ၾကားသိသမွ်

ငွေတိုက်စာချုပ် ကန်ဒေါ်လာ ၃၇ သန်းဖိုး ရောင်းချပြီးဟု NUG စီမံ/ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင် ပြော

ငွေတိုက်စာချုပ် ကန်ဒေါ်လာ ၃၇ သန်းဖိုး ရောင်းချပြီးဟု NUG စီမံ/ဘဏ္ဍာဝန်ကြီး ပြော

လက်ရှိအချိန်ထိ ငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာ ၃၇ သန်းဖိုး ရောင်းချနိုင်ခဲ့ပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။


မေ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောလိုက်တာဖြစ်ပြီး စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အနေနဲ့ တော်လှန်ရေးစတင်ကတည်းက ဘဏ္ဍာငွေရှာဖွေရေး အစီအစဉ်ကို ကြိုးစားပြီး ဆောင် ရွက်ခဲ့တာ ဖြစ်ကြောင်းနဲ့ ပထဦးဆုံး နွေဦးထီကို ဖွင့်လှစ်ရောင်းချတာ၊ ဒုတိယအနေနဲ့ တပြိုင်နက်ထဲမှာပဲ ပြည်ထောင်စုအခွန်အကောက် ဥပဒေနဲ့အညီ အခွန်တွေ ကောက်ခံတာ၊ တတိယအချက်အနေနဲ့ အားလုံးသိရှိပြီး ဖြစ်တဲ့ NUG အစိုးရ ငွေတိုက်စာချုပ်တွေကို ရောင်းချခဲ့တာလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်တွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့က စတင်ကာ ဥပဒေနဲ့အညီ ထုတ်ဝေရောင်းချနေတာ ဖြစ်ပါတယ်။

ငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန်အမျိုးအစား ၄ မျိုးနဲ့ အတိုးမဲ့ ထုတ်ဝေရောင်းချနေတာဖြစ်ပြီး တစ်ဦးချင်း၊ တစ်ယောက်ချင်း စိတ်ကြိုက် ဝယ်ယူနိုင်တဲ့အပြင် အစုအဖွဲ့လိုက် စုပေါင်း စပ်ပေါင်းလည်း ဝယ်ယူနိုင်ပါတယ်။


စာချုပ်သက်တမ်းကိုတော့ ၂ နှစ်သတ်မှတ်ထားကာ သက်တမ်းစေ့ရောက်တဲ့အချိန်မတိုင်ခင်မှာ တဆင့်ပြန်လည်လွှဲပြောင်း၊ ရောင်းချ၊ ဝယ်ယူခွင့်ပြုမှာမဟုတ်ဘဲ သက်တမ်းစေ့ပြီးနောက်မှသာ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

အခုလို အထူးငွေတိုက်စာချုပ်တွေကို တော်လှန်ရေးအစိုးရတရပ်က အတိုးမဲ့ ထုတ်ဝေ ရောင်းချတာဟာ ကမ္ဘာ့သမိုင်းမှာတော့ ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားတဲ့ မြန်မာပြည်သူတွေက စစ်အာ ဏာရှင်ကို အဆုံးစွန် ဆန့်ကျင်အာခံ တော်လှန်ခဲ့တဲ့ သမိုင်းမော်ကွန်းအဖြစ် ခမ်းနားစွာထင်ရှား ကျန်ရစ်ခဲ့မှာဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောထားပါတယ်။


လတ်တလောမှာတော့ NUG အစိုးရက အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ အမှတ် ၁၄ အင်းလျားလမ်း အဆောက်အအုံနဲ့ ခြံကို ရောင်းချနေပြီး သီတင်း ၂ ပတ်မပြည့်ခင်မှာပဲ အမေရိကန်ဒေါ်လာ ၅ သန်းဖိုး ရှယ်ယာရောင်းထားရပြီ ဖြစ်ကာ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အနေနဲ့ တော်လှန်ရေး စတင်ကတည်းက ဘဏ္ဍာရန်ပုံရှာဖွေမှုက အမေရိကန်ဒေါ်လာ ၄၂ သန်း လောက် ရရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ DVB

ေငြတိုက္စာခ်ဳပ္ ကန္ေဒၚလာ ၃၇ သန္းဖိုး ေရာင္းခ်ၿပီးဟု NUG စီမံ/ဘ႑ာဝန္ႀကီး ေျပာ

လက္ရွိအခ်ိန္ထိ ေငြတိုက္စာခ်ဳပ္ အေမရိကန္ေဒၚလာ ၃၇ သန္းဖိုး ေရာင္းခ်နိုင္ခဲ့ၿပီးျဖစ္တယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) ၊ စီမံကိန္း၊ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြန္းနိုင္က ေျပာပါတယ္။

ေမ ၁၈ ရက္က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ခုလိုေျပာလိုက္တာျဖစ္ၿပီး စီမံကိန္း၊ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈဝန္ႀကီးဌာန အေနနဲ႔ ေတာ္လွန္ေရးစတင္ကတည္းက ဘ႑ာေငြရွာေဖြေရး အစီအစဥ္ကို ႀကိဳးစားၿပီး ေဆာင္ ရြက္ခဲ့တာ ျဖစ္ေၾကာင္းနဲ႔ ပထဦးဆုံး ေႏြဦးထီကို ဖြင့္လွစ္ေရာင္းခ်တာ၊ ဒုတိယအေနနဲ႔ တၿပိဳင္နက္ထဲမွာပဲ ျပည္ေထာင္စုအခြန္အေကာက္ ဥပေဒနဲ႔အညီ အခြန္ေတြ ေကာက္ခံတာ၊ တတိယအခ်က္အေနနဲ႔ အားလုံးသိရွိၿပီး ျဖစ္တဲ့ NUG အစိုးရ ေငြတိုက္စာခ်ဳပ္ေတြကို ေရာင္းခ်ခဲ့တာလို႔ ဆိုပါတယ္။

အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)က ေႏြဦးေတာ္လွန္ေရး အထူးေငြတိုက္စာခ်ဳပ္ေတြကို ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္၊ နိုဝင္ဘာ ၂၂ ရက္ေန႔က စတင္ကာ ဥပေဒနဲ႔အညီ ထုတ္ေဝေရာင္းခ်ေနတာ ျဖစ္ပါတယ္။

ေငြတိုက္စာခ်ဳပ္ေတြကို အေမရိကန္ေဒၚလာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန္အမ်ိဳးအစား ၄ မ်ိဳးနဲ႔ အတိုးမဲ့ ထုတ္ေဝေရာင္းခ်ေနတာျဖစ္ၿပီး တစ္ဦးခ်င္း၊ တစ္ေယာက္ခ်င္း စိတ္ႀကိဳက္ ဝယ္ယူနိုင္တဲ့အျပင္ အစုအဖြဲ႕လိုက္ စုေပါင္း စပ္ေပါင္းလည္း ဝယ္ယူနိုင္ပါတယ္။

စာခ်ဳပ္သက္တမ္းကိုေတာ့ ၂ ႏွစ္သတ္မွတ္ထားကာ သက္တမ္းေစ့ေရာက္တဲ့အခ်ိန္မတိုင္ခင္မွာ တဆင့္ျပန္လည္လႊဲေျပာင္း၊ ေရာင္းခ်၊ ဝယ္ယူခြင့္ျပဳမွာမဟုတ္ဘဲ သက္တမ္းေစ့ၿပီးေနာက္မွသာ သတ္မွတ္စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ေဆာင္ရြက္ပိုင္ခြင့္ရွိမွာ ျဖစ္ပါတယ္။

အခုလို အထူးေငြတိုက္စာခ်ဳပ္ေတြကို ေတာ္လွန္ေရးအစိုးရတရပ္က အတိုးမဲ့ ထုတ္ေဝ ေရာင္းခ်တာဟာ ကမၻာ့သမိုင္းမွာေတာ့ ပထမဆုံးအႀကိမ္ျဖစ္လာခဲ့ၿပီး ဖက္ဒရယ္ဒီမိုကေရစီစနစ္ကို လိုလားတဲ့ ျမန္မာျပည္သူေတြက စစ္အာ ဏာရွင္ကို အဆုံးစြန္ ဆန႔္က်င္အာခံ ေတာ္လွန္ခဲ့တဲ့ သမိုင္းေမာ္ကြန္းအျဖစ္ ခမ္းနားစြာထင္ရွား က်န္ရစ္ခဲ့မွာျဖစ္တယ္လို႔ NUG ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြန္းနိုင္က ေျပာထားပါတယ္။

လတ္တေလာမွာေတာ့ NUG အစိုးရက အၾကမ္းဖက္စစ္ေခါင္းေဆာင္ရဲ့ အမွတ္ ၁၄ အင္းလ်ားလမ္း အေဆာက္အအုံနဲ႔ ၿခံကို ေရာင္းခ်ေနၿပီး သီတင္း ၂ ပတ္မျပည့္ခင္မွာပဲ အေမရိကန္ေဒၚလာ ၅ သန္းဖိုး ရွယ္ယာေရာင္းထားရၿပီ ျဖစ္ကာ စီမံကိန္း၊ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈဝန္ႀကီးဌာန အေနနဲ႔ ေတာ္လွန္ေရး စတင္ကတည္းက ဘ႑ာရန္ပုံရွာေဖြမႈက အေမရိကန္ေဒၚလာ ၄၂ သန္း ေလာက္ ရရွိခဲ့ၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။ DVB