ၾကားသိသမွ်

NUG ဝန်ကြီးဦးတင့်ထွန်းနိုင် မှ မပန်ဆယ်လိုကိစ္စနဲ့ ပတ်သက်ပြီးပြန်လည်တောင်းပန်ထား🆗👏

NUG ဝန်ကြီးဦးတင့်ထွန်းနိုင် မှ မပန်ဆယ်လိုအားပြန်လည်တောင်းပန်ထား🆗👏

May-18

မအိပန်ဆယ်လို က NUG ငွေတိုက်စာချုပ် ကိုယ်စားလှယ်အဖြစ် ကနေ နုတ်ထွက်ကြောင်း ထုတ်ပြန်လိုက်တဲ့ အပေါ် NUG စီမံ/ဘဏ္ဍာ/ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်ကနေ ပြည်သူကို အနူး အညွတ် တောင်းပန်ကြောင်း တော်လှန်ပြည်သူများကို ပြောကြားလိုက်ပါတယ် ။

မနေ့က မပန်ဆယ်လို တင်လိုက်တဲ့ပို့စ်နဲ့စပ်လျဉ်းပြီး “ငွေကြေး “ အရှုပ်အရှင်းဖြစ်လို့ သူ့ကို ငွေတိုက်စာချုပ် အရောင်းကိုယ်စားလှယ်အဖြစ်ကနေ ရပ်စဲခံရသယောင် တဖက်အုပ်စုက ထိုးချစွပ်စွဲတဲ့ပို့စ်တွေ တက်လာ တာတွေ့မိပါတယ်။

အဲဒါ မမှန်ပါဘူး။ မပန်ဆယ်လို ကူညီအားဖြည့်ရောင်းချပေးခဲ့တဲ့ ငွေတိုက်စာချုပ်ရောင်းရငွေအားလုံး တစ်ပြားမကျန် ကောင်းမွန်စွာ အပြည့်အဝ လက်ခံရရှိပါတယ်။

မနေ့က ဖြစ်ပျက်သွားတဲ့ အခြေအနေဟာ တကယ်တော့ နားလည်မှုလွဲမှားရာကနေ ပေါ်ပေါက်ခဲ့တာပါ။ ဒါနဲ့စပ်လျဉ်းပြီး သူနဲ့ကျနော်လည်း မနေ့က နှစ်ကြိမ်တိုင်တိုင် ဆက်သွယ်ဆွေးနွေး ညှိနှိုင်းအဖြေရှာခဲ့ပြီး ဖြစ်ပါတယ်။

အစစအရာရာ စိတ်ပန်းကိုယ်နွမ်း ခက်ခဲနေကြချိန်မှာ ကျနော့်ရဲ့အားနည်းချက်ကြောင့် တော်လှန်ပြည်သူတွေ စိတ်နှလုံး မချမ်းမမြေ့ဖြစ်ကြရရင်အနူးအညွှတ်တောင်းပန်အပ်ပါတယ်။

အလားတူ ကိစ္စရပ်တွေ ထပ်မံဖြစ်ပွားခြင်းမရှိစေရအောင်လည်းကျနော့်အနေနဲ့ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားပါ့မယ်။
ကျနော်တို့ရဲ့ တော်လှန်တွဲလက်တွေ မြဲမြံခိုင်မာ၊ ပန်းတိုင်ရောက်သည်အထိပေါ့။

ဆိုပြီး  ပြောကြားထားပါတယ် ။

NUG ဝန္ႀကီးဦးတင့္ထြန္းနိုင္ မွ မပန္ဆယ္လိုအားျပန္လည္ေတာင္းပန္ထား🆗👏

May-18

မအိပန္ဆယ္လို က NUG ေငြတိုက္စာခ်ဳပ္ ကိုယ္စားလွယ္အျဖစ္ ကေန ႏုတ္ထြက္ေၾကာင္း ထုတ္ျပန္လိုက္တဲ့ အေပၚ NUG စီမံ/ဘ႑ာ/ရင္းႏွီးျမႇုပ္ႏွံမႈ ဝန္ႀကီး ဦးတင္ထြန္းနိုင္ကေန ျပည္သူကို အႏူး အညြတ္ ေတာင္းပန္ေၾကာင္း ေတာ္လွန္ျပည္သူမ်ားကို ေျပာၾကားလိုက္ပါတယ္ ။

မေန႔က မပန္ဆယ္လို တင္လိုက္တဲ့ပို႔စ္နဲ႔စပ္လ်ဥ္းၿပီး “ေငြေၾကး “ အရႈပ္အရွင္းျဖစ္လို႔ သူ႔ကို ေငြတိုက္စာခ်ဳပ္ အေရာင္းကိုယ္စားလွယ္အျဖစ္ကေန ရပ္စဲခံရသေယာင္ တဖက္အုပ္စုက ထိုးခ်စြပ္စြဲတဲ့ပို႔စ္ေတြ တက္လာ တာေတြ႕မိပါတယ္။

အဲဒါ မမွန္ပါဘူး။ မပန္ဆယ္လို ကူညီအားျဖည့္ေရာင္းခ်ေပးခဲ့တဲ့ ေငြတိုက္စာခ်ဳပ္ေရာင္းရေငြအားလုံး တစ္ျပားမက်န္ ေကာင္းမြန္စြာ အျပည့္အဝ လက္ခံရရွိပါတယ္။

မေန႔က ျဖစ္ပ်က္သြားတဲ့ အေျခအေနဟာ တကယ္ေတာ့ နားလည္မႈလြဲမွားရာကေန ေပၚေပါက္ခဲ့တာပါ။ ဒါနဲ႔စပ္လ်ဥ္းၿပီး သူနဲ႔က်ေနာ္လည္း မေန႔က ႏွစ္ႀကိမ္တိုင္တိုင္ ဆက္သြယ္ေဆြးေႏြး ညႇိႏွိုင္းအေျဖရွာခဲ့ၿပီး ျဖစ္ပါတယ္။

အစစအရာရာ စိတ္ပန္းကိုယ္ႏြမ္း ခက္ခဲေနၾကခ်ိန္မွာ က်ေနာ့္ရဲ့အားနည္းခ်က္ေၾကာင့္ ေတာ္လွန္ျပည္သူေတြ စိတ္ႏွလုံး မခ်မ္းမေျမ့ျဖစ္ၾကရရင္အႏူးအညႊတ္ေတာင္းပန္အပ္ပါတယ္။

အလားတူ ကိစၥရပ္ေတြ ထပ္မံျဖစ္ပြားျခင္းမရွိေစရေအာင္လည္းက်ေနာ့္အေနနဲ႔ အစြမ္းကုန္ႀကိဳးစားေဆာင္ရြက္သြားပါ့မယ္။
က်ေနာ္တို႔ရဲ့ ေတာ္လွန္တြဲလက္ေတြ ျမဲၿမံခိုင္မာ၊ ပန္းတိုင္ေရာက္သည္အထိေပါ့။

ဆိုၿပီး ေတာ္လွန္ျပည္သူမ်ားကို ေျပာၾကားထားပါတယ္ ။ credit