လောင်းကစားပြုလုပ်သူများထံမှ တစ်ယောက်ငါးသောင်းယူ၍ ရဲနှင့်စစ်သားများက ရုံးပိတ်ချိန်ထိ အာမခံလုပ်ပေးခဲ့ဟုဆို
မန္တလေး၊ မေ (၁၈)
လူငယ့်ခေတ်
မန္တလေးမြို့၌ ပြီးခဲ့သည့် မေလ (၁၅)ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် လောင်းကစားဝိုင်းတွင်ပါဝင်သူဟုဆိုသူ (၅၂) ဦး ကျော်ကိုတစ်ယောက် ငါးသောင်းကျပ်နှုန်းဖြင့် ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် အာမခံလုပ်ပေးခဲ့ကြောင်း မြို့ခံများထံက သိရသည်။
“ရဲတွေစစ်သားတွေရော တပျော်တပါးကြီး ညနေရုံးပိတ်တဲ့အချိန်ထိလုပ်ပေးနေတာ။ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေဆိုတပြုံးပြုံးနဲ့”ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက လူငယ်ခေတ်သို့ ပြောသည်။
အဆိုပါလောင်းကစားဝိုင်းတွင် ဖမ်းမိခဲ့သူများကို မေလ (၁၆) ရက်နေ့က ရုံးထုတ်ခဲ့ပြီး ညနေခင်းရုံးပိတ်ချိန်ကျော်သည်အထိ စစ်တပ်ကလုံခြုံရေးယူပြီး အာမခံလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၂) ကနောင်မင်းသားကြီးလမ်းပေါ်၌ ဖွင့်လှစ်ထားသည့်လောင်းကစားဝိုင်းကို ရပ်ကွက်က တိုင်တန်းသော်လည်း စစ်အုပ်စုက လာရောက်အရေးမယူခဲ့ကြောင်းသိရသည်။
ထို့နောက် မန္တလေးအခြေစိုက် သတင်းဌာနတစ်ခုက ပြည်သူ့အသံအနေဖြင့် တက်လာမှသာ စစ်အုပ်စုက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများကဆိုသည်။
စစ်အုပ်စုက လောင်းကစားပြုလုပ်နေသည်ဟုသံသယဝင်ခံရသူ အမျိုးသား (၄၅)ဦးနှင့် အမျိုးသမီး(၇)ဦး၊ စုစုပေါင်း (၅၂)ဦးကို ဆိုင်ကယ် (၁၈)စီး၊ ငွေကျပ် (၂၄) သိန်းကျော်နှင့်အတူ လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းခဲ့ကြောင်းနှင့် ၎င်းတို့ကို လောင်းကစားဥပဒေများဖြင့်အရေးယူမည်ဟု ထုတ်ပြန်ခဲ့သည်။
ဥပဒေအရ ၎င်းတို့ကို တပ်သည့် ပုဒ်မများအလိုက် အားမခံပေး၍ရသည့် ပုဒ်မများလည်းရှိသကဲ့သို့ အာမခံပေး၍ မရသည့် ပုဒ်မများလည်းရှိကြောင်း ရှေ့နေ အသိုင်းအဝိုင်းမှ သိရသည်။
Zawgyi
ေလာင္းကစားျပဳလုပ္သူမ်ားထံမွ တစ္ေယာက္ငါးေသာင္းယူ၍ ရဲႏွင့္စစ္သားမ်ားက ႐ုံးပိတ္ခ်ိန္ထိ အာမခံလုပ္ေပးခဲ့ဟုဆို
မႏၲေလး၊ ေမ (၁၈)
လူငယ့္ေခတ္
မႏၲေလးၿမိဳ႕၌ ၿပီးခဲ့သည့္ ေမလ (၁၅)ရက္ေန႔က ဖမ္းဆီးခံခဲ့ရသည့္ ေလာင္းကစားဝိုင္းတြင္ပါဝင္သူဟုဆိုသူ (၅၂) ဦး ေက်ာ္ကိုတစ္ေယာက္ ငါးေသာင္းက်ပ္ႏႈန္းျဖင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တရား႐ုံးတြင္ အာမခံလုပ္ေပးခဲ့ေၾကာင္း ၿမိဳ႕ခံမ်ားထံက သိရသည္။
“ရဲေတြစစ္သားေတြေရာ တေပ်ာ္တပါးႀကီး ညေန႐ုံးပိတ္တဲ့အခ်ိန္ထိလုပ္ေပးေနတာ။ ရာအိမ္မႉး၊ ဆယ္အိမ္မႉးေတြဆိုတျပဳံးျပဳံးနဲ႔”ဟု မ်က္ျမင္ေတြ႕ရွိခဲ့သူတစ္ဦးက လူငယ္ေခတ္သို႔ ေျပာသည္။
အဆိုပါေလာင္းကစားဝိုင္းတြင္ ဖမ္းမိခဲ့သူမ်ားကို ေမလ (၁၆) ရက္ေန႔က ႐ုံးထုတ္ခဲ့ၿပီး ညေနခင္း႐ုံးပိတ္ခ်ိန္ေက်ာ္သည္အထိ စစ္တပ္ကလုံျခဳံေရးယူၿပီး အာမခံလုပ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ စက္မႈ(၂) ကေနာင္မင္းသားႀကီးလမ္းေပၚ၌ ဖြင့္လွစ္ထားသည့္ေလာင္းကစားဝိုင္းကို ရပ္ကြက္က တိုင္တန္းေသာ္လည္း စစ္အုပ္စုက လာေရာက္အေရးမယူခဲ့ေၾကာင္းသိရသည္။
ထို႔ေနာက္ မႏၲေလးအေျခစိုက္ သတင္းဌာနတစ္ခုက ျပည္သူ႔အသံအေနျဖင့္ တက္လာမွသာ စစ္အုပ္စုက လာေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း ၿမိဳ႕ခံမ်ားကဆိုသည္။
စစ္အုပ္စုက ေလာင္းကစားျပဳလုပ္ေနသည္ဟုသံသယဝင္ခံရသူ အမ်ိဳးသား (၄၅)ဦးႏွင့္ အမ်ိဳးသမီး(၇)ဦး၊ စုစုေပါင္း (၅၂)ဦးကို ဆိုင္ကယ္ (၁၈)စီး၊ ေငြက်ပ္ (၂၄) သိန္းေက်ာ္ႏွင့္အတူ ေလာင္းကစားျပဳလုပ္ရာတြင္အသုံးျပဳသည့္ ဆက္စပ္ပစၥည္းအခ်ိဳ႕ကို သိမ္းဆည္းခဲ့ေၾကာင္းႏွင့္ ၎တို႔ကို ေလာင္းကစားဥပေဒမ်ားျဖင့္အေရးယူမည္ဟု ထုတ္ျပန္ခဲ့သည္။
ဥပေဒအရ ၎တို႔ကို တပ္သည့္ ပုဒ္မမ်ားအလိုက္ အားမခံေပး၍ရသည့္ ပုဒ္မမ်ားလည္းရွိသကဲ့သို႔ အာမခံေပး၍ မရသည့္ ပုဒ္မမ်ားလည္းရွိေၾကာင္း ေရွ႕ေန အသိုင္းအဝိုင္းမွ သိရသည္။