တရုတ်အစိုးရအား ကန့်ကွက်သည့် ဆန္ဒပြပွဲ ပြည်ပရောက်မြန်မာနိုင်ငံသားများ ကမ္ဘာတစ်ဝန်း ပြုလုပ်မည်
ရန်ကုန်၊ မေ ၁၉
လူငယ့်ခေတ်
အကြမ်ဖက်အာဏာသိမ်း စစ်ကောင်စီကို အားပေးထောက်ခံမှု ပြုလုပ်နေသည့် တရုတ်အစိုးရအား ကန့်ကွက် သည့်ဆန္ဒပြပွဲကို ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ကမ္ဘာတစ်ဝန်း တစ်ပြိုင်တည်း ပြုလုပ်သွားရန်ရှိကြောင်း သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာအဖွဲ့များ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆန္ဒပြပွဲအား တောင်ကိုရီးယားရောက် မြန်မာအဖွဲ့အစည်း ၃၅ ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့် NUG Support Team Korea မှဦးဆောင်၍ မေလ ၂၁ ရက်တွင် ဆိုးလ်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ပြုလုပ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် မရိုးဖြောင့်မှုတွေ၊ လူသတ်အကြမ်းဖက် စစ်တပ်ကိုအားပေး၊ အားမြောက်ပြု လုပ်တာတွေအပေါ် ရှုံ့ချကြောင်းပြသသွားမှာ” ဟု NUG Support Team Koea အဖွဲ့ဝင်တစ်ဦးက လူငယ့်ခေတ်သို့ ပြော သည်။
ထို့ကြောင့် ယင်းဆန္ဒပြပွဲသို့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ တက်ရောက်ပူးပေါင်းရန်လည်း တိုက်တွန်းထားသည်။
ထို့ပြင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း မေလ ၂၀ ရက်တွင် တိုကျိုမြို့ရှိ တရုတ်သံရုံးရှေ့၌ တရုတ် အစိုးရအား ရှုံ့ချဆန္ဒပြပွဲ ပြုလုပ်ကာ ကန့်ကွက်စာကို တရုတ်သံရုံးသို့ စာတိုက်၊ မီဒီယာမှ တစ်ဆင့်ပေးပို့သွားမည် ဟု ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားကူညီရေးအဖွဲ့ (Japan Myanmar Help Network) က ထုတ်ပြန်ထားသည်။
အဆိုပါ ကန့်ကွက်ဆန္ဒပြပွဲအား ဂျပန်နှင့် တောင်ကိုရီးယားအပြင် အမေရိကန်၊ ယူကေ၊ သြစတေးယျ၊ ပြင်သစ်၊ နယ်သာလန်၊ ကနေဒါ၊ နော်ဝေး နိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း မေလ ၂၀ ရက်တွင်ပြုလုပ်ရန် စီစဥ်ထားကြောင်း သိရသည်။
ဧပြီလ ၁ ရက်က တရုတ်အစိုးရသည် စစ်ကောင်စီလက်အောက်ခံဖြစ်သည့် ဝဏ္ဏမောင်လွင်၏ ယင်းနိုင်ငံသို့ သွားရောက်သည့်ခရီးစဥ်တွင် နိုင်ငံခြားရေးဝန် ကြီး အဖြစ်အသိအမှတ်ပြု လက်ခံကြောင်းပြသခဲ့ပြီး စစ်ကောင်စီအား ကန်ဒဒေါ်လာ သန်း ၁၀၀ ထောက်ပံမည်ဟု ထုတ်ဖော်ပြောကြားခဲ့သေးသည်။
တရုတ်အစိုးရအား ကန့်ကွက်သည့် ဆန္ဒပြပွဲ ပြည်ပရောက်မြန်မာနိုင်ငံသားများ ကမ္ဘာတစ်ဝန်း ပြုလုပ်မည်
ရန်ကုန်၊ မေ ၁၉
လူငယ့်ခေတ်
အကြမ်ဖက်အာဏာသိမ်း စစ်ကောင်စီကို အားပေးထောက်ခံမှု ပြုလုပ်နေသည့် တရုတ်အစိုးရအား ကန့်ကွက် သည့်ဆန္ဒပြပွဲကို ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ကမ္ဘာတစ်ဝန်း တစ်ပြိုင်တည်း ပြုလုပ်သွားရန်ရှိကြောင်း သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာအဖွဲ့များ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆန္ဒပြပွဲအား တောင်ကိုရီးယားရောက် မြန်မာအဖွဲ့အစည်း ၃၅ ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့် NUG Support Team Korea မှဦးဆောင်၍ မေလ ၂၁ ရက်တွင် ဆိုးလ်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ပြုလုပ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် မရိုးဖြောင့်မှုတွေ၊ လူသတ်အကြမ်းဖက် စစ်တပ်ကိုအားပေး၊ အားမြောက်ပြု လုပ်တာတွေအပေါ် ရှုံ့ချကြောင်းပြသသွားမှာ” ဟု NUG Support Team Koea အဖွဲ့ဝင်တစ်ဦးက လူငယ့်ခေတ်သို့ ပြော သည်။
ထို့ကြောင့် ယင်းဆန္ဒပြပွဲသို့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ တက်ရောက်ပူးပေါင်းရန်လည်း တိုက်တွန်းထားသည်။
ထို့ပြင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း မေလ ၂၀ ရက်တွင် တိုကျိုမြို့ရှိ တရုတ်သံရုံးရှေ့၌ တရုတ် အစိုးရအား ရှုံ့ချဆန္ဒပြပွဲ ပြုလုပ်ကာ ကန့်ကွက်စာကို တရုတ်သံရုံးသို့ စာတိုက်၊ မီဒီယာမှ တစ်ဆင့်ပေးပို့သွားမည် ဟု ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားကူညီရေးအဖွဲ့ (Japan Myanmar Help Network) က ထုတ်ပြန်ထားသည်။
အဆိုပါ ကန့်ကွက်ဆန္ဒပြပွဲအား ဂျပန်နှင့် တောင်ကိုရီးယားအပြင် အမေရိကန်၊ ယူကေ၊ သြစတေးယျ၊ ပြင်သစ်၊ နယ်သာလန်၊ ကနေဒါ၊ နော်ဝေး နိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း မေလ ၂၀ ရက်တွင်ပြုလုပ်ရန် စီစဥ်ထားကြောင်း သိရသည်။
ဧပြီလ ၁ ရက်က တရုတ်အစိုးရသည် စစ်ကောင်စီလက်အောက်ခံဖြစ်သည့် ဝဏ္ဏမောင်လွင်၏ ယင်းနိုင်ငံသို့ သွားရောက်သည့်ခရီးစဥ်တွင် နိုင်ငံခြားရေးဝန် ကြီး အဖြစ်အသိအမှတ်ပြု လက်ခံကြောင်းပြသခဲ့ပြီး စစ်ကောင်စီအား ကန်ဒ
ဒေါ်လာ သန်း ၁၀၀ ထောက်ပံမည်ဟု ထုတ်ဖော်ပြောကြားခဲ့သေးသည်။