွိရင္ ျမန္မာစစ္တပ္ဟာ ေနာက္တစ္ႀကိမ္ ရခိုင္ျပည္မွာ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြ က်ဴးလြန္ဖို႔အတြက္ သူတို႔အစီအစဥ္ရွိေနၿပီဆိုတာကို ေဖာ္ျပေနတာ ျဖစ္တယ္လို႔ပဲ က်ေနာ္တို႔ကေတာ့ ျမင္တယ္ဗ်”
ရခိုင္ျပည္သူေတြအေပၚ အမွန္တကယ္ ငဲ့ညႇာတယ္ဆိုရင္ ျမန္မာစစ္တပ္ဟာ တစ္တိုင္းျပည္လုံး မီးေတာက္ေလာင္ေနေအာင္ လုပ္ေဆာင္မွာမဟုတ္သလို သမိုင္းတစ္ေလၽွာက္ စစ္တပ္က သည္းခံေနရတယ္ဆိုတာ မရွိခဲ့ဘူးလို႔လည္း ဦးခိုင္သုခက ေျပာပါတယ္။
ရကၡိဳင့္တပ္ေတာ္ (AA) နဲ႔ NUG နဲ႔ ေတြ႕ဆုံေဆြးေႏြးတဲ့အေပၚ စစ္တပ္အေနနဲ႔ ဒီအတိုင္းၾကည့္ေနမွာလား… ဆိုၿပီး သတင္းစာရွင္းလင္းပြဲမွာ သူရိယေနဝန္းသတင္းဌာနက ေမးျမန္းၿပီး ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။
“AA အေနနဲ႔က သူတို႔ေျပာတဲ့စကားေတြထဲမွာ ဘာေတြျဖစ္လာလဲဆိုေတာ့ တိုက္ပြဲကိုေခၚေနတဲ့ ပုံစံမ်ိဳး၊ လက္နက္ကိုင္ပဋိပကၡကို ေခၚေနတဲ့ ပုံစံမ်ိဳး က်ေနာ္တို႔ ေတြ႕လာရပါတယ္။ တိုင္းစစ္ဌာနခ်ဳပ္ေလာက္ကိုပဲ သူက ၿခိမ္းေျခာက္လာတဲ့ပုံစံမ်ိဳး ေတြ႕ရတယ္။ ဒီအခ်ိန္မွာ က်ေနာ္တို႔လုပ္ေနတာက၊ ထိန္းသိမ္းေနတာက ရခိုင္ျပည္သူလူထု ဒုကၡမေရာက္ေစခ်င္လို႔ ထိန္းသိမ္းေနတာမ်ိဳးပဲ ျဖစ္ပါတယ္။ စိတ္ရွည္ သည္းခံၿပီးေတာ့ ျပည္ေထာင္စုအတြက္၊ ၿငိမ္းခ်မ္းေရးအတြက္ လုပ္ေနတာ ျဖစ္ပါတယ္။ အဲဒီအတြက္ အခုျဖစ္ေနတဲ့ဟာေတြနဲ႔ ပတ္သက္ၿပီးေတာ့ ျပႆနာျဖစ္လာရင္ေတာ့ တပ္မေတာ္ကို အဆိုးမဆိုပါနဲ႔လို႔ပဲ က်ေနာ္ေျပာခ်င္ပါတယ္”
ၿပီးခဲ့တဲ့ ေမလ ၁၆ ရက္ေန႔က ဗိုလ္ခ်ဳပ္ထြန္းျမတ္နိုင္နဲ႔ ရကၡိဳင့္တပ္ေတာ္ (AA) ေခါင္းေဆာင္ေတြဟာ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG တာဝန္ရွိသူေတြနဲ႔ အြန္လိုင္းဗီဒီယိုစနစ္နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။ ဒါ့ျပင္ အာဏာသိမ္းစစ္ေခါင္းေဆာင္ရဲ့ ၿငိမ္းခ်မ္းေရးဖိတ္ေခၚခ်က္ကို AA အဖြဲ႕က အေၾကာင္းမျပန္ၾကားခဲ့သလို၊ ရခိုင္ျပည္နယ္မွာ စစ္ေဆးဖမ္းဆီးတာေတြ တိုးျမႇင့္လုပ္ေဆာင္ေနတဲ့အေပၚ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ထင္လတ္ဦးကို AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္နိုင္က တြစ္တာလူမႈကြန္ရက္ကေန သတိေပးခဲ့ပါတယ္။
AA အေနနဲ႔ အုပ္ခ်ဳပ္ေရးယႏၲရားေတြကို ဝင္ေရာက္ေႏွာင့္ယွက္တာေတြ ရွိေၾကာင္း၊ တရားစီရင္ေရးက႑ကိုလည္း AA ဆီမွာ တရားစီရင္ရမယ္ဆိုတာေတြရွိေၾကာင္း၊ ရိုဟင္ဂ်ာေတြနဲ႔ ေတြ႕ဆုံစည္း႐ုံးမႈေတြလည္း ဆယ္ႀကိမ္ထက္မနည္း လုပ္ေဆာင္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။ မိမိတို႔အေနနဲ႔ ၿငိမ္းခ်မ္းေရးလိုလားတဲ့အတြက္ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္နိုင္ရဲ့ ေယာက္ခမ ေတာ္စပ္သူ ဦးစံလွေက်ာ္ကို လူသားခ်င္းစာနာတဲ့ အေနနဲ႔ ဆြစ္ဇာလန္နိုင္ငံကို ထြက္ခြာခြင့္ေပးခဲ့တာလို႔လည္း ေျပာဆိုသြားပါတယ္။ RFA