ၾကားသိသမွ်

အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်သည့် ကျောက်မျက်ရတနာပြပွဲများတွင် ဝယ်ယူသူများကို ခိုးရာပါ ပစ္စည်း လက်ခံမှုဖြင့် အမှုဖွင့်မည်

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်နေသည့် ကျောက်မျက်ရတနာပြပွဲတွင် ဝယ်ယူသူများ ဝယ်ယူခဲ့စဉ်က ပေးချေခဲ့သည့် တန်ဖိုး နှစ်ဆ

အား ပြန်လည်ပေးလျော်ရမည်ဖြစ်ပြီး ခိုးရာပါပစ္စည်း လက်ခံမှုဖြင့် အမှုဖွင့်မည်ဖြစ်ကြောင်း NUG၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်

ထိန်းသိမ်းရေးဝန်ကြီးဌာနက ယနေ့မေလ(၁၈)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းတို့

မှ ဦးစီးကျင်းပသည့် ရတနာပြပွဲများတွင် နိုင်ငံပိုင် ကျောက်မျက်ရတနာ၊ လက်ဝတ်ရတနာနှင့် ပုလဲအတွဲများကို တင်ပြရောင်းချခြင်းတွင်

အဓိကတာဝန်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုဖြင့် အရေးယူခြင်းကိုလည်း လုပ်ဆောင်

မည်ဟု ဆိုသည်။

ပြပွဲတွင် တင်ပြရောင်းချခြင်းနှင့် ဝယ်ယူခြင်းများဆောင်ရွက်ခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီများနှင့် အရောင်းဆိုင်များကိုလည်း မှတ်တမ်းထားရှိ

ပြီး အမည်ပျက်စာရင်းသွင်းခြင်းနှင့် လုပ်ငန်း လုပ်ကိုင်ခွင့် ပိတ်သိမ်းခြင်တို့ဖြင့် အရေးယူသွားမည်ဖြစ်သည်။ crd;TNA

ပုံအညွှန်း – (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲက ပုံများ

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်နေသည့် ကျောက်မျက်ရတနာပြပွဲတွင် ဝယ်ယူသူများ ဝယ်ယူခဲ့စဉ်က ပေးချေခဲ့သည့် တန်ဖိုး နှစ်ဆ

အား ပြန်လည်ပေးလျော်ရမည်ဖြစ်ပြီး ခိုးရာပါပစ္စည်း လက်ခံမှုဖြင့် အမှုဖွင့်မည်ဖြစ်ကြောင်း NUG၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်

ထိန်းသိမ်းရေးဝန်ကြီးဌာနက ယနေ့မေလ(၁၈)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းတို့

မှ ဦးစီးကျင်းပသည့် ရတနာပြပွဲများတွင် နိုင်ငံပိုင် ကျောက်မျက်ရတနာ၊ လက်ဝတ်ရတနာနှင့် ပုလဲအတွဲများကို တင်ပြရောင်းချခြင်းတွင်

အဓိကတာဝန်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုဖြင့် အရေးယူခြင်းကိုလည်း လုပ်ဆောင်

မည်ဟု ဆိုသည်။

ပြပွဲတွင် တင်ပြရောင်းချခြင်းနှင့် ဝယ်ယူခြင်းများဆောင်ရွက်ခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီများနှင့် အရောင်းဆိုင်များကိုလည်း မှတ်တမ်းထားရှိ

ပြီး အမည်ပျက်စာရင်းသွင်းခြင်းနှင့် လုပ်ငန်း လုပ်ကိုင်ခွင့် ပိတ်သိမ်းခြင်တို့ဖြင့် အရေးယူသွားမည်ဖြစ်သည်။crd;TNA