NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ရဲ့ နွားထိုးကြီးမြို့ကနေအိမ် မီးရှို့ခံရ
MFP ၊ မေ – ၁၈
မန္တလေးတိုင်း နွားထိုးကြီးမြို့ အမှတ်(၃)ရပ်ကွက်မှာရှိတဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ရဲ့ နေအိမ်ကို မနေ့က ည(၁၂)နာရီလောက်မှာ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီလို မီးရှို့ခံရတာကြောင့် အိမ်နောက်ဖက်က ပန်းထိမ်ဖိုမီးလောင်ပျက်စီးခဲ့ပြီး ကပ်လျက်ရှိတဲ့ အခြားနေအိမ်တစ်လုံးလည်း မီးလောင်သွားခဲ့ရတယ်လို့ ဆိုပါတယ်။
မီးရှို့ပြီးနောက် သေနတ်ပစ်ဖောက်သံတွေလည်း ကြားရပြီး စစ်အုပ်စုဖက်က ရှို့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။
အရင်ကလည်း ဦးနိုင်ထူးအောင်ရဲ့နေအိမ်အနီး ညဘက်တွေမှာ ဗုံးလာချခံရတာ၊ ဓာတ်ဆီဖျန်းခံရတာတွေ ရှိတာကြောင့် မိသားစုလိုက် တိမ်းရှောင်နေကြရပြီး မီးရှို့ခံရတဲ့အချိန်မှာ လူမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
” မီးရှို့မယ် မီးရှို့မယ်နဲ့ သတင်းထွက်နေတာကြာပြီ၊ အိမ်နီးနားချင်းတချို့ဆို ခုရက်ပိုင်း စခတွေက မီးရှို့မယ်ကြားလို့ ရှောင်နေကြတာ ” လို့ နွားထိုးကြီးသတင်းစုံက ဖော်ပြထားပါတယ်။
ဦးနိုင်ထူးအောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတို့မှာ အနိုင်ရရှိခဲ့ပြီးနောက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အတွင်းဝန်အဖြစ် တာဝန်ယူနေတယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ ဒီရက်ပိုင်း နွားထိုးကြီးနယ်ထဲမှာ သောင်းကျန်းနေကြပြီး ပြီးခဲ့တဲ့ မေလ (၁၄)ရက်မှာ နနွင်းတော်ဘိုးရွာက ပြည်သူသုံးဦးကို ဖမ်းဆီးစစ်ဆေးပြီး နှစ်ဦးကို ပြန်လွှတ်ကာ တစ်ဦးကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။
မေလ (၁၅)ရက်မှာလည်း မကျီးကန်ရွာအနောက်ဘက်က တဲသုံးလုံးကို စစ်အုပ်စုအင်အား (၃၀)လောက်ဟာ ဆိုင်ကယ်(၁၅)စီးနဲ့ လာပြီး မီးရှို့ဖျက်ဆီးသွားတယ်လို့ နွားထိုးကြီးဂျာနယ်က ဖော်ပြထားပါတယ်။
ဒါ့အပြင် ကျေးရွာအချို့က စာသင်ကျောင်းတွေမှာလည်း စစ်အုပ်စုဟာ တပ်စွဲနေထိုင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒီမနက်ပိုင်းမှာလည်း ဗောဓိကုန်း၊ ညောင်ကုန်း၊ ရုန်းပင်ကုန်းကျေးရွာတို့ကို ဒီမနက် (၆)နာရီလောက်မှာ စစ်အုပ်စုက ဝင်ရောက်ရမ်းကားပြီး ပြည်သူ (၈) ဦးကို ဖမ်းဆီးသွားတယ်လို့လည်း နွားထိုးကြီးဂျာနယ်က ဖော်ပြထားပါတယ်။
NUG ကာကြယ္ေရးဝန္ႀကီးဌာန အတြင္းဝန္ ဦးနိုင္ထူးေအာင္ရဲ့ ႏြားထိုးႀကီးၿမိဳ႕ကေနအိမ္ မီးရွို႔ခံရ
MFP ၊ ေမ – ၁၈
မႏၲေလးတိုင္း ႏြားထိုးႀကီးၿမိဳ႕ အမွတ္(၃)ရပ္ကြက္မွာရွိတဲ့ NUG ကာကြယ္ေရးဝန္ႀကီးဌာန အတြင္းဝန္ ဦးနိုင္ထူးေအာင္ရဲ့ ေနအိမ္ကို မေန႔က ည(၁၂)နာရီေလာက္မွာ မီးရွို႔ခံခဲ့ရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
အဲဒီလို မီးရွို႔ခံရတာေၾကာင့္ အိမ္ေနာက္ဖက္က ပန္းထိမ္ဖိုမီးေလာင္ပ်က္စီးခဲ့ၿပီး ကပ္လ်က္ရွိတဲ့ အျခားေနအိမ္တစ္လုံးလည္း မီးေလာင္သြားခဲ့ရတယ္လို႔ ဆိုပါတယ္။
မီးရွို႔ၿပီးေနာက္ ေသနတ္ပစ္ေဖာက္သံေတြလည္း ၾကားရၿပီး စစ္အုပ္စုဖက္က ရွို႔တာျဖစ္နိုင္တယ္လို႔ ေဒသခံေတြက ယူဆၾကပါတယ္။
အရင္ကလည္း ဦးနိုင္ထူးေအာင္ရဲ့ေနအိမ္အနီး ညဘက္ေတြမွာ ဗုံးလာခ်ခံရတာ၊ ဓာတ္ဆီဖ်န္းခံရတာေတြ ရွိတာေၾကာင့္ မိသားစုလိုက္ တိမ္းေရွာင္ေနၾကရၿပီး မီးရွို႔ခံရတဲ့အခ်ိန္မွာ လူမရွိဘူးလို႔ ေဒသခံေတြက ဆိုပါတယ္။
” မီးရွို႔မယ္ မီးရွို႔မယ္နဲ႔ သတင္းထြက္ေနတာၾကာၿပီ၊ အိမ္နီးနားခ်င္းတခ်ိဳ႕ဆို ခုရက္ပိုင္း စခေတြက မီးရွို႔မယ္ၾကားလို႔ ေရွာင္ေနၾကတာ ” လို႔ ႏြားထိုးႀကီးသတင္းစုံက ေဖာ္ျပထားပါတယ္။
ဦးနိုင္ထူးေအာင္ဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီရဲ့ ႏြားထိုးႀကီးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ၂၀၁၅ ေရြးေကာက္ပြဲနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲတို႔မွာ အနိုင္ရရွိခဲ့ၿပီးေနာက္ စစ္အာဏာသိမ္းမႈေနာက္ပိုင္း ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ(CRPH) အဖြဲ႕ဝင္အျဖစ္ ပါဝင္ခဲ့ၿပီး လက္ရွိမွာ အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG) ကာကြယ္ေရးဝန္ႀကီးဌာနရဲ့ အတြင္းဝန္အျဖစ္ တာဝန္ယူေနတယ္လို႔ သိရပါတယ္။
စစ္အုပ္စုဟာ ဒီရက္ပိုင္း ႏြားထိုးႀကီးနယ္ထဲမွာ ေသာင္းက်န္းေနၾကၿပီး ၿပီးခဲ့တဲ့ ေမလ (၁၄)ရက္မွာ နႏြင္းေတာ္ဘိုးရြာက ျပည္သူသုံးဦးကို ဖမ္းဆီးစစ္ေဆးၿပီး ႏွစ္ဦးကို ျပန္လႊတ္ကာ တစ္ဦးကိုေတာ့ ဖမ္းဆီးထားဆဲျဖစ္တယ္လို႔ သိရပါတယ္။
ေမလ (၁၅)ရက္မွာလည္း မက်ီးကန္ရြာအေနာက္ဘက္က တဲသုံးလုံးကို စစ္အုပ္စုအင္အား (၃၀)ေလာက္ဟာ ဆိုင္ကယ္(၁၅)စီးနဲ႔ လာၿပီး မီးရွို႔ဖ်က္ဆီးသြားတယ္လို႔ ႏြားထိုးႀကီးဂ်ာနယ္က ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ ေက်းရြာအခ်ိဳ႕က စာသင္ေက်ာင္းေတြမွာလည္း စစ္အုပ္စုဟာ တပ္စြဲေနထိုင္ေနဆဲျဖစ္တယ္လို႔ ေဒသခံေတြက ဆိုၾကပါတယ္။
ဒီမနက္ပိုင္းမွာလည္း ေဗာဓိကုန္း၊ ေညာင္ကုန္း၊ ႐ုန္းပင္ကုန္းေက်းရြာတို႔ကို ဒီမနက္ (၆)နာရီေလာက္မွာ စစ္အုပ္စုက ဝင္ေရာက္ရမ္းကားၿပီး ျပည္သူ (၈) ဦးကို ဖမ္းဆီးသြားတယ္လို႔လည္း ႏြားထိုးႀကီးဂ်ာနယ္က ေဖာ္ျပထားပါတယ္။